Bundesliga

ဘွန်ဒက်စ်လီဂါအိမ်ကွင်းပွဲဦးထွက်မှာ ၂ ဂိုးသွင်းပြီး စံချိန်သစ်ရေးထိုးနိုင်ခဲ့တဲ့ ဟာရီ ကိန်း

ဟာရီ ကိန်းဟာ တနင်္ဂနွေနေ့ညနေက အော့စ်ဘာ့ဂ်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အတွက် ပွဲဦးထွက်ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ပထမပိုင်း မိနစ် ၄၀ မှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေတဆင့် ဘိုင်ယန်မြူးနစ်အတွက် ဘွန်ဒက်စ်လီဂါအိမ်ကွင်းပွဲဦးထွက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ၆၉ မိနစ်မှာ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဖဲလစ် အူဒိုခိုင်က ဆာနေးရဲ့ ကန်ချက် တိုင်ထိထွက်ခဲ့ပြီးနောက် ကိုယ့်ဂိုးကိုယ် ပြန်သွင်းယူမိခဲ့တဲ့ဂိုးကြောင့် ဦးဆောင်ဂိုး ရရှိခဲ့တာဖြစ်ပြီး ဒီယွန် ဘယ်ဟိုက ဧည့်သည်အသင်းအတွက် နောက်ကျ နှစ်သိမ့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဟာရီ ကိန်းရဲ့ သွင်းဂိုးတွေဟာ ဇနီးဖြစ်သူက ၎င်းတို့ ၂ ဦးရဲ့ စတုတ္ထမြောက်ရင်သွေးလေးကို မွေးဖွားပေးခဲ့ပြီးနောက် ရက်သတ္တပတ်အကြာမှာမှာပဲ ရရှိခဲ့တာဖြစ်ပြီး အင်္ဂလန်တိုက်စစ်မှူးက သွင်းဂိုးတွေ သွင်းယူဖို့ပဲ ဘွန်ဒက်စ်လီဂါကို ရောက်လာခဲ့တာဖြစ်တယ်လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

“သွင်းဂိုးတွေ သွင်းယူဖို့က ကျွန်တော်ဒီမှာရှိနေရတဲ့ အဓိကအကြောင်းအရင်းပါ။ ဒီနေ့ ဂိုးတွေ အများကြီးသွင်းယူနိုင်တာက အရမ်းကောင်းပါတယ်။ ကျွန်တော် ဂိုးသွင်းယူနိုင်မယ့် နောက်ထပ်အခွင့်အရေးရခဲ့ပေမယ့် အားလုံးခြုံပြောရရင် ရလဒ်နဲ့ အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့တာကို ဝမ်းမြောက်ပျော်ရွှင်မိတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဟာရီ ကိန်းဟာ အော့စ်ဘာ့ဂ်နဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ဘိုင်ယန်မြူးနစ်အသင်းသမိုင်းတလျှောက်မှာ ပထမဆုံး ပွဲစဉ် ၂ ပွဲမှာ ၃ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တတိယမြောက် ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပြီး ၁၉၆၇ ခုနှစ်က ဂူစတက်ဗ် ဂျွန်နဲ့ ၁၉၉၃ ခုနှစ်က အဒေါ်ဖို ဗလင်စီယာတို့နဲ့အတူ မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဟာရီ ကိန္းဟာ တနဂၤေႏြေန႔ညေနက ေအာ့စ္ဘာ့ဂ္ကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဘိုင္ယန္ျမဴးနစ္အတြက္ ပြဲဦးထြက္ပါဝင္ကစားေပးခဲ့ၿပီး သြင္းဂိုး ၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ဟာ ပထမပိုင္း မိနစ္ ၄၀ မွာ ရရွိခဲ့တဲ့ ပင္နယ္တီကေနတဆင့္ ဘိုင္ယန္ျမဴးနစ္အတြက္ ဘြန္ဒက္စ္လီဂါအိမ္ကြင္းပြဲဦးထြက္သြင္းဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ၆၉ မိနစ္မွာ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာ ဖဲလစ္ အူဒိုခိုင္က ဆာေနးရဲ႕ ကန္ခ်က္ တိုင္ထိထြက္ခဲ့ၿပီးေနာက္ ကိုယ့္ဂိုးကိုယ္ ျပန္သြင္းယူမိခဲ့တဲ့ဂိုးေၾကာင့္ ဦးေဆာင္ဂိုး ရရွိခဲ့တာျဖစ္ၿပီး ဒီယြန္ ဘယ္ဟိုက ဧည့္သည္အသင္းအတြက္ ေနာက္က် ႏွစ္သိမ့္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဟာရီ ကိန္းရဲ႕ သြင္းဂိုးေတြဟာ ဇနီးျဖစ္သူက ၎တို႔ ၂ ဦးရဲ႕ စတုတၳေျမာက္ရင္ေသြးေလးကို ေမြးဖြားေပးခဲ့ၿပီးေနာက္ ရက္သတၱပတ္အၾကာမွာမွာပဲ ရရွိခဲ့တာျဖစ္ၿပီး အဂၤလန္တိုက္စစ္မႉးက သြင္းဂိုးေတြ သြင္းယူဖို႔ပဲ ဘြန္ဒက္စ္လီဂါကို ေရာက္လာခဲ့တာျဖစ္တယ္လို႔ ပြဲအၿပီးမွာ ေျပာဆိုခဲ့ပါတယ္။

“သြင္းဂိုးေတြ သြင္းယူဖို႔က ကြၽန္ေတာ္ဒီမွာရွိေနရတဲ့ အဓိကအေၾကာင္းအရင္းပါ။ ဒီေန႔ ဂိုးေတြ အမ်ားႀကီးသြင္းယူႏိုင္တာက အရမ္းေကာင္းပါတယ္။ ကြၽန္ေတာ္ ဂိုးသြင္းယူႏိုင္မယ့္ ေနာက္ထပ္အခြင့္အေရးရခဲ့ေပမယ့္ အားလုံးၿခဳံေျပာရရင္ ရလဒ္နဲ႔ အသင္းအတြက္ ဂိုးသြင္းယူေပးႏိုင္ခဲ့တာကို ဝမ္းေျမာက္ေပ်ာ္႐ႊင္မိတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဟာရီ ကိန္းဟာ ေအာ့စ္ဘာ့ဂ္နဲ႔ပြဲစဥ္မွာ သြင္းယူခဲ့တဲ့ သြင္းဂိုး ၂ ဂိုးေၾကာင့္ ဘိုင္ယန္ျမဴးနစ္အသင္းသမိုင္းတေလွ်ာက္မွာ ပထမဆုံး ပြဲစဥ္ ၂ ပြဲမွာ ၃ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ တတိယေျမာက္ ကစားသမားျဖစ္လာခဲ့ၿပီျဖစ္ၿပီး ၁၉၆၇ ခုႏွစ္က ဂူစတက္ဗ္ ဂြၽန္နဲ႔ ၁၉၉၃ ခုႏွစ္က အေဒၚဖို ဗလင္စီယာတို႔နဲ႔အတူ မွတ္တမ္းဝင္သြားခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.