La Liga Ligue1

ရီးရဲလ်မက်ဒရစ်ကို အမ်ဘာပေအတွက် ပေးရမယ့်စျေး သတ်မှတ်လိုက်တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာ ယခုနွေရာသီမှာ ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေတဲ့ ခီလီယန် အမ်ဘာပေကို ယူရိုသန်း ၂၅၀ ထက်လျော့နည်းတဲ့ ပမာဏနဲ့ ရောင်းချမှာမဟုတ်ဘူးလို့ ပြင်သစ်က သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ပြင်သစ်လီဂူးဝမ်းကလပ်ဟာ ပြင်သစ်တိုက်စစ်မှူးကို ၂၀၂၄ ခုနှစ် နွေရာသီထက်ကျော်လွန်ပြီး အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ အကောင်းမြင်နေပြီး ယခုနွေရာသီမှာ ရီးရဲလ်မက်ဒရစ်ဆီကနေ အံ့အားသင့်ဖွယ်ကမ်းလှမ်းမှုမျိုးရောက်မလာတာကို အံ့အားသင့်ခဲ့တယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေကို ကမ်းလှမ်းမှု ပြုလုပ်ဖို့အတွက် အချိန်ရှိနေသေးပေမယ့်လည်း ပြီးခဲ့တဲ့အပတ်မှာ ပြင်သစ်တိုက်စစ်မှူးက အသင်းနဲ့ ပြန်လည်ပူးပေါင်းခွင့် ပြုခြင်းခံခဲ့ရပြီးနောက် အပြောင်းအရွှေ့ဇာတ်လမ်းက အနည်းငယ် အေးစက်လာခဲ့တာဖြစ်ပါတယ်။

အမှန်တကယ်လည်း အမ်ဘာပေနဲ့ ပီအက်စ်ဂျီတို့ကြား စာချုပ်သက်တမ်းတိုးဖို့ အလားအလာများနေပုံပေါ်နေပေမယ့်လည်း သိပ်မကြာမီအချိန်အတွင်းမှာတော့ ဖြစ်လာဖွယ်မရှိသေးတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ပရိသတ်တွေကလည်း ယခုနွေရာသီ သို့မဟုတ် လာမယ့်နွေရာသီမှာ အမ်ဘာပေက ဘာနေဗျူးကို ပြောင်းရွှေ့လာလိမ့်မယ်လို့ မျှော်လင့်နေပေမယ့်လည်း ပီအက်စ်ဂျီက လက်ရှိမှာ ကြီးမားတဲ့ ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်တာဖြစ်ပြီး တကယ်လို့သာ စာချုပ်သက်တမ်းသာ တိုးနိုင်ခဲ့မယ်ဆိုရင် လာမယ့်နှစ်နွေရာသီမှာ ပိုလို့တောင် စျေးများလာဖွယ်ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီဟာ ယခုေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္က ေခၚယူဖို႔ သတင္းေတြ အခိုင္အမာထြက္ေပၚေနတဲ့ ခီလီယန္ အမ္ဘာေပကို ယူ႐ိုသန္း ၂၅၀ ထက္ေလ်ာ့နည္းတဲ့ ပမာဏနဲ႔ ေရာင္းခ်မွာမဟုတ္ဘူးလို႔ ျပင္သစ္က သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ျပင္သစ္လီဂူးဝမ္းကလပ္ဟာ ျပင္သစ္တိုက္စစ္မႉးကို ၂၀၂၄ ခုႏွစ္ ေႏြရာသီထက္ေက်ာ္လြန္ၿပီး အသင္းမွာ ဆက္လက္ထိန္းသိမ္းထားႏိုင္မယ္လို႔ အေကာင္းျမင္ေနၿပီး ယခုေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္ဆီကေန အံ့အားသင့္ဖြယ္ကမ္းလွမ္းမႈမ်ိဳးေရာက္မလာတာကို အံ့အားသင့္ခဲ့တယ္လို႔ သိရပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ အမ္ဘာေပကို ကမ္းလွမ္းမႈ ျပဳလုပ္ဖို႔အတြက္ အခ်ိန္ရွိေနေသးေပမယ့္လည္း ၿပီးခဲ့တဲ့အပတ္မွာ ျပင္သစ္တိုက္စစ္မႉးက အသင္းနဲ႔ ျပန္လည္ပူးေပါင္းခြင့္ ျပဳျခင္းခံခဲ့ရၿပီးေနာက္ အေျပာင္းအေ႐ႊ႕ဇာတ္လမ္းက အနည္းငယ္ ေအးစက္လာခဲ့တာျဖစ္ပါတယ္။

အမွန္တကယ္လည္း အမ္ဘာေပနဲ႔ ပီအက္စ္ဂ်ီတို႔ၾကား စာခ်ဳပ္သက္တမ္းတိုးဖို႔ အလားအလာမ်ားေနပုံေပၚေနေပမယ့္လည္း သိပ္မၾကာမီအခ်ိန္အတြင္းမွာေတာ့ ျဖစ္လာဖြယ္မရွိေသးတာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ပရိသတ္ေတြကလည္း ယခုေႏြရာသီ သို႔မဟုတ္ လာမယ့္ေႏြရာသီမွာ အမ္ဘာေပက ဘာေနဗ်ဴးကို ေျပာင္းေ႐ႊ႕လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနေပမယ့္လည္း ပီအက္စ္ဂ်ီက လက္ရွိမွာ ႀကီးမားတဲ့ ေျပာင္းေ႐ႊ႕ေၾကး သတ္မွတ္လိုက္တာျဖစ္ၿပီး တကယ္လို႔သာ စာခ်ဳပ္သက္တမ္းသာ တိုးႏိုင္ခဲ့မယ္ဆိုရင္ လာမယ့္ႏွစ္ေႏြရာသီမွာ ပိုလို႔ေတာင္ ေစ်းမ်ားလာဖြယ္ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.