Carabao & FA Premier League

အသင်းကြီးတွေ မချောင်တဲ့ ကာရာဘောင်းဖလား တတိယအဆင့်မဲခွဲရလဒ်များ

မန်ချက်စတာယူနိုက်တက်ဟာ ကာရာဘောင်းဖလား တတိယအဆင့်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်ကစားသွားရမှာဖြစ်သလို ချဲလ်ဆီး၊ အာဆင်နယ်နဲ့ မန်စီးတီးတို့လည်း အန္တရာယ်များတဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ဗုဒ္ဓဟူးနေ့ညနေက အက်ဖ်အေဖလား ဒုတိယအဆင့်ပွဲစဉ်အဖြစ် ဝင်ဘယ်ဒန်ကို ၂-၁ နဲ့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ အနိုင်ရရှိခဲ့ပြီးနောက် လာမယ့်အဆင့်မှာ ဘရိုက်တန်ကို လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ အာဆင်နယ်က ဘရန့်တ်ဖို့ဒ်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်သွားရမှာဖြစ်သလို ပရီးမီးယားလိဂ်နဲ့ ဥရောပချန်ပီယံ မန်စီးတီးကလည်း ခက်ခဲတဲ့ နယူးကာဆယ်ယူနိုက်တက်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အက်စတန် ဗီလာက ပရီးမီးယားလိဂ်ပွဲစဉ်လိုမျိုးပဲ အဲဗာတန်ကို အိမ်ကွင်း ဗီလာပါ့ခ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လစ်ဗာပူးလ်က ပြီးခဲ့တဲ့ရာသီကုန်မှာ တန်းဆင်းသွားခဲ့တဲ့ လက်စတာစီးတီးကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

ကာရာဘောင်းဖလားတတိယအဆင့်မဲခွဲမှုရလဒ်များ

အစ်ပ်ဆွစ်ချ်တောင်း-ဝုလ်ဗ်စ်
အိတ်ဇစ်တာ စီးတီး-လူတန်တောင်း
အက်စတန်ဗီလာ-အဲဗာတန်
မန်ယူနိုက်တက်-ပဲလေ့စ်
ပို့တ်ဗေးလ်-ဆက်တန်ယူနိုက်တက်
ဘရက်ဒ်ဖို့ဒ်-မစ်ဒယ်ဘရော့
ဘုန်းမောက်-စတုတ်
လင်ကွန်း-ဝက်စ်ဟမ်း
ဘရန့်တ်ဖို့ဒ်-အာဆင်နယ်
ချဲလ်ဆီး-ဘရိုက်တန်
ဆဲလ်ဖို့ဒ်-ဘန်လေ
ဖူလ်ဟမ်-နောဝစ်ချ်
ဘလက်ဘန်း-ကာဒစ်ဖ်စီးတီး
လစ်ဗာပူးလ်-လက်စတာစီးတီး
နယူးကာဆယ်-မန်စီးတီး
မန်းစ်ဖီး-ပီတာဘရော့

ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်တွေကို စက်တင်ဘာလ ၂၅ ရက်နေ့ကနေ စတင်ပြီး ကျင်းပသွားမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဟာ ကာရာေဘာင္းဖလား တတိယအဆင့္မွာ ခရစၥတယ္ပဲေလ့စ္နဲ႔ ရင္ဆိုင္ကစားသြားရမွာျဖစ္သလို ခ်ဲလ္ဆီး၊ အာဆင္နယ္နဲ႔ မန္စီးတီးတို႔လည္း အႏၲရာယ္မ်ားတဲ့ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြနဲ႔ ယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ ဗုဒၶဟူးေန႔ညေနက အက္ဖ္ေအဖလား ဒုတိယအဆင့္ပြဲစဥ္အျဖစ္ ဝင္ဘယ္ဒန္ကို ၂-၁ နဲ႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ အႏိုင္ရရွိခဲ့ၿပီးေနာက္ လာမယ့္အဆင့္မွာ ဘ႐ိုက္တန္ကို လက္ခံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။ အာဆင္နယ္က ဘရန႔္တ္ဖို႔ဒ္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္သြားရမွာျဖစ္သလို ပရီးမီးယားလိဂ္နဲ႔ ဥေရာပခ်န္ပီယံ မန္စီးတီးကလည္း ခက္ခဲတဲ့ နယူးကာဆယ္ယူႏိုက္တက္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။

အက္စတန္ ဗီလာက ပရီးမီးယားလိဂ္ပြဲစဥ္လိုမ်ိဳးပဲ အဲဗာတန္ကို အိမ္ကြင္း ဗီလာပါ့ခ္မွာ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး လစ္ဗာပူးလ္က ၿပီးခဲ့တဲ့ရာသီကုန္မွာ တန္းဆင္းသြားခဲ့တဲ့ လက္စတာစီးတီးကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

ကာရာေဘာင္းဖလားတတိယအဆင့္မဲခြဲမႈရလဒ္မ်ား

အစ္ပ္ဆြစ္ခ်္ေတာင္း-ဝုလ္ဗ္စ္
အိတ္ဇစ္တာ စီးတီး-လူတန္ေတာင္း
အက္စတန္ဗီလာ-အဲဗာတန္
မန္ယူႏိုက္တက္-ပဲေလ့စ္
ပို႔တ္ေဗးလ္-ဆက္တန္ယူႏိုက္တက္
ဘရက္ဒ္ဖို႔ဒ္-မစ္ဒယ္ဘေရာ့
ဘုန္းေမာက္-စတုတ္
လင္ကြန္း-ဝက္စ္ဟမ္း
ဘရန႔္တ္ဖို႔ဒ္-အာဆင္နယ္
ခ်ဲလ္ဆီး-ဘ႐ိုက္တန္
ဆဲလ္ဖို႔ဒ္-ဘန္ေလ
ဖူလ္ဟမ္-ေနာဝစ္ခ်္
ဘလက္ဘန္း-ကာဒစ္ဖ္စီးတီး
လစ္ဗာပူးလ္-လက္စတာစီးတီး
နယူးကာဆယ္-မန္စီးတီး
မန္းစ္ဖီး-ပီတာဘေရာ့

ကာရာေဘာင္းဖလား တတိယအဆင့္ပြဲစဥ္ေတြကို စက္တင္ဘာလ ၂၅ ရက္ေန႔ကေန စတင္ၿပီး က်င္းပသြားမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.