Premier League

ဂန်းနားနဲ့ စီးတီးတို့ လွှမ်းမိုးခဲ့ပြီး သရဲနီတစ်ယောက်မှ မပါခဲ့တဲ့ PFA တစ်နှစ်တာအကောင်းဆုံးအသင်း

အာလင်း ဟာလန်း၊ ဟာရီ ကိန်းနဲ့ ဘူကာယို ဆာကာတို့ အားလုံးဟာ PFA ရဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့ကြပြီး မန်ချက်စတာယူနိုက်တက်ကစားသမားတစ်ဦးမှ မပါဝင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ အာဆင်နယ်ထက် ၅ မှတ်အသာနဲ့ ဗိုလ်စွဲခဲ့တာဖြစ်ပြီး ဂွါဒီယိုလာရဲ့ အသင်းသား ၅ ဦးအထိ တစ်နှစ်တာအကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဟာလန်းနဲ့ အတူ ရိုဒရီ၊ ကီဗင် ဒီဘရိုင်းနားတို့က ကွင်းလယ်မှာ ရွေးချယ်ခံခဲ့ရပြီး ခံစစ်မှာ ဂျွန် စတုန်းစ်နဲ့ ရူဘင် ဒီယက်စ်တို့ ပါဝင်ခဲ့တာဖြစ်သလို ဒုတိယနေရာရခဲ့တဲ့ အာဆင်နယ်ကစားသမား ၄ ဦးလည်း တစ်နှစ်တာအကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်၊ ဝီလီယံ ဆာလီဘာ၊ မာတင် အော်ဒီဂွါဒ်၊ ဆာကာတို့ဟာ PFA တစ်နှစ်တာအကောင်းဆုံးအသင်းထဲမှာ ထည့်သွင်းခံခဲ့ရပြီး ဂန်းနားတောင်ပံကြယ်ပွင့် ဆာကာက PFA ရဲ့ တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်း အင်္ဂါနေ့ညနေက မန်ချက်စတာမှာ ပြုလုပ်ခဲ့တဲ့ ဆုပေးပွဲမှာ ရရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအတွက်ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၃၆ ဂိုးနဲ့ ရွှေဖိနပ်ဆုရရှိခဲ့တဲ့ အာလင်း ဟာလန်းကလည်း PFA ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ဟာရီ ကိန်းကလည်း စပါးစ်နဲ့ နောက်ဆုံးရာသီမှာ သွင်းဂိုး ၃၀ အထိ သွင်းယူနိုင်ခဲ့ပြီးနောက် ကစားသမားဘဝတလျှောက် PFA တစ်နှစ်တာအကောင်းဆုံးအသင်းထဲမှာ ၆ ကြိမ်မြောက် ရွေးချယ်ခံခဲ့ရပါတယ်။

အဆင့် ၄ နေရာနဲ့ ရာသီပြီးဆုံးနိုင်ခဲ့တဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းရဲ့ နောက်ခံလူ ကီရန် ထရစ်ပီယာဟာ PFA တစ်နှစ်တာအကောင်းဆုံးအသင်းထဲမှာ ပါဝင်ခဲ့တဲ့ နောက်ထပ်ကလပ်တစ်သင်းတစ်သင်းရဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။

အဆင့် ၃ နေရာမှာ ရာသီပြီးဆုံးနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားတွေကတော့ တစ်ဦးမှ ပါဝင်ခဲ့ခြင်းမရှိဘဲ အဆင့် ၅ နေရာမှာ ရာသီပြီးဆုံးခဲ့တဲ့ လီဗာပူးလ်ကလည်း ၇ နှစ်အတွင်း ပထမဆုံးအကြိမ် PFA ရဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းမှာ ကစားသမားတစ်ဦးမှ ပါဝင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာလင္း ဟာလန္း၊ ဟာရီ ကိန္းနဲ႔ ဘူကာယို ဆာကာတို႔ အားလုံးဟာ PFA ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးအသင္းမွာ ပါဝင္ခဲ့ၾကၿပီး မန္ခ်က္စတာယူႏိုက္တက္ကစားသမားတစ္ဦးမွ မပါဝင္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

မန္ခ်က္စတာစီးတီးဟာ ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ အာဆင္နယ္ထက္ ၅ မွတ္အသာနဲ႔ ဗိုလ္စြဲခဲ့တာျဖစ္ၿပီး ဂြါဒီယိုလာရဲ႕ အသင္းသား ၅ ဦးအထိ တစ္ႏွစ္တာအေကာင္းဆုံးအသင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရတာျဖစ္ပါတယ္။

ဟာလန္းနဲ႔ အတူ ႐ိုဒရီ၊ ကီဗင္ ဒီဘ႐ိုင္းနားတို႔က ကြင္းလယ္မွာ ေ႐ြးခ်ယ္ခံခဲ့ရၿပီး ခံစစ္မွာ ဂြၽန္ စတုန္းစ္နဲ႔ ႐ူဘင္ ဒီယက္စ္တို႔ ပါဝင္ခဲ့တာျဖစ္သလို ဒုတိယေနရာရခဲ့တဲ့ အာဆင္နယ္ကစားသမား ၄ ဦးလည္း တစ္ႏွစ္တာအေကာင္းဆုံးအသင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရတာျဖစ္ပါတယ္။

အာဆင္နယ္ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္၊ ဝီလီယံ ဆာလီဘာ၊ မာတင္ ေအာ္ဒီဂြါဒ္၊ ဆာကာတို႔ဟာ PFA တစ္ႏွစ္တာအေကာင္းဆုံးအသင္းထဲမွာ ထည့္သြင္းခံခဲ့ရၿပီး ဂန္းနားေတာင္ပံၾကယ္ပြင့္ ဆာကာက PFA ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားဆုကိုလည္း အဂၤါေန႔ညေနက မန္ခ်က္စတာမွာ ျပဳလုပ္ခဲ့တဲ့ ဆုေပးပြဲမွာ ရရွိခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအတြက္ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္သြင္းဂိုး ၃၆ ဂိုးနဲ႔ ေ႐ႊဖိနပ္ဆုရရွိခဲ့တဲ့ အာလင္း ဟာလန္းကလည္း PFA ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ဟာရီ ကိန္းကလည္း စပါးစ္နဲ႔ ေနာက္ဆုံးရာသီမွာ သြင္းဂိုး ၃၀ အထိ သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ကစားသမားဘဝတေလွ်ာက္ PFA တစ္ႏွစ္တာအေကာင္းဆုံးအသင္းထဲမွာ ၆ ႀကိမ္ေျမာက္ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

အဆင့္ ၄ ေနရာနဲ႔ ရာသီၿပီးဆုံးႏိုင္ခဲ့တဲ့ နယူးကာဆယ္ယူႏိုက္တက္အသင္းရဲ႕ ေနာက္ခံလူ ကီရန္ ထရစ္ပီယာဟာ PFA တစ္ႏွစ္တာအေကာင္းဆုံးအသင္းထဲမွာ ပါဝင္ခဲ့တဲ့ ေနာက္ထပ္ကလပ္တစ္သင္းတစ္သင္းရဲ႕ တစ္ဦးတည္းေသာ ကစားသမားျဖစ္ခဲ့တာျဖစ္ပါတယ္။

အဆင့္ ၃ ေနရာမွာ ရာသီၿပီးဆုံးႏိုင္ခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြကေတာ့ တစ္ဦးမွ ပါဝင္ခဲ့ျခင္းမရွိဘဲ အဆင့္ ၅ ေနရာမွာ ရာသီၿပီးဆုံးခဲ့တဲ့ လီဗာပူးလ္ကလည္း ၇ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ PFA ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးအသင္းမွာ ကစားသမားတစ္ဦးမွ ပါဝင္ခဲ့ျခင္းမရွိတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.