La Liga

ရာသီစတာ ၃ ပတ်ပဲရှိသေးပေမယ့် ဒိုင်လူကြီးတွေကို ဒေါသထွက်နေရပြီဖြစ်တဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာ ယခုရာသီ လာလီဂါ ၃ ပွဲကနေ ရမှတ် ၇ မှတ်အထိ ရရှိခဲ့ပေမယ့်လည်း ၁၀၀ ရာခိုင်နှုန်း နိုင်ပွဲရရှိခဲ့သင့်တာလို့ ခံစားနေရတယ်လို့ သိရပါတယ်။

Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဘာစီလုနာဟာ လာလီဂါကို ယခုရာသီ VAR အသုံးပြုမှုနဲပပတ်သက်ပြီး ဒေါသထွက်နေခဲ့ပြီးဖြစ်တယ်လို့ သိရပြီး ကစားခဲ့တဲ့ ၃ ပွဲစလုံးမှာ အသုံးပြုပုံ မမှန်ကန်မှု၊ ကြားဝင်သင့်ချိန်မှာ ကြားမဝင်ခဲ့မှုကို ခံစားခဲ့ရတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

အငြင်းပွားစရာအဖြစ်ခဲ့ဆုံး ပွဲစဉ်ကတော့ ဂီတာဖေးနဲ့ သရေကျခဲ့တဲ့ပွဲစဉ်ဖြစ်ပြီး ဘာစီလိုနာရဲ့ ပင်နယ်တီဟာ ဂါဗီရဲ့ လက်ထိဘောကြောင့် မှားယွင်းစွာ ငြင်းပယ်ခြင်းခံခဲ့ရတာကြောင့် ရမှတ် ၂ မှတ် လျော့ကျခဲ့ရတာဖြစ်ပါတယ်။

ဘာစီလိုနာက ကဒစ်ဇ်နဲ့ပွဲမှာလည်း ရှင်းလင်းပြတ်သားတဲ့ ပင်နယ်တီ ၂ ကြိမ်အထိ ငြင်းပယ်ခံခဲ့ရတယ်လို့ ခံစားခဲ့ရပြီး ဗီလာရီးရဲလ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်း VAR က ဆောလော့သ်ရဲ့ ချေပဂိုးကို လူကျွံနေပေမယ့် ကြားဝင်ခဲ့ခြင်းမရှိခဲ့ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဆောလော့သ်ရဲ့ပခုံးဟာ လူကျွံနေခဲ့ပုံပေါ်ခဲ့တာပြီး ဂီတာဖေးနဲ့ပွဲမှာလည်း ပင်နယ်တီ ရရှိခဲ့ရမှာကို မပေးခဲ့တာကြောင့် စည်းမျဉ်းစည်းကမ်းပိုင်းမှာ မမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ရှိခဲ့တယ်လို့ ဘာစီလိုနာက ခံစားနေရတာဖြစ်ပါတယ်။

ကဒစ်ဇ်နဲ့ပွဲက ဆုံးဖြတ်ချက်ကလည်း ဒိုင်လူကြီးက ထိတွေ့မှုနဲ့ အားသက်ရောက်မှု ဘယ်လောက်ရှိလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ရမှာဖြစ်ပြီး ဥပဒေသတွေကို မမှန်မကန် အသုံးပြုမှုမျိုးမရှိခဲ့ပေမယ့် ယထာဘူတမကျတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာဟာ ယခုရာသီ လာလီဂါ ၃ ပြဲကေန ရမွတ္ ၇ မွတ္အထိ ရရွိခဲ့ေပမယ့္လည္း ၁၀၀ ရာခိုင္ႏႈန္း ႏိုင္ပြဲရရွိခဲ့သင့္တာလို႔ ခံစားေနရတယ္လို႔ သိရပါတယ္။

Mundo Deportivo ရဲ႕ ေဖာ္ျပခ်က္အရ ဘာစီလုနာဟာ လာလီဂါကို ယခုရာသီ VAR အသုံးျပဳမႈနဲပပတ္သက္ၿပီး ေဒါသထြက္ေနခဲ့ၿပီးျဖစ္တယ္လို႔ သိရၿပီး ကစားခဲ့တဲ့ ၃ ပြဲစလုံးမွာ အသုံးျပဳပုံ မမွန္ကန္မႈ၊ ၾကားဝင္သင့္ခ်ိန္မွာ ၾကားမဝင္ခဲ့မႈကို ခံစားခဲ့ရတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

အျငင္းပြားစရာအျဖစ္ခဲ့ဆုံး ပြဲစဥ္ကေတာ့ ဂီတာေဖးနဲ႔ သေရက်ခဲ့တဲ့ပြဲစဥ္ျဖစ္ၿပီး ဘာစီလိုနာရဲ႕ ပင္နယ္တီဟာ ဂါဗီရဲ႕ လက္ထိေဘာေၾကာင့္ မွားယြင္းစြာ ျငင္းပယ္ျခင္းခံခဲ့ရတာေၾကာင့္ ရမွတ္ ၂ မွတ္ ေလ်ာ့က်ခဲ့ရတာျဖစ္ပါတယ္။

ဘာစီလိုနာက ကဒစ္ဇ္နဲ႔ပြဲမွာလည္း ရွင္းလင္းျပတ္သားတဲ့ ပင္နယ္တီ ၂ ႀကိမ္အထိ ျငင္းပယ္ခံခဲ့ရတယ္လို႔ ခံစားခဲ့ရၿပီး ဗီလာရီးရဲလ္ကို အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာလည္း VAR က ေဆာေလာ့သ္ရဲ႕ ေခ်ပဂိုးကို လူကြၽံေနေပမယ့္ ၾကားဝင္ခဲ့ျခင္းမရွိခဲ့ဘူးလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ေဆာေလာ့သ္ရဲ႕ပခုံးဟာ လူကြၽံေနခဲ့ပုံေပၚခဲ့တာၿပီး ဂီတာေဖးနဲ႔ပြဲမွာလည္း ပင္နယ္တီ ရရွိခဲ့ရမွာကို မေပးခဲ့တာေၾကာင့္ စည္းမ်ဥ္းစည္းကမ္းပိုင္းမွာ မမွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ေတြ ရွိခဲ့တယ္လို႔ ဘာစီလိုနာက ခံစားေနရတာျဖစ္ပါတယ္။

ကဒစ္ဇ္နဲ႔ပြဲက ဆုံးျဖတ္ခ်က္ကလည္း ဒိုင္လူႀကီးက ထိေတြ႕မႈနဲ႔ အားသက္ေရာက္မႈ ဘယ္ေလာက္ရွိလဲဆိုတဲ့အေပၚမွာ မူတည္ၿပီး ဆုံးျဖတ္ရမွာျဖစ္ၿပီး ဥပေဒသေတြကို မမွန္မကန္ အသုံးျပဳမႈမ်ိဳးမရွိခဲ့ေပမယ့္ ယထာဘူတမက်တဲ့ ဆုံးျဖတ္ခ်က္ကို ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.