Premier League

လူပြောများနေတဲ့ ကာဆယ်လက်ထောက်နည်းပြကို တိတ်တိတ်နေခိုင်းခဲ့တဲ့ ကလော့ပ်ရဲ့ ပုံ

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ဟာ စိန့်ဂျိမ်းစ်ပါ့ခ်မှာ နယူးကာဆယ်ကို ၁-၀ နဲ့ ရှုံးနိမ့်နေရာကနေ တစ်ယောက်လျော့နဲ့ နိုင်ပွဲ ပြန်လည်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် နယူးကာဆယ် လက်ထောက်နည်းပြ ဂျေဆင် တင်ဒယ်ကို ပြန်လည်လှောင်ပြောင်ခဲ့တဲ့ ဓာတ်ပုံ ထွက်ပေါ်လာခဲ့ပေမယ့်လည်း အမှန်တော့ အဲဒီလို မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

အန်သိုနီ ဂေါ်ဒွန်က ၂၅ မိနစ်မှာ နယူးကာဆယ်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ဗန်ဒိုက်က အလက်ဇန်းဒါး အီဆက်ခ်ကို ဖျက်ထုတ်မှုအတွက် အငြင်းပွားဖွယ် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးလ်က တစ်ယောက်လျော့သွားခဲ့ပေမယ့် အခြေအနေတွေကို ပြောင်းလဲပစ်နိုင်ခဲ့ပြီး ဒါဝင် နူးညက်ဇ်က အရန်ခုံကနေ ဝင်ကစားပြီးနောက် အလွန်ကောင်းမွန်တဲ့ ချေပဂိုးနဲ့ နောက်ကျအနိုင်ဂိုးတို့ကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

တင်ဒယ်ဟာ ပထမပိုင်းတုန်းက အလက်ဇန်းဒါး-အာနိုး ဒုတိယအဝါကတ် ပြသခြင်း မခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကွင်းဘေးစည်းမှာ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်နဲ့ စကားများခဲ့တဲ့အချိန်မှာ ပါးစပ်ပိတ်ထားဖို့ အမူအရာ လုပ်ပြခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်ကို လီဗာပူးလ်က အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့ပြီးနောက် လူမှုကွန်ရက်ပေါ်မှာ ဂျာမန်လူမျိုးနည်းပြက တင်ဒယ်ကို ပါးစပ်ပြန်ပိတ်ခိုင်းခဲ့တဲ့ ဓာတ်ပုံက ပျံ့နှံ့လာခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ အဲဒီပုံဟာ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက ဖိုတိုရှော့ထားတဲ့ပုံတစ်ပုံသာဖြစ်တယ်ဆိုတာ သိရှိခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ဟာ စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ နယူးကာဆယ္ကို ၁-၀ နဲ႔ ရႈံးနိမ့္ေနရာကေန တစ္ေယာက္ေလ်ာ့နဲ႔ ႏိုင္ပြဲ ျပန္လည္ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ၿပီးေနာက္ နယူးကာဆယ္ လက္ေထာက္နည္းျပ ေဂ်ဆင္ တင္ဒယ္ကို ျပန္လည္ေလွာင္ေျပာင္ခဲ့တဲ့ ဓာတ္ပုံ ထြက္ေပၚလာခဲ့ေပမယ့္လည္း အမွန္ေတာ့ အဲဒီလို မျဖစ္ခဲ့ဘူးလို႔ သိရပါတယ္။

အန္သိုနီ ေဂၚဒြန္က ၂၅ မိနစ္မွာ နယူးကာဆယ္အတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး ဗန္ဒိုက္က အလက္ဇန္းဒါး အီဆက္ခ္ကို ဖ်က္ထုတ္မႈအတြက္ အျငင္းပြားဖြယ္ တိုက္႐ိုက္ အနီကတ္နဲ႔ ထုတ္ပယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လီဗာပူးလ္က တစ္ေယာက္ေလ်ာ့သြားခဲ့ေပမယ့္ အေျခအေနေတြကို ေျပာင္းလဲပစ္ႏိုင္ခဲ့ၿပီး ဒါဝင္ ႏူးညက္ဇ္က အရန္ခုံကေန ဝင္ကစားၿပီးေနာက္ အလြန္ေကာင္းမြန္တဲ့ ေခ်ပဂိုးနဲ႔ ေနာက္က်အႏိုင္ဂိုးတို႔ကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

တင္ဒယ္ဟာ ပထမပိုင္းတုန္းက အလက္ဇန္းဒါး-အာႏိုး ဒုတိယအဝါကတ္ ျပသျခင္း မခံခဲ့ရတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ကြင္းေဘးစည္းမွာ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္နဲ႔ စကားမ်ားခဲ့တဲ့အခ်ိန္မွာ ပါးစပ္ပိတ္ထားဖို႔ အမူအရာ လုပ္ျပခဲ့တာျဖစ္ပါတယ္။

နယူးကာဆယ္ကို လီဗာပူးလ္က အံ့အားသင့္ဖြယ္ အႏိုင္ရရွိခဲ့ၿပီးေနာက္ လူမႈကြန္ရက္ေပၚမွာ ဂ်ာမန္လူမ်ိဳးနည္းျပက တင္ဒယ္ကို ပါးစပ္ျပန္ပိတ္ခိုင္းခဲ့တဲ့ ဓာတ္ပုံက ပ်ံ႕ႏွံ႔လာခဲ့တာျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ အဲဒီပုံဟာ လူမႈကြန္ရက္အသုံးျပဳသူတစ္ဦးက ဖိုတိုေရွာ့ထားတဲ့ပုံတစ္ပုံသာျဖစ္တယ္ဆိုတာ သိရွိခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.