Premier League

အုပ်စုဖွဲ့တိုက်ခိုက်ခံရပြီး သေနတ်နဲ့ပစ်သတ်ခံရမယ်လို့ ခြိမ်းခြောက်ခံခဲ့ရတဲ့ နယူးကာဆယ်ကပ္ပတိန်

နယူးကာဆယ်အသင်းခေါင်းဆောင် ဂျမဲလ် လက်စ်ဆဲလ်စ်ဟာ မြို့လယ်ခေါင်ရန်ပွဲအတွင်း အမျိုးသားအုပ်စုတစ်ခုရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Daily Mail ရဲ့ဖော်ပြချက်အရ နော်သမ်ဘရီယာရဲတပ်ဖွဲ့တာဝန်ရှိသူတွေဟာ တနင်္ဂနွေနေ့ နံနက်အစောပိုင်းကာလအတွင်း နယူးကာဆယ်က ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖုန်းဆက် တိုင်ကြားချက်ရရှိခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားအုပ်စုတစ်ခုက အသက် ၁၉ နှစ်အရွယ် ညီဖြစ်သူနဲ့ သူငယ်ချင်းတစ်ယောက်နဲ့အတူ ညဘက်ထွက်လည်ခဲ့တဲ့ လက်စ်ဆဲလ်စ်ကို သေနတ်နဲ့ ပစ်သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ သိရပြီး နယူးကာဆယ်နည်းပြ အက်ဒီ ဟောင်းက မန်စီးတီးနဲ့ပွဲအပြီး ကစားသမားတွေကို ရက်အနည်းငယ်နားရက်ပေးခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်နောက်ခံကစားသမားရဲ့ညီဖြစ်သူဟာ နိုက်ကလပ်ရှေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း လည်မျိုကို တံတောင်နဲ့ တွတ်ခံခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ဗော့ဒ်ကာပုလင်းတစ်လုံးကလည်း နယူးကာဆယ်အသင်းခေါင်းဆောင်ဆီ ဝဲပျံလာခဲ့ပေမယ့် ကံကောင်းစွာနဲ့ ဦးခေါင်းနဲ့ သီသီလေး လွဲချော်သွားခဲ့တာဖြစ်ပါတယ်။

အမျိုးသား ၆ ဦးကနေ ၈ ဦးအထိ ပါဝင်တဲ့ အုပ်စုဟာ နယူးကာဆယ်အသင်းခေါင်းဆောင်ကို ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြတာဖြစ်ပြီး လက်စ်ဆဲလ်စ်ဟာ အဲဒီထဲက တစ်ဦးကို အမှောက်သိပ်နိုင်ခဲ့ပေမယ့်လည်း ၎င်းရဲ့ ညီဖြစ်သူက လက်သီးချက်ကြောင့် နှာခေါင်းသွေးလျှံသွားခဲ့သလို သူငယ်ချင်းဖြစ်သူကလည်း မေ့မျောသွားခဲ့တာဖြစ်ပါတယ်။

လက်စ်ဆဲလ်စ်ဟာ ရန်ပွဲဖြစ်နေတဲ့တလျှောက်လုံးမှာ ကိုယ့်ကိုကိုယ် ကာကွယ်တဲ့အနေနဲ့သာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ဆိုးသွမ်းအမျိုးသားအုပ်စုဟာ နယူးကာဆယ်နောက်ခံလူရဲ့သူငယ်ချင်းကို ဆေးရုံပို့ဆောင်ဖို့ အရေးပေါ်ကားမရောက်လာခင်မှာ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယူးကာဆယ္အသင္းေခါင္းေဆာင္ ဂ်မဲလ္ လက္စ္ဆဲလ္စ္ဟာ ၿမိဳ႕လယ္ေခါင္ရန္ပြဲအတြင္း အမ်ိဳးသားအုပ္စုတစ္ခုရဲ႕ တိုက္ခိုက္ျခင္းကို ခံခဲ့ရတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

Daily Mail ရဲ႕ေဖာ္ျပခ်က္အရ ေနာ္သမ္ဘရီယာရဲတပ္ဖြဲ႕တာဝန္ရွိသူေတြဟာ တနဂၤေႏြေန႔ နံနက္အေစာပိုင္းကာလအတြင္း နယူးကာဆယ္က ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ဖုန္းဆက္ တိုင္ၾကားခ်က္ရရွိခဲ့တယ္လို႔ သိရပါတယ္။

အမ်ိဳးသားအုပ္စုတစ္ခုက အသက္ ၁၉ ႏွစ္အ႐ြယ္ ညီျဖစ္သူနဲ႔ သူငယ္ခ်င္းတစ္ေယာက္နဲ႔အတူ ညဘက္ထြက္လည္ခဲ့တဲ့ လက္စ္ဆဲလ္စ္ကို ေသနတ္နဲ႔ ပစ္သတ္မယ္လို႔ ၿခိမ္းေျခာက္ခဲ့တယ္လို႔ သိရၿပီး နယူးကာဆယ္နည္းျပ အက္ဒီ ေဟာင္းက မန္စီးတီးနဲ႔ပြဲအၿပီး ကစားသမားေတြကို ရက္အနည္းငယ္နားရက္ေပးခဲ့တာျဖစ္ပါတယ္။

အဂၤလန္ေနာက္ခံကစားသမားရဲ႕ညီျဖစ္သူဟာ ႏိုက္ကလပ္ေရွ႕မွာ ျဖစ္ပြားခဲ့တဲ့ တိုက္ခိုက္မႈအတြင္း လည္မ်ိဳကို တံေတာင္နဲ႔ တြတ္ခံခဲ့ရတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး ေဗာ့ဒ္ကာပုလင္းတစ္လုံးကလည္း နယူးကာဆယ္အသင္းေခါင္းေဆာင္ဆီ ဝဲပ်ံလာခဲ့ေပမယ့္ ကံေကာင္းစြာနဲ႔ ဦးေခါင္းနဲ႔ သီသီေလး လြဲေခ်ာ္သြားခဲ့တာျဖစ္ပါတယ္။

အမ်ိဳးသား ၆ ဦးကေန ၈ ဦးအထိ ပါဝင္တဲ့ အုပ္စုဟာ နယူးကာဆယ္အသင္းေခါင္းေဆာင္ကို ဝိုင္းဝန္းထိုးႀကိတ္ခဲ့ၾကတာျဖစ္ၿပီး လက္စ္ဆဲလ္စ္ဟာ အဲဒီထဲက တစ္ဦးကို အေမွာက္သိပ္ႏိုင္ခဲ့ေပမယ့္လည္း ၎ရဲ႕ ညီျဖစ္သူက လက္သီးခ်က္ေၾကာင့္ ႏွာေခါင္းေသြးလွ်ံသြားခဲ့သလို သူငယ္ခ်င္းျဖစ္သူကလည္း ေမ့ေမ်ာသြားခဲ့တာျဖစ္ပါတယ္။

လက္စ္ဆဲလ္စ္ဟာ ရန္ပြဲျဖစ္ေနတဲ့တေလွ်ာက္လုံးမွာ ကိုယ့္ကိုကိုယ္ ကာကြယ္တဲ့အေနနဲ႔သာ တိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး ဆိုးသြမ္းအမ်ိဳးသားအုပ္စုဟာ နယူးကာဆယ္ေနာက္ခံလူရဲ႕သူငယ္ခ်င္းကို ေဆး႐ုံပို႔ေဆာင္ဖို႔ အေရးေပၚကားမေရာက္လာခင္မွာ ထြက္ေျပးသြားၾကတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.