MLS Messi

မက်ဆီက မေဂျာလိဂ်ကို ဆိုးရွားတဲ့ပုံပေါက်အောင်လုပ်နေတယ်ဆိုတဲ့ မှတ်ချက်ကို တုံ့ပြန်ခဲ့တဲ့ ယူအက်စ်အေကြယ်ပွင့်ဟောင်း

ယူအက်စ်အေကြယ်ပွင့်နောက်ခံကစားသမားဟောင်း အလက်ဆီ လာလက်စ်က လီယွန်နယ် မက်ဆီရဲ့ အင်တာ မိုင်ယာမီက အောင်မြင်မှုဟာ မေဂျာလိဂ်ရဲ့ အရည်အသွေးကို ညွှန်ပြနေတာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့လမှာ အင်တာ မိုင်ယာမီကို ပြောင်းရွှေ့လာပြီးကတည်းက ချက်ချင်း ခြေစွမ်းပြသနေခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ၉ ပွဲမှာ သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒေးဗစ် ဘက်ဟမ်းရဲ့ အင်တာမိုင်ယာမီဟာ မက်ဆီ မရောက်လာခင်တုန်းက ၆ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး အာဂျင်တီးနားဂန္တဝင် ရောက်လာပြီးမှ နောက်ဆုံးကစားခဲ့တဲ့ ၉ ပွဲစလုံးမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားကြယ်ပွင့်က အင်တာ မိုင်ယာမီကို ပထမဆုံးသော ဆုဖလား ရရှိအောင် ပြီးခဲ့တဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာ အနိုင်ရရှိအောင် ကူညီပေးခဲ့ပြီး စနေနေ့ည နယူးယောက်ရက်ဘူးကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်း မေဂျာလိဂ်ပွဲဦးထွက်အဖြစ် ပါဝင်ကစားပေးပြီး ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီရဲ့ အမေရိကားမှာ အောင်မြင်မှုက မေဂျာလိဂ်လို လိဂ်အဆင့်အတန်းမျိုးမှာဖြစ်တာကြောင့် အများစုအတွက် အံ့အားသင့်စရာမဟုတ်ခဲ့တာဖြစ်ပြီး ပရိသတ်တစ်ဦးက အာဂျင်တီးနားကြယ်ပွင့်ဟာ နယူးယောက် ရက်ဘူးနဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် မေဂျာလိဂ်ကို ညံ့ဖျင်းတဲ့လိဂ်ဖြစ်အောင် ပြုလုပ်နေတာဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အမေရိကန်လက်ရွေးစင်နောက်ခံကစားသမားဟောင်း အလက်ဆီ လာလက်စ်ကို အဲဒီပရိသတ်က “သူ(မက်ဆီ)က မေဂျာလိဂ်ကို ဆိုးရွားတဲ့ပုံစံပေါက်အောင် လုပ်မှာကို ခင်ဗျား မစိုးရိမ်ဘူးလား။ အမှတ်ပေးဇယားအောက်ခြေက အသင်းကို ပူးပေါင်းခဲ့ပြီး အခု သူတို့က အနိုင်ယူလို့မရနိုင်တဲ့အသင်းဖြစ်နေပြီ။ အဲဒါက လိဂ်ရဲ့ အရည်အသွေးက စုတ်ပြတ်သပ်နေတဲ့ပုံဖြစ်အောင် လုပ်နေတာ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လာလက်စ်က မေဂျာလိဂ်ကို မက်ဆီက ဆိုးရွားတဲ့လိဂ်ပုံစံပေါက်အောင် လုပ်နေတာမဟုတ်ဘဲ ပရိသတ်တွေအနေနဲ့ အာဂျင်တီးနားကြယ်ပွင့် အမေရိကန်မြေမှာ ကစားတာကို ကြည့်ရှုခွင့်ရတာကိုပဲ ပျော်ရွှင်နှစ်သက်သင့်တယ်လို့ ယုံကြည်နေပြီး ယူအက်စ်အေကြယ်ပွင့်ဟောင်းက အရင်တုန်းက အခြားနာမည်ကြီးကစားသမားတွေ လိဂ်မှာ ရုန်းကန်ခဲ့ရတာကို ထောက်ပြခဲ့တာဖြစ်ပါတယ်။

“မစိုးရိမ်ပါဘူး။ အဲဒါက အရမ်းကောင်းပါတယ်။ အဲဒါက သွင်းဂိုးတွေပါ။ အဲဒါက မက်ဆီပါ။ အဲဒါကို ပျော်ရွှင်ခံစားပါ။ မေဂျာလိဂ်အပေါ်မှာ သူ့ရဲ့ အောင်မြင်မှုကို အကြောင်းပြချက်တစ်ခုအနေနဲ့ အသုံးချင်နေတဲ့သူတွေက သူတို့ရဲ့ ပျော်ရွှင်မှုတွေကို သူတို့ကိုယ်တိုင် ဖျက်ဆီးနေတာပါ။ ခင်ဗျားက အဲဒီလိုလူမျိုးဆိုရင် သွင်းဂိုးတိုင်းအတွက် နောက်တန်းတွေကို အပြစ်တင်နိုင်တာပေါ့။ ကြယ်ပွင့်ကစားသမားအများအပြားလည်း မေဂျာလိဂ်ကို လာခဲ့ပြီး မလွှမ်းမိုးနိုင်ခဲ့ကြပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယူအက္စ္ေအၾကယ္ပြင့္ေနာက္ခံကစားသမားေဟာင္း အလက္ဆီ လာလက္စ္က လီယြန္နယ္ မက္ဆီရဲ႕ အင္တာ မိုင္ယာမီက ေအာင္ျမင္မႈဟာ ေမဂ်ာလိဂ္ရဲ႕ အရည္အေသြးကို ၫႊန္ျပေနတာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ၿပီးခဲ့တဲ့လမွာ အင္တာ မိုင္ယာမီကို ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ခ်က္ခ်င္း ေျခစြမ္းျပသေနခဲ့သူျဖစ္ၿပီး ၿပိဳင္ပြဲစုံ ၉ ပြဲမွာ သြင္းဂိုး ၁၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ေဒးဗစ္ ဘက္ဟမ္းရဲ႕ အင္တာမိုင္ယာမီဟာ မက္ဆီ မေရာက္လာခင္တုန္းက ၆ ပြဲဆက္ ႏိုင္ပြဲ ေပ်ာက္ဆုံးေနခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားဂႏၲဝင္ ေရာက္လာၿပီးမွ ေနာက္ဆုံးကစားခဲ့တဲ့ ၉ ပြဲစလုံးမွာ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားၾကယ္ပြင့္က အင္တာ မိုင္ယာမီကို ပထမဆုံးေသာ ဆုဖလား ရရွိေအာင္ ၿပီးခဲ့တဲ့ လိဂ္ဖလားဗိုလ္လုပြဲမွာ အႏိုင္ရရွိေအာင္ ကူညီေပးခဲ့ၿပီး စေနေန႔ည နယူးေယာက္ရက္ဘူးကို ၂-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာလည္း ေမဂ်ာလိဂ္ပြဲဦးထြက္အျဖစ္ ပါဝင္ကစားေပးၿပီး ဂိုးသြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

မက္ဆီရဲ႕ အေမရိကားမွာ ေအာင္ျမင္မႈက ေမဂ်ာလိဂ္လို လိဂ္အဆင့္အတန္းမ်ိဳးမွာျဖစ္တာေၾကာင့္ အမ်ားစုအတြက္ အံ့အားသင့္စရာမဟုတ္ခဲ့တာျဖစ္ၿပီး ပရိသတ္တစ္ဦးက အာဂ်င္တီးနားၾကယ္ပြင့္ဟာ နယူးေယာက္ ရက္ဘူးနဲ႔ပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ေမဂ်ာလိဂ္ကို ညံ့ဖ်င္းတဲ့လိဂ္ျဖစ္ေအာင္ ျပဳလုပ္ေနတာျဖစ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အေမရိကန္လက္ေ႐ြးစင္ေနာက္ခံကစားသမားေဟာင္း အလက္ဆီ လာလက္စ္ကို အဲဒီပရိသတ္က “သူ(မက္ဆီ)က ေမဂ်ာလိဂ္ကို ဆိုး႐ြားတဲ့ပုံစံေပါက္ေအာင္ လုပ္မွာကို ခင္ဗ်ား မစိုးရိမ္ဘူးလား။ အမွတ္ေပးဇယားေအာက္ေျခက အသင္းကို ပူးေပါင္းခဲ့ၿပီး အခု သူတို႔က အႏိုင္ယူလို႔မရႏိုင္တဲ့အသင္းျဖစ္ေနၿပီ။ အဲဒါက လိဂ္ရဲ႕ အရည္အေသြးက စုတ္ျပတ္သပ္ေနတဲ့ပုံျဖစ္ေအာင္ လုပ္ေနတာ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လာလက္စ္က ေမဂ်ာလိဂ္ကို မက္ဆီက ဆိုး႐ြားတဲ့လိဂ္ပုံစံေပါက္ေအာင္ လုပ္ေနတာမဟုတ္ဘဲ ပရိသတ္ေတြအေနနဲ႔ အာဂ်င္တီးနားၾကယ္ပြင့္ အေမရိကန္ေျမမွာ ကစားတာကို ၾကည့္ရႈခြင့္ရတာကိုပဲ ေပ်ာ္႐ႊင္ႏွစ္သက္သင့္တယ္လို႔ ယုံၾကည္ေနၿပီး ယူအက္စ္ေအၾကယ္ပြင့္ေဟာင္းက အရင္တုန္းက အျခားနာမည္ႀကီးကစားသမားေတြ လိဂ္မွာ ႐ုန္းကန္ခဲ့ရတာကို ေထာက္ျပခဲ့တာျဖစ္ပါတယ္။

“မစိုးရိမ္ပါဘူး။ အဲဒါက အရမ္းေကာင္းပါတယ္။ အဲဒါက သြင္းဂိုးေတြပါ။ အဲဒါက မက္ဆီပါ။ အဲဒါကို ေပ်ာ္႐ႊင္ခံစားပါ။ ေမဂ်ာလိဂ္အေပၚမွာ သူ႔ရဲ႕ ေအာင္ျမင္မႈကို အေၾကာင္းျပခ်က္တစ္ခုအေနနဲ႔ အသုံးခ်င္ေနတဲ့သူေတြက သူတို႔ရဲ႕ ေပ်ာ္႐ႊင္မႈေတြကို သူတို႔ကိုယ္တိုင္ ဖ်က္ဆီးေနတာပါ။ ခင္ဗ်ားက အဲဒီလိုလူမ်ိဳးဆိုရင္ သြင္းဂိုးတိုင္းအတြက္ ေနာက္တန္းေတြကို အျပစ္တင္ႏိုင္တာေပါ့။ ၾကယ္ပြင့္ကစားသမားအမ်ားအျပားလည္း ေမဂ်ာလိဂ္ကို လာခဲ့ၿပီး မလႊမ္းမိုးႏိုင္ခဲ့ၾကပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.