Bundesliga Match Report

ဘွန်ဒက်စ်လီဂါပွဲဦးထွက်မှာ သွင်းဂိုး ၂ ဂိုးအထိ ပါဝင်ပတ်သက်ပေးခဲ့တဲ့ ဟာရီ ကိန်း

ဟာရီ ကိန်းဟာ ဝါဒါ ဘရီမင်နဲ့ ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အတွက် ပွဲဦးထွက် ပါဝင်ကစားပေးခဲ့ပြီး ပထမဆုံး ဘွန်ဒက်စ်လီဂါသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ဘိုင်ယန်မြူးနစ်ကို ၂-၀ နဲ့ ဦးဆောင်နိုင်အောင် ပွဲဦးထွက်ပွဲစဉ်မှာပဲ ပထမဆုံးသွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး သောမတ်စ် တူဟယ်ရဲ့အသင်းအတွက် အဖွင့်ဂိုးကိုလည်း ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

အယ်လ်ဖွန်ဆို ဒေးဗီးစ်ရဲ့ ဘယ်တောင်ပံကနေ အလွန်ကောင်းမွန်တဲ့ ပေးပို့မှုကနေတဆင့် ဟာရီ ကိန်းက ဝါဒါဘရီမင် နောက်ခံလူတွေကြားထဲမှာ လူကပ်မခံထားရဘဲ လွတ်လွတ်ကျွတ်ကျွတ် ဂိုးသွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ ၎င်းရဲ့ ပုံစံအတိုင်းပဲ ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပြီး ကိန်းရဲ့ ကန်ချက်က နောက်ခံလူ အေမို့စ် ပီပါနဲ့ အနည်းငယ်ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့တာဖြစ်ပါတယ်။

ဒီသွင်းဂိုးဟာ ဟာရီ ကိန်းရဲ့ ဝါဒါဘရီမင်နဲ့ပွဲစဉ်မှာပါဝင်ပတ်သက်ခဲ့တဲ့ နောက်ဆုံး သွင်းဂိုးဖြစ်ခဲ့ပြီး နာကျင်မှုကြောင့် လဲကျသွားခဲ့ပြီးနောက် အသက် ၃၀ အရွယ်တိုက်စစ်မှူးကို ဘိုင်ယန်မြူးနစ်က လူစားလဲလှယ်ခဲ့တာဖြစ်ပါတယ်။

 

ပထမပိုင်း ၄ မိနစ်မှာပဲ ဟာရီ ကိန်းဟာ တန်ပြန်တိုက်စစ်ဆင်ပြီး ဂိုးရှေ့ကို ပြေးထွက်သွားတဲ့ လီရွိုင်း ဆာနေးရဲ့ ပြေးလမ်းကြောင်းထဲကို ချပေးခဲ့ပြီးနောက် ဂျာမန်တောင်ပံကစားသမားက ဂိုးသမားနဲ့ တစ်ဦးချင်း ကန်သွင်းယူသွားခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ ဘိုင်ယန်မြူးနစ်က ၄-၀ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဟာရီ ကိန္းဟာ ဝါဒါ ဘရီမင္နဲ႔ ကစားခဲ့တဲ့ ဘြန္ဒက္စ္လီဂါပြဲစဥ္မွာ ဘိုင္ယန္ျမဴးနစ္အတြက္ ပြဲဦးထြက္ ပါဝင္ကစားေပးခဲ့ၿပီး ပထမဆုံး ဘြန္ဒက္စ္လီဂါသြင္းဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။

အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ဘိုင္ယန္ျမဴးနစ္ကို ၂-၀ နဲ႔ ဦးေဆာင္ႏိုင္ေအာင္ ပြဲဦးထြက္ပြဲစဥ္မွာပဲ ပထမဆုံးသြင္းဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး ေသာမတ္စ္ တူဟယ္ရဲ႕အသင္းအတြက္ အဖြင့္ဂိုးကိုလည္း ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။

အယ္လ္ဖြန္ဆို ေဒးဗီးစ္ရဲ႕ ဘယ္ေတာင္ပံကေန အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈကေနတဆင့္ ဟာရီ ကိန္းက ဝါဒါဘရီမင္ ေနာက္ခံလူေတြၾကားထဲမွာ လူကပ္မခံထားရဘဲ လြတ္လြတ္ကြၽတ္ကြၽတ္ ဂိုးသြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

အဂၤလန္တိုက္စစ္မႉးဟာ ၎ရဲ႕ ပုံစံအတိုင္းပဲ ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ၿပီး ကိန္းရဲ႕ ကန္ခ်က္က ေနာက္ခံလူ ေအမို႔စ္ ပီပါနဲ႔ အနည္းငယ္ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့တာျဖစ္ပါတယ္။

ဒီသြင္းဂိုးဟာ ဟာရီ ကိန္းရဲ႕ ဝါဒါဘရီမင္နဲ႔ပြဲစဥ္မွာပါဝင္ပတ္သက္ခဲ့တဲ့ ေနာက္ဆုံး သြင္းဂိုးျဖစ္ခဲ့ၿပီး နာက်င္မႈေၾကာင့္ လဲက်သြားခဲ့ၿပီးေနာက္ အသက္ ၃၀ အ႐ြယ္တိုက္စစ္မႉးကို ဘိုင္ယန္ျမဴးနစ္က လူစားလဲလွယ္ခဲ့တာျဖစ္ပါတယ္။

 

ပထမပိုင္း ၄ မိနစ္မွာပဲ ဟာရီ ကိန္းဟာ တန္ျပန္တိုက္စစ္ဆင္ၿပီး ဂိုးေရွ႕ကို ေျပးထြက္သြားတဲ့ လီ႐ြိဳင္း ဆာေနးရဲ႕ ေျပးလမ္းေၾကာင္းထဲကို ခ်ေပးခဲ့ၿပီးေနာက္ ဂ်ာမန္ေတာင္ပံကစားသမားက ဂိုးသမားနဲ႔ တစ္ဦးခ်င္း ကန္သြင္းယူသြားခဲ့တာျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ ဘိုင္ယန္ျမဴးနစ္က ၄-၀ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.