Premier League

မန်စီးတီးရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးကစားသမားအတွက် သဘောတူညီမှုရခဲ့ပြီဖြစ်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ ကိုး ပါလ်မာကိုခေါ်ယူဖို့အတွက် မန်ချက်စတာစီးတီးနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး စီးတီးလူငယ်ကြယ်ပွင့်ကလည်း စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပါလ်မာဟာ နွေရာသီအပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့တွေအတွက် ချဲလ်ဆီးရဲ့ နောက်ကျ ပစ်မှတ်အဖြစ် ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ပိုချက်တီနိုဟာ အင်္ဂလန်ယူ-၂၁ ကြယ်ပွင့်ကို သောကြာနေ့ စျေးကွက်မပိတ်ခင် အရခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ပါလ်မာကို ခေါ်ယူဖို့အတွက် မန်စီးတီးနဲ့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး အနောက်လန်ဒန်ကလပ်အနေနဲ့ ပေါင်သန်း ၄၀ ကနေ ၄၅ သန်းဝန်းကျင် ပေးချေသွားရမှာဖြစ်တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။ ပါလ်မာဟာ လာမယ့် ၂၄ နာရီအတွင်း ပြုလုပ်သွားဖို့ စီစဉ်နေတဲ့ ဆေးစစ်မှု အောင်မြင်မယ်လို့ ယူဆရပြီး ချဲလ်ဆီးနဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ သဘောတူညီမှု ရရှိဖို့သာ လိုအပ်တော့တာ ဖြစ်ပါတယ်။

ဒါကလည်း ပြဿနာဟုတ်ပုံမပေါ်ဘဲ သတင်းတွေရဲ့ ဖော်ပြချက်အရ ပါလ်မာဟာ စတမ်းဖို့ဒ်ဘရစ်ချ်ကို ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ခဲ့ပြီးဖြစ်ပြီး အသင်းသစ်မှာ စာမျက်နှာသစ်တွေ ဖွင့်လှစ်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ ယူဆရပါတယ်။

ပါလ်မာဟာ အစ်တီဟတ်မှာ စာချုပ်သက်တမ်း ၃ နှစ်ကျန်ရှိနေသေးသူဖြစ်ပြီး ဂွါဒီယိုလာကလည်း လူငယ်တောင်ပံကစားသမားကို ထိန်းသိမ်းထားချင်ခဲ့တာဖြစ်ပေမယ့်လည်း ကမ္ဘာ့အဆင့်ကစားသမားတွေ ပြည့်နှက်နေတဲ့ လူစာရင်းကြောင့် ပထမအသင်းပွဲထွက်ကစားခွင့်ကို မကြာခဏဆိုသလို မပေးအပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပါလ်မာဟာ ယခုရာသီမှာ ပရီးမီးယားလိဂ်ပွဲကစားချိန် ၁၀ မိနစ်သာ ပါဝင်ကစားပေးခွင့် ရရှိထားတာဖြစ်ပြီး ရာသီအဖွင့်ပွဲစဉ်မှာ ဘန်လေနဲ့ ကစားခဲ့တဲ့ပွဲစဉ် ဒုတိယပိုင်းမှာ လူစားဝင်ကစားသမားအဖြစ် ဝင်ကစားခဲ့ရတာဖြစ်ပါတယ်။

ဆီဗီလာကို အနိုင်ရခဲ့တဲ့ စူပါဖလားဗိုလ်လုပွဲမှာတော့ ပါလ်မာက ပွဲထွက်ခွင့်ရရှိခဲ့ရာမှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ၂၀၂၀ စက်တင်ဘာမှာ စီနီယာပွဲဦးထွက်ခွင့် ရရှိပြီးကတည်းက ပြိုင်ပွဲစုံမှာ ၄၁ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ အဲဒီထဲက ၁၉ ပွဲဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေဖြစ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးဟာ ကိုး ပါလ္မာကိုေခၚယူဖို႔အတြက္ မန္ခ်က္စတာစီးတီးနဲ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ၿပီး စီးတီးလူငယ္ၾကယ္ပြင့္ကလည္း စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေျပာင္းေ႐ႊ႕ခ်င္ေနတယ္လို႔ သိရပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ပါလ္မာဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္ေနာက္ဆုံးေန႔ေတြအတြက္ ခ်ဲလ္ဆီးရဲ႕ ေနာက္က် ပစ္မွတ္အျဖစ္ ထြက္ေပၚလာခဲ့တာျဖစ္ၿပီး ပိုခ်က္တီႏိုဟာ အဂၤလန္ယူ-၂၁ ၾကယ္ပြင့္ကို ေသာၾကာေန႔ ေစ်းကြက္မပိတ္ခင္ အရေခၚယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ ပါလ္မာကို ေခၚယူဖို႔အတြက္ မန္စီးတီးနဲ႔ သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္ၿပီး အေနာက္လန္ဒန္ကလပ္အေနနဲ႔ ေပါင္သန္း ၄၀ ကေန ၄၅ သန္းဝန္းက်င္ ေပးေခ်သြားရမွာျဖစ္တယ္လို႔ The Athletic က ေဖာ္ျပခဲ့ပါတယ္။ ပါလ္မာဟာ လာမယ့္ ၂၄ နာရီအတြင္း ျပဳလုပ္သြားဖို႔ စီစဥ္ေနတဲ့ ေဆးစစ္မႈ ေအာင္ျမင္မယ္လို႔ ယူဆရၿပီး ခ်ဲလ္ဆီးနဲ႔ ပုဂၢိဳလ္ေရးအခ်က္အလက္ေတြ သေဘာတူညီမႈ ရရွိဖို႔သာ လိုအပ္ေတာ့တာ ျဖစ္ပါတယ္။

ဒါကလည္း ျပႆနာဟုတ္ပုံမေပၚဘဲ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ ပါလ္မာဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ေျပာင္းေ႐ႊ႕ဖို႔ ေခါင္းညိတ္ခဲ့ၿပီးျဖစ္ၿပီး အသင္းသစ္မွာ စာမ်က္ႏွာသစ္ေတြ ဖြင့္လွစ္ဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔ ယူဆရပါတယ္။

ပါလ္မာဟာ အစ္တီဟတ္မွာ စာခ်ဳပ္သက္တမ္း ၃ ႏွစ္က်န္ရွိေနေသးသူျဖစ္ၿပီး ဂြါဒီယိုလာကလည္း လူငယ္ေတာင္ပံကစားသမားကို ထိန္းသိမ္းထားခ်င္ခဲ့တာျဖစ္ေပမယ့္လည္း ကမာၻ႔အဆင့္ကစားသမားေတြ ျပည့္ႏွက္ေနတဲ့ လူစာရင္းေၾကာင့္ ပထမအသင္းပြဲထြက္ကစားခြင့္ကို မၾကာခဏဆိုသလို မေပးအပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပါလ္မာဟာ ယခုရာသီမွာ ပရီးမီးယားလိဂ္ပြဲကစားခ်ိန္ ၁၀ မိနစ္သာ ပါဝင္ကစားေပးခြင့္ ရရွိထားတာျဖစ္ၿပီး ရာသီအဖြင့္ပြဲစဥ္မွာ ဘန္ေလနဲ႔ ကစားခဲ့တဲ့ပြဲစဥ္ ဒုတိယပိုင္းမွာ လူစားဝင္ကစားသမားအျဖစ္ ဝင္ကစားခဲ့ရတာျဖစ္ပါတယ္။

ဆီဗီလာကို အႏိုင္ရခဲ့တဲ့ စူပါဖလားဗိုလ္လုပြဲမွာေတာ့ ပါလ္မာက ပြဲထြက္ခြင့္ရရွိခဲ့ရာမွာ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ၂၀၂၀ စက္တင္ဘာမွာ စီနီယာပြဲဦးထြက္ခြင့္ ရရွိၿပီးကတည္းက ၿပိဳင္ပြဲစုံမွာ ၄၁ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ အဲဒီထဲက ၁၉ ပြဲဟာ ပရီးမီးယားလိဂ္ပြဲစဥ္ေတြျဖစ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.