La Liga Match Report

ဗက်လက်ကာနိုကို ၇ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ အက်သလက်တီကို မက်ဒရစ်

အက်သလက်တီကို မက်ဒရစ်ဟာ မြို့ခံပြိုင်ဘက် ရာယို ဗယ်လက်ကာနိုကို ၇-၀ နဲ့ အနိုင်ရရှိခဲ့ပြီး လာလီဂါမှာ အကြီးမားဆုံးသော အဝေးကွင်းနိုင်ပွဲကို ရရှိခဲ့ပါတယ်။

ဒီယေဂို ဆီမြွန်နီရဲ့အသင်းဟာ ပွဲကစားချိန် ၃၆ မိနစ်မှာပဲ ဂရစ်ဇ်မန်း၊ မန်းဖစ် ဒီပိုင်း၊ နာဟူးလ် မိုလီနာတို့ရဲ့ သွင်းဂိုးတွေကြောင့် ၃-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ မိုရာတာက ၂ ဂိုး၊ ကော်ရီရာနဲ့ ယော်ရန်တေးတို့က တစ်ဂိုးစီ ထပ်မံသွင်းယူသွားခဲ့ကြတာဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်ဟာ ဒီအဝေးကွင်းနိုင်ပွဲကြောင့် လာလီဂါ ၃ ပွဲကစားပြီးနောက် ရီးရဲလ်မက်ဒရစ်ရဲ့နောက် ၂ မှတ်အကွာ ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး ပွဲအပြီးမှာ ဂရစ်ဇ်မန်းက အသင်းရဲ့ ကစားပုံအတွက် အလွန်ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့တွေ ပွဲအစကတည်းက ပြင်းထန်မှုတွေ အများအပြားနဲ့ အရမ်းကောင်းတဲ့ ပွဲစဉ်ကို ပိုင်ဆိုင်ခဲ့တယ်။ အရေးပါတဲ့ ၃ မှတ်ဖြစ်ခဲ့ပြီး အသင်းရဲ့ လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်အတွက် ဗယ်လက်ကာနိုနဲ့ပွဲစဉ်မှာ စိတ်ပျက်စရာဖြစ်ခဲ့ရတာဆိုလို့ ပထမပိုင်းမှာ မန်းဖစ် ဒီပိုင်းကို ဒဏ်ရာကြောင့် ဆုံးရှုံးခဲ့ရတာဖြစ်ပြီး ဒီပွဲစဉ် ရလဒ်ဟာ ၂၀၁၃ ခုနှစ်တုန်းက ဂီတာဖေးကို ၇-၀ နဲ့ အနိုင်ရခဲ့ပြီးနောက် ၂၁ ရာစုမှာ လာလီဂါပွဲစဉ်အတွင်း ၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဒုတိယမြောက် ပွဲစဉ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အက္သလက္တီကို မက္ဒရစ္ဟာ ၿမိဳ႕ခံၿပိဳင္ဘက္ ရာယို ဗယ္လက္ကာႏိုကို ၇-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီး လာလီဂါမွာ အႀကီးမားဆုံးေသာ အေဝးကြင္းႏိုင္ပြဲကို ရရွိခဲ့ပါတယ္။

ဒီေယဂို ဆီႁမြန္နီရဲ႕အသင္းဟာ ပြဲကစားခ်ိန္ ၃၆ မိနစ္မွာပဲ ဂရစ္ဇ္မန္း၊ မန္းဖစ္ ဒီပိုင္း၊ နာဟူးလ္ မိုလီနာတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ၃-၀ နဲ႔ ဦးေဆာင္ထားႏိုင္ခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာ မိုရာတာက ၂ ဂိုး၊ ေကာ္ရီရာနဲ႔ ေယာ္ရန္ေတးတို႔က တစ္ဂိုးစီ ထပ္မံသြင္းယူသြားခဲ့ၾကတာျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္ဟာ ဒီအေဝးကြင္းႏိုင္ပြဲေၾကာင့္ လာလီဂါ ၃ ပြဲကစားၿပီးေနာက္ ရီးရဲလ္မက္ဒရစ္ရဲ႕ေနာက္ ၂ မွတ္အကြာ ဒုတိယေနရာကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ၿပီး ပြဲအၿပီးမွာ ဂရစ္ဇ္မန္းက အသင္းရဲ႕ ကစားပုံအတြက္ အလြန္ေပ်ာ္႐ႊင္မိတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ေတြ ပြဲအစကတည္းက ျပင္းထန္မႈေတြ အမ်ားအျပားနဲ႔ အရမ္းေကာင္းတဲ့ ပြဲစဥ္ကို ပိုင္ဆိုင္ခဲ့တယ္။ အေရးပါတဲ့ ၃ မွတ္ျဖစ္ခဲ့ၿပီး အသင္းရဲ႕ လုပ္ေဆာင္မႈနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ အရမ္းေပ်ာ္႐ႊင္မိပါတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္အတြက္ ဗယ္လက္ကာႏိုနဲ႔ပြဲစဥ္မွာ စိတ္ပ်က္စရာျဖစ္ခဲ့ရတာဆိုလို႔ ပထမပိုင္းမွာ မန္းဖစ္ ဒီပိုင္းကို ဒဏ္ရာေၾကာင့္ ဆုံးရႈံးခဲ့ရတာျဖစ္ၿပီး ဒီပြဲစဥ္ ရလဒ္ဟာ ၂၀၁၃ ခုႏွစ္တုန္းက ဂီတာေဖးကို ၇-၀ နဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ ၂၁ ရာစုမွာ လာလီဂါပြဲစဥ္အတြင္း ၇ ဂိုးအထိ သြင္းယူႏိုင္ခဲ့တဲ့ ဒုတိယေျမာက္ ပြဲစဥ္ျဖစ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.