La Liga

ဂိုးမသွင်းနိုင်တဲ့အပေါ်မှာ ဇာဗီကို ပြစ်တင်ဝေဖန်လိုက်တဲ့ လီဗန်ဒေါ့ဗ်စကီး

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးက နည်းပြ ဇာဗီရဲ့ နည်းဗျူဟာကို ဝေဖန်ပြစ်တင်ခဲ့ပြီး တိုက်စစ်ကစားသမားတွေကို လုံလုံလောက်လောက် ပွဲထွက်ကစားခွင့်မပေးဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

လီဗန်ဒေါ့ဗ်စကီးက ယခုရာသီမှာ ၃ ပွဲ ပါဝင်ကစားပေးထားရာမှာ ၁ ဂိုး သွင်းယူထားပြီး အချိန်တော်တော်များများမှာ ဘေယန်မြူးနစ်မှာတုန်းက ရရှိခဲ့တဲ့ အထောက်အ့ပံ့မျိုး မရရှိခဲ့ဘူးလို့ ခံစားနေရတာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်တိုက်စစ်မှူးဟာ ဖာရန် တောရက်စ်နဲ့ အန်ဆူ ဖာတီတို့ အရန်ခုံကနေ ဝင်ကစားတဲ့အချိန်မှာ အသင်းကစားပုံက မကြာခဏ သိသိသာသာ တိုးတက်လာတယ်လို့ ပြောဆိုခဲ့ပြီး တိုက်စစ်ကစားသမားတွေ လုံလောက်အောင်မရှိတာကြောင့် ကိုယ့်ဘာသာ အခွင့်အရေးဖန်တီးနေရတဲ့အတွက် နည်းပြ ဇာဗီကို တိုက်စစ်ကစားသမားလုံလုံလောက်လောက် ထည့်သွင်းကစားပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့က ဘာဆာပါ။ ကျွန်တော်တို့ အနိုင်ရဖို့ပဲ မျှော်မှန်းထားတာမဟုတ်ဘဲ ကောင်းမွန်တဲ့ တိုက်စစ်ကစားပုံ ကစားဖို့လည်း မျှော်မှန်းထားပါတယ်။ အခုနောက်ပိုင်း အသင်းက ကစားပုံကောင်းသင့်သလောက် မကောင်းခဲ့ဘူး။ ကျွန်တော်တို့ ပွဲစဉ်တွေမှာ အခွင့်အရေးတွေ ပိုပြီး ဖန်တီးနိုင်ဖို့ တိုက်ပွဲဝင်ခဲ့ရတယ်။ ကျွန်တော်တို့ ဖာရန် ဒါမှမဟုတ် အန်ဆူ ဝင်လာတဲ့အချိန်မှာ အခွင့်အရေးတွေ ပိုဖန်တီးနိုင်တယ်။ တစ်ခါတလေ ကျွန်တော်တို့ တိုက်စစ်ကစားသမားတွေ လုံလုံလောက်လောက် မရှိဘဲ ကစားခဲ့ရတယ်။ ကျွန်တော်ဆိုရင် ဘာအထောက်အကူမှ ပေးမယ့်သူ မရှိပါဘူး။ အဲဒီတော့ ကျွန်တော် အသင်းအတွက် အကောင်းဆုံးအဖြေကို ရှာဖွေနေပါတယ်”

“ကျွန်တော့်ရဲ့ အတွေ့အကြုံနဲ့အတူ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကို သိနေတဲ့အချိန်မှာ ကျွန်တော့်အတွက်ပဲ မဟုတ်ဘဲ အသင်းအတွက်ပါ အကောင်းဆုံးအဖြေကို ကျွန်တော် ရှာဖွေဖို့ ကြိုးစားပါတယ်။ တစ်ခါတလေ ကျွန်တော် တွေးမိတယ်။ ကျွန်တော်သာ ခံစစ်ကစားသမား ၂ ဦးကြားထဲမှာ ရှိနေရင် နောက်ခံလူတွေအတွက်တော့ ပိုလွယ်ကူပါလိမ့်မယ်။ ပွဲစဉ်တော်တော်များများမှာ ကျွန်တော့်မှာ ဂိုးသွင်းယူဖို့ အခွင့်အရေး များများစားစားမရှိခဲ့ဘူး။ ကျွန်တော် ဘောလုံးလည်း များများမရဘူး။ အဲဒီတော့ တစ်ခါတလေ ကျွန်တော့်ဘာသာ အခွင့်အရေးတွေ ဖန်တီးခဲ့ရပါတယ်။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာၾကယ္ပြင့္တိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးက နည္းျပ ဇာဗီရဲ႕ နည္းဗ်ဴဟာကို ေဝဖန္ျပစ္တင္ခဲ့ၿပီး တိုက္စစ္ကစားသမားေတြကို လုံလုံေလာက္ေလာက္ ပြဲထြက္ကစားခြင့္မေပးဘူးလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

လီဗန္ေဒါ့ဗ္စကီးက ယခုရာသီမွာ ၃ ပြဲ ပါဝင္ကစားေပးထားရာမွာ ၁ ဂိုး သြင္းယူထားၿပီး အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ေဘယန္ျမဴးနစ္မွာတုန္းက ရရွိခဲ့တဲ့ အေထာက္အ့ပံ့မ်ိဳး မရရွိခဲ့ဘူးလို႔ ခံစားေနရတာျဖစ္ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ ဖာရန္ ေတာရက္စ္နဲ႔ အန္ဆူ ဖာတီတို႔ အရန္ခုံကေန ဝင္ကစားတဲ့အခ်ိန္မွာ အသင္းကစားပုံက မၾကာခဏ သိသိသာသာ တိုးတက္လာတယ္လို႔ ေျပာဆိုခဲ့ၿပီး တိုက္စစ္ကစားသမားေတြ လုံေလာက္ေအာင္မရွိတာေၾကာင့္ ကိုယ့္ဘာသာ အခြင့္အေရးဖန္တီးေနရတဲ့အတြက္ နည္းျပ ဇာဗီကို တိုက္စစ္ကစားသမားလုံလုံေလာက္ေလာက္ ထည့္သြင္းကစားေပးဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔က ဘာဆာပါ။ ကြၽန္ေတာ္တို႔ အႏိုင္ရဖို႔ပဲ ေမွ်ာ္မွန္းထားတာမဟုတ္ဘဲ ေကာင္းမြန္တဲ့ တိုက္စစ္ကစားပုံ ကစားဖို႔လည္း ေမွ်ာ္မွန္းထားပါတယ္။ အခုေနာက္ပိုင္း အသင္းက ကစားပုံေကာင္းသင့္သေလာက္ မေကာင္းခဲ့ဘူး။ ကြၽန္ေတာ္တို႔ ပြဲစဥ္ေတြမွာ အခြင့္အေရးေတြ ပိုၿပီး ဖန္တီးႏိုင္ဖို႔ တိုက္ပြဲဝင္ခဲ့ရတယ္။ ကြၽန္ေတာ္တို႔ ဖာရန္ ဒါမွမဟုတ္ အန္ဆူ ဝင္လာတဲ့အခ်ိန္မွာ အခြင့္အေရးေတြ ပိုဖန္တီးႏိုင္တယ္။ တစ္ခါတေလ ကြၽန္ေတာ္တို႔ တိုက္စစ္ကစားသမားေတြ လုံလုံေလာက္ေလာက္ မရွိဘဲ ကစားခဲ့ရတယ္။ ကြၽန္ေတာ္ဆိုရင္ ဘာအေထာက္အကူမွ ေပးမယ့္သူ မရွိပါဘူး။ အဲဒီေတာ့ ကြၽန္ေတာ္ အသင္းအတြက္ အေကာင္းဆုံးအေျဖကို ရွာေဖြေနပါတယ္”

“ကြၽန္ေတာ့္ရဲ႕ အေတြ႕အႀကဳံနဲ႔အတူ ကြၽန္ေတာ့္ရဲ႕ ခႏၶာကိုယ္ကို သိေနတဲ့အခ်ိန္မွာ ကြၽန္ေတာ့္အတြက္ပဲ မဟုတ္ဘဲ အသင္းအတြက္ပါ အေကာင္းဆုံးအေျဖကို ကြၽန္ေတာ္ ရွာေဖြဖို႔ ႀကိဳးစားပါတယ္။ တစ္ခါတေလ ကြၽန္ေတာ္ ေတြးမိတယ္။ ကြၽန္ေတာ္သာ ခံစစ္ကစားသမား ၂ ဦးၾကားထဲမွာ ရွိေနရင္ ေနာက္ခံလူေတြအတြက္ေတာ့ ပိုလြယ္ကူပါလိမ့္မယ္။ ပြဲစဥ္ေတာ္ေတာ္မ်ားမ်ားမွာ ကြၽန္ေတာ့္မွာ ဂိုးသြင္းယူဖို႔ အခြင့္အေရး မ်ားမ်ားစားစားမရွိခဲ့ဘူး။ ကြၽန္ေတာ္ ေဘာလုံးလည္း မ်ားမ်ားမရဘူး။ အဲဒီေတာ့ တစ္ခါတေလ ကြၽန္ေတာ့္ဘာသာ အခြင့္အေရးေတြ ဖန္တီးခဲ့ရပါတယ္။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.