La Liga

ဗီလာရီးရဲလ်ကို ဂိုးများများပိုမသွင်းနိုင်ခဲ့လို့ စိတ်ပျက်ခဲ့တဲ့ ဇာဗီ

ဘာစီလိုနာဟာ တနင်္ဂနွေနေ့ညနေက ဗီလာရီးရဲလ်အိမ်ကွင်းမှာ ယခုရာသီ လာလီဂါရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲစဉ်တစ်ပွဲကို ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။

ဘာစီလိုနာဟာ ဂါဗီ၊ ဒီဂျောင်တို့ရဲ့ ပထမပိုင်း ၁၅ မိနစ်အတွင်း သွင်းယူခဲ့တဲ့ သွင်းဂိုးတွေနဲ့ အဝေးကွင်းမှာ ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ဖွိုက်သ်၊ ဆောလော့သ်နဲ့ ဘေနာတို့က အိမ်ရှင်အတွက် ဂိုးတွေ ပြန်လည်သွင်းယူသွားခဲ့တာကြောင့် နောက်ကနေ ပြန်လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။

၆၈ မိနစ်မှာ ဖာရန် တောရက်စ်က ဘာစီလိုနာအတွက် အရေးကြီးတဲ့ ချေပဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် ၃ မိနစ်အကြာမှာပဲ လီဗန်ဒေါ့ဗ်စကီးက အဖိုးတန် အဝေးကွင်းအနိုင် ၃ မှတ် ရရှိစေမယ့် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဇာဗီက ပွဲပယ်ပြစ်ဒဏ်ကြောင့် ကွင်းဘေးစည်းမှာ ရှိမနေခဲ့ဘဲ ပွဲကြည့်စင်ကနေသာ ပွဲကို ကြည့်ရှုရင်း ကွင်းဘေးစည်းမှာရှိနေတဲ့ ညီဖြစ်သူနဲ့ အဆက်မပြတ်အဆက်အသွယ် လုပ်နေခဲ့တာ ဖြစ်ပါတယ်။ ဗီလာရီးရလ်ကို ၄-၃ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဇာဗီက ယေဘုယျအားဖြင့် အရမ်းကောင်းမွန်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပေမယ့် နောက်ထပ် ၂ ဂိုး၊ ၃ ဂိုးလောက် သွင်းနိုင်ခဲ့ရမှာဖြစ်ပြီး ခံစစ်ပိုင်းမှာ ဆိုးရွားခဲ့တယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

“ယေဘုယျအားဖြင့် အရမ်းကောင်းတဲ့ပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ နောက်ထပ် ၂ ဂိုး၊ ၃ ဂိုးလောက် သွင်းယူနိုင်ခဲ့သင့်တာပါ။ ကျွန်တော်တို့ ခံစစ်ပိုင်းမှာ ဆိုးရွားခဲ့ပါတယ်။ ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပြီးနောက် အခွင့်အရေးတွေအများကြီး ခွင့်ပြုခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့အမှားတွေက ကျွန်တော်တို့ကို ဒုက္ခရောက်စေခဲ့ပါတယ်။ ၃-၂ နဲ့ ဦးဆောင်နိုင်ပြီးနောက် ကျွန်တော်တို့ ကောင်းမွန်တဲ့ ဘောလုံးကစားပုံ စကစားနိုင်ခဲ့တယ်။ အဆုံးရလဒ်ကတော့ မျှတပါတယ်။ ကျွန်တော်တို့ သွင်းဂိုးတွေ ပိုရဖို့ ထိုက်တန်ခဲ့ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာဟာ တနဂၤေႏြေန႔ညေနက ဗီလာရီးရဲလ္အိမ္ကြင္းမွာ ယခုရာသီ လာလီဂါရဲ႕ စိတ္လႈပ္ရွားစရာအေကာင္းဆုံးပြဲစဥ္တစ္ပြဲကို ယွဥ္ၿပိဳင္ကစားခဲ့ရပါတယ္။

ဘာစီလိုနာဟာ ဂါဗီ၊ ဒီေဂ်ာင္တို႔ရဲ႕ ပထမပိုင္း ၁၅ မိနစ္အတြင္း သြင္းယူခဲ့တဲ့ သြင္းဂိုးေတြနဲ႔ အေဝးကြင္းမွာ ၂-၀ နဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း ဖြိဳက္သ္၊ ေဆာေလာ့သ္နဲ႔ ေဘနာတို႔က အိမ္ရွင္အတြက္ ဂိုးေတြ ျပန္လည္သြင္းယူသြားခဲ့တာေၾကာင့္ ေနာက္ကေန ျပန္လိုက္ကစားခဲ့ရတာျဖစ္ပါတယ္။

၆၈ မိနစ္မွာ ဖာရန္ ေတာရက္စ္က ဘာစီလိုနာအတြက္ အေရးႀကီးတဲ့ ေခ်ပဂိုးကို သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ၃ မိနစ္အၾကာမွာပဲ လီဗန္ေဒါ့ဗ္စကီးက အဖိုးတန္ အေဝးကြင္းအႏိုင္ ၃ မွတ္ ရရွိေစမယ့္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဇာဗီက ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ကြင္းေဘးစည္းမွာ ရွိမေနခဲ့ဘဲ ပြဲၾကည့္စင္ကေနသာ ပြဲကို ၾကည့္ရႈရင္း ကြင္းေဘးစည္းမွာရွိေနတဲ့ ညီျဖစ္သူနဲ႔ အဆက္မျပတ္အဆက္အသြယ္ လုပ္ေနခဲ့တာ ျဖစ္ပါတယ္။ ဗီလာရီးရလ္ကို ၄-၃ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ ဇာဗီက ေယဘုယ်အားျဖင့္ အရမ္းေကာင္းမြန္တဲ့ပြဲတစ္ပြဲျဖစ္ခဲ့ေပမယ့္ ေနာက္ထပ္ ၂ ဂိုး၊ ၃ ဂိုးေလာက္ သြင္းႏိုင္ခဲ့ရမွာျဖစ္ၿပီး ခံစစ္ပိုင္းမွာ ဆိုး႐ြားခဲ့တယ္လို႔ ဝန္ခံခဲ့တာျဖစ္ပါတယ္။

“ေယဘုယ်အားျဖင့္ အရမ္းေကာင္းတဲ့ပြဲျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ေနာက္ထပ္ ၂ ဂိုး၊ ၃ ဂိုးေလာက္ သြင္းယူႏိုင္ခဲ့သင့္တာပါ။ ကြၽန္ေတာ္တို႔ ခံစစ္ပိုင္းမွာ ဆိုး႐ြားခဲ့ပါတယ္။ ၂-၀ နဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီးေနာက္ အခြင့္အေရးေတြအမ်ားႀကီး ခြင့္ျပဳခဲ့ရပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕အမွားေတြက ကြၽန္ေတာ္တို႔ကို ဒုကၡေရာက္ေစခဲ့ပါတယ္။ ၃-၂ နဲ႔ ဦးေဆာင္ႏိုင္ၿပီးေနာက္ ကြၽန္ေတာ္တို႔ ေကာင္းမြန္တဲ့ ေဘာလုံးကစားပုံ စကစားႏိုင္ခဲ့တယ္။ အဆုံးရလဒ္ကေတာ့ မွ်တပါတယ္။ ကြၽန္ေတာ္တို႔ သြင္းဂိုးေတြ ပိုရဖို႔ ထိုက္တန္ခဲ့ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.