Bundesliga Premier League

လီဗာပူးလ်နဲ့မန်ယူနိုက်တက်တို့ထဲက ပြောင်းမယ့်အသင်းကို ရွေးချယ်ခဲ့တဲ့ ဂရေဗင်ဘာ့ချ်

ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ရိုင်ယန် ဂရေဗင်ဘာ့ချ်ဟာ မန်ချက်စတာယူနိုက်တက်ထက် လီဗာပူးလ်ကို ပြောင်းရွှေ့ချင်နေတာကြောင့် ယာဂန် ကလော့ပ်ရဲ့အသင်းနဲ့ ပြောဆိုဆွေးနွေးချင်နေတယ်လို့ သိရပါတယ်။

နယ်သာလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ သောကြာနေ့ စျေးကွက်မပိတ်ခင်မှာ ဘိုင်ယန်မြူးနစ်ကို စွန့်ခွာချင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က အိုင်းယက်ကနေ ပေါင် ၁၆ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ မန်ယူနိုက်တက်တို့ ၂ သင်းစလုံးက ဂရာဗင်ဘာ့ချ်ရဲ့ ကိုယ်စားလှယ်တွေကို ယခုနွေရာသီမှာ ချဉ်းကပ်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ကလပ် ၂ သင်းစလုံးက ဘိုင်ယန်မြူးနစ်ကို တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ရခြင်းမရှိသေးတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း The Athletic ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်ဟာ လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်နဲ့ ပြောဆိုဆွေးနွေးနေပြီဖြစ်ပြီး နယ်သာလန်လက်ရွေးစင်ကွင်းလယ်လူရဲ့ ပြောင်းရွှေ့ကြေးအတွက် စကားပြောဆိုနေတယ်လို့ သိရပါတယ်။လီဗာပူးလ်ဟာ အသက် ၂၁ နှစ်အရွယ်ကစားသမားကို အပြီးသတ်ခေါ်ယူဖို့အတွက် လုပ်ဆောင်နေတာဖြစ်ပြီး ဘွန်ဒက်စ်လီဂါချန်ပီယံတွေက အစားထိုးခေါ်ယူမှု ပြုလုပ်နိုင်မယ်ဆိုရင် အပြီးရောင်းထုတ်ချင်နေတာဖြစ်ပါတယ်။

အရေးကြီးတာက ဂရာဗင်ဘာ့ချ်ဟာ မန်ချက်စတာယူနိုက်တက်ထက် လီဗာပူးလ်ကို ပိုမိုပြောင်းရွှေ့ချင်နေတာဖြစ်ပြီး ဘိုင်ယန်မြူးနစ်ကွင်းလယ်လူဟာ အိုင်းယက်မှာတုန်းက တန်ဟက် လက်အောက်မှာ ကစားခဲ့ဖူးပေမယ့် ကလော့ပ်က ဒတ်ချ်ကွင်းလယ်လူကို အလွန်နှစ်သက်သူဖြစ်တယ်လို့ နားလည်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ရိုင်ယန် ဂရေဗင်ဘာ့ခ်ျဟာ မန်ချက်စတာယူနိုက်တက်ထက် လီဗာပူးလ်ကို ပြောင်းရွှေ့ချင်နေတာကြောင့် ယာဂန် ကလော့ပ်ရဲ့အသင်းနဲ့ ပြောဆိုဆွေးနွေးချင်နေတယ်လို့ သိရပါတယ်။

နယ်သာလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ သောကြာနေ့ ဈေးကွက်မပိတ်ခင်မှာ ဘိုင်ယန်မြူးနစ်ကို စွန့်ခွာချင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က အိုင်းယက်ကနေ ပေါင် ၁၆ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ မန်ယူနိုက်တက်တို့ ၂ သင်းစလုံးက ဂရာဗင်ဘာ့ခ်ျရဲ့ ကိုယ်စားလှယ်တွေကို ယခုနွေရာသီမှာ ချဉ်းကပ်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ကလပ် ၂ သင်းစလုံးက ဘိုင်ယန်မြူးနစ်ကို တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ရခြင်းမရှိသေးတာဖြစ်ပါတယ်။


အရေးကြီးတာက ဂရာဗင်ဘာ့ခ်ျဟာ မန်ချက်စတာယူနိုက်တက်ထက် လီဗာပူးလ်ကို ပိုမိုပြောင်းရွှေ့ချင်နေတာဖြစ်ပြီး ဘိုင်ယန်မြူးနစ်ကွင်းလယ်လူဟာ အိုင်းယက်မှာတုန်းက တန်ဟက် လက်အောက်မှာ ကစားခဲ့ဖူးပေမယ့် ကလော့ပ်က ဒတ်ခ်ျကွင်းလယ်လူကို အလွန်နှစ်သက်သူဖြစ်တယ်လို့ နားလည်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.