Match Report Premier League

ပရီးမီးယားလိဂ်က ခက်ခဲလာချိန်မှာ ညှစ်ရုန်းတတ်မှ နိုင်တာလို့ ပညာပေးတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာလည်း ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဒီယက်စ်၊ အာကေ၊ ဝေါ်လ်ကာနဲ့ ဂွါဒီယောလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာ ရိုဒရီ၊ ကိုဗာချစ်ချ်၊ ဂရီးလစ်ရှ်၊ အယ်လ်ဗာရက်ဇ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဟားလန်းတစ်ဦးတည်း တင်ကစားလာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် တန်းတက် ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းကတော့ ဂိုးသမား ဖိုဒါရင်ဂမ်၊ ခံစစ်မှာ အီဂန်၊ အာမက်ဟော့ဂျစ်နဲ့ ရော်ဘင်ဆန်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဘောလ်ဒေါ့ခ်၊ ဗီနီးရှပ်စ် ဆူဇာ၊ နော်ဝုဒ်၊ ဟေးမားနဲ့ အော့စ်ဘွန်းတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ အိုဆူလာနဲ့ ဘင်နီ ထရာအိုရေးတို့ကို တွဲဖက်ပေးခဲ့တာပါ။

ဂွါဒီယိုလာ ကျောဒဏ်ရာကြောင့် ပါဝင်မလာတဲ့ မန်စီးတီးတို့ကတော့ ပြိုင်ဘက်ကို နည်းပြတစ်ယောက် အကျောပေးခဲ့ရသလို လက်ထောက် ဟွမ်မာ လီယိုက ကိုင်တွယ်ခဲ့ရပြီး သူ့လူတွေကတော့ သေသေချာချာ လေ့ကျင့်ထားခဲ့တဲ့ ကစားကွက်အတိုင်း ကစားခဲ့ကြချိန်မှာ ရှက်ဖီးလ်ဒ်တို့ကို အသာစီးနဲ့ ထိန်းချုပ်နိုင်ခဲ့ကြပါတယ်။

ဒီနေ့ပွဲမှာ မန်စီးတီးတို့ ဂိုးပေါက်ကန်ခွင့် အကြိမ် ၃၀ အထိ ရရှိခဲ့ပေမယ့် တစ်ချိန်လုံးမှာ ဟားလန်းက တစ်ကိုယ်ကောင်းဆန်စွာပဲ ဖြုန်းတီးနေခဲ့သလို ပွဲချိန် မိနစ် ၂၀ မှာ ဖရီးကစ်ကနေ ရိုဒရီနဲ့ အာကေတို့ နှစ်ဆင့်ခေါင်းတိုက်ပြီး ဂိုးသွင်းခဲ့ကြပေမယ့် နှစ်ကြိမ်စလုံးမှာ လူကျွံနေတာကြောင့် အဖွင့်ဂိုးနဲ့ လွဲခဲ့ရတာပါ။

ပွဲချိန် ၃၅ မိနစ်မှာ အယ်လ်ဗာရက်ဇ်ရဲ့ ချိုးပေးတဲ့ ဘောလုံးက လျှောထိုးဖျက်တဲ့ ရှက်ဖီးလ်ဒ်နောက်ခံလူ အီဂန်ရဲ့ ဆန့်ထုတ်ထားတဲ့ လက်ကို မှန်ပြီး ပင်နယ်တီရခဲ့ပေမယ့် ဟားလန်းရဲ့ ကန်သွင်းမှုကတော့ ဂိုးသမား ဖိုဒါရင်ဂမ်ကို လှည့်စားနိုင်ခဲ့ပေမယ့် တိုင်ထိထွက်သွားခဲ့တာကြောင့် ပထမပိုင်းမှာ ဂိုးမရှိသရေပဲဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မန်စီးတီးတို့အနေနဲ့ ဘာနာဒို ဆေးလ်ဗားရဲ့ ညာတောင်ပံက ထိုးဖောက်ခဲ့ကြပြီး ရိုဒရီနဲ့ ဟားလန်းတို့ရဲ့ ကန်ချက်တွေက ဂိုးဘေးကိုပဲ ရောက်နေခဲ့ကြသလို ဒီနေ့ပွဲက ဂိုးပေါက်ကန်ခွင့် ၃၀ မှာ ၉ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာကတော့ ပြောစရာဖြစ်ခဲ့ပြီး သူတို့တွေအနေနဲ့ ကွင်းလယ်ဖန်တီးရှင်ကောင်း မရှိချိန်မှာ Clear Cut Chance တွေ ရရှိမှုနည်းပါးခဲ့တာပါ။

ပွဲချိန် ၆၃ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတွဲလုံးကနေ ဂရီးလစ်ရှ် ဘောလုံးပြန်ရလာပြီး ဧရိယာထဲအထိ ဆွဲဝင်ပြီးမှ ရှက်ဖီးလ်ဒ်နောက်ခံလူနှစ်ဦးကြားကနေ အဝေးတိုင်ဘက်ကို လှမ်းမ,တင်ပေးခဲ့ရာမှာ ကန်ချက်တွေ တစ်ချိန်လုံး လွဲချော်နေခဲ့တဲ့ ဟားလန်းက ဒီတစ်ခါတော့ ခေါင်းတိုက်ချက်ပြင်းပြင်းနဲ့ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ဟားလန်းရဲ့ သွင်းဂိုးကို တားဆီးဖို့ ကြိုးစားရာမှာ ဘယ်ဘက်တိုင်နား ရှိနေခဲ့တဲ့ ရှက်ဖီးလ်ဒ်နောက်ခံလူနှစ်ယောက် ဂျပုတွေဖြစ်နေခဲ့တာကတော့ အိမ်ရှင်တွေ ကံဆိုးခဲ့ရတာဖြစ်ပြီး ပြန်လည်တိုက်စစ်ဆင်ရာမှာ ဂိုးသမား မရှိတဲ့ အပေါက်ထဲကို အကန်ခံရတဲ့ မန်စီးတီးတို့ ဂိုးပြန်မပေးရအောင် နောက်ခံလူ ရူဘင် ဒီယက်စ်က ကိုယ်လုံးနဲ့ လှဲကာသွားခဲ့တာကတော့ ဒီပွဲရဲ့ ထင်သာမြင်သာရှိတဲ့ ဖြစ်ရပ်တစ်ခုလို့လည်း ဆိုရမှာပါ။

ပွဲချိန် ၈၅ မိနစ်မှာတော့ ရှက်ဖီးလ်ဒ်တို့ ချေပဂိုး ပြန်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဝေါ်လ်ကာရဲ့ ကပျစ်ကညစ်လုပ်ပြီး နောက်ပေါက်နဲ့ ချန်ထားတာခဲ့တဲ့ အမှားကြောင့် အခွင့်အရေးရသွားခဲ့တဲ့ အိမ်ရှင်တွေက ညာခြမ်းကို ပြန်ဖြန့်ပေးရာမှာ လူစားဝင်ကစားသမား ဘိုဂယ်လ်ရဲ့ ကန်ချက်က ဂွါဒီယောလ်နဲ့ ရှပ်ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့တာကြောင့် ဂွါဒီယိုလာ မပါတဲ့ မန်စီးတီးတို့ စိတ်ပူစရာဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၈၈ မိနစ်မှာတော့ မန်စီးတီးတို့ အနိုင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ မအောင်မြင်တဲ့ ဘယ်ခြမ်းက ဖြတ်တင်မှုကို ဝေါ်လ်ကာက ညာခြမ်းကနေ လိုက်လံရယူပြီး ဧရိယာထဲ ပြန်ချိုးပေးရာမှာ ဖိုဒန်ရဲ့ ထိန်းသိမ်းမှုကနေ လျှံထွက်လာတဲ့ ဘောလုံးကို ဘေးမှာ ရှိနေတဲ့ ရိုဒရီက ဘယ်ခြေနဲ့ လှမ်းကြုံးပြီး ရှက်ဖီးလ်ဒ်တို့ကို ငုတ်တုတ်မေ့စေခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ မန်စီးတီးတို့က ရှက်ဖီးလ်ဒ်တို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရပြီး သုံးပွဲကစားပြီးချိန်မှာ ရာနှုန်းပြည့် မှတ်တမ်းကို ဆက်လက် ထိန်းသိမ်းသွားနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာ ခက်ခဲလာတာ မှန်ပေမယ့် ညှစ်ရုန်းတတ်ဖို့တော့ လိုတယ်ဆိုပြီး အာဆင်နယ်နဲ့ ဘရိုက်တန်တို့ကို ပညာပေး ဇာတ်ကားပြသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာလည္း ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ဒီယက္စ္၊ အာေက၊ ေဝၚလ္ကာနဲ႔ ဂြါဒီေယာလ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာ ႐ိုဒရီ၊ ကိုဗာခ်စ္ခ်္၊ ဂရီးလစ္ရွ္၊ အယ္လ္ဗာရက္ဇ္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဟားလန္းတစ္ဦးတည္း တင္ကစားလာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ တန္းတက္ ရွက္ဖီးလ္ဒ္ယူႏိုက္တက္အသင္းကေတာ့ ဂိုးသမား ဖိုဒါရင္ဂမ္၊ ခံစစ္မွာ အီဂန္၊ အာမက္ေဟာ့ဂ်စ္နဲ႔ ေရာ္ဘင္ဆန္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ေဘာလ္ေဒါ့ခ္၊ ဗီနီးရွပ္စ္ ဆူဇာ၊ ေနာ္ဝုဒ္၊ ေဟးမားနဲ႔ ေအာ့စ္ဘြန္းတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ အိုဆူလာနဲ႔ ဘင္နီ ထရာအိုေရးတို႔ကို တြဲဖက္ေပးခဲ့တာပါ။

ဂြါဒီယိုလာ ေက်ာဒဏ္ရာေၾကာင့္ ပါဝင္မလာတဲ့ မန္စီးတီးတို႔ကေတာ့ ၿပိဳင္ဘက္ကို နည္းျပတစ္ေယာက္ အေက်ာေပးခဲ့ရသလို လက္ေထာက္ ဟြမ္မာ လီယိုက ကိုင္တြယ္ခဲ့ရၿပီး သူ႔လူေတြကေတာ့ ေသေသခ်ာခ်ာ ေလ့က်င့္ထားခဲ့တဲ့ ကစားကြက္အတိုင္း ကစားခဲ့ၾကခ်ိန္မွာ ရွက္ဖီးလ္ဒ္တို႔ကို အသာစီးနဲ႔ ထိန္းခ်ဳပ္ႏိုင္ခဲ့ၾကပါတယ္။

ဒီေန႔ပြဲမွာ မန္စီးတီးတို႔ ဂိုးေပါက္ကန္ခြင့္ အႀကိမ္ ၃၀ အထိ ရရွိခဲ့ေပမယ့္ တစ္ခ်ိန္လုံးမွာ ဟားလန္းက တစ္ကိုယ္ေကာင္းဆန္စြာပဲ ျဖဳန္းတီးေနခဲ့သလို ပြဲခ်ိန္ မိနစ္ ၂၀ မွာ ဖရီးကစ္ကေန ႐ိုဒရီနဲ႔ အာေကတို႔ ႏွစ္ဆင့္ေခါင္းတိုက္ၿပီး ဂိုးသြင္းခဲ့ၾကေပမယ့္ ႏွစ္ႀကိမ္စလုံးမွာ လူကြၽံေနတာေၾကာင့္ အဖြင့္ဂိုးနဲ႔ လြဲခဲ့ရတာပါ။

ပြဲခ်ိန္ ၃၅ မိနစ္မွာ အယ္လ္ဗာရက္ဇ္ရဲ႕ ခ်ိဳးေပးတဲ့ ေဘာလုံးက ေလွ်ာထိုးဖ်က္တဲ့ ရွက္ဖီးလ္ဒ္ေနာက္ခံလူ အီဂန္ရဲ႕ ဆန႔္ထုတ္ထားတဲ့ လက္ကို မွန္ၿပီး ပင္နယ္တီရခဲ့ေပမယ့္ ဟားလန္းရဲ႕ ကန္သြင္းမႈကေတာ့ ဂိုးသမား ဖိုဒါရင္ဂမ္ကို လွည့္စားႏိုင္ခဲ့ေပမယ့္ တိုင္ထိထြက္သြားခဲ့တာေၾကာင့္ ပထမပိုင္းမွာ ဂိုးမရွိသေရပဲျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ မန္စီးတီးတို႔အေနနဲ႔ ဘာနာဒို ေဆးလ္ဗားရဲ႕ ညာေတာင္ပံက ထိုးေဖာက္ခဲ့ၾကၿပီး ႐ိုဒရီနဲ႔ ဟားလန္းတို႔ရဲ႕ ကန္ခ်က္ေတြက ဂိုးေဘးကိုပဲ ေရာက္ေနခဲ့ၾကသလို ဒီေန႔ပြဲက ဂိုးေပါက္ကန္ခြင့္ ၃၀ မွာ ၉ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တာကေတာ့ ေျပာစရာျဖစ္ခဲ့ၿပီး သူတို႔ေတြအေနနဲ႔ ကြင္းလယ္ဖန္တီးရွင္ေကာင္း မရွိခ်ိန္မွာ Clear Cut Chance ေတြ ရရွိမႈနည္းပါးခဲ့တာပါ။

ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ မန္စီးတီးတို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းတြဲလုံးကေန ဂရီးလစ္ရွ္ ေဘာလုံးျပန္ရလာၿပီး ဧရိယာထဲအထိ ဆြဲဝင္ၿပီးမွ ရွက္ဖီးလ္ဒ္ေနာက္ခံလူႏွစ္ဦးၾကားကေန အေဝးတိုင္ဘက္ကို လွမ္းမ,တင္ေပးခဲ့ရာမွာ ကန္ခ်က္ေတြ တစ္ခ်ိန္လုံး လြဲေခ်ာ္ေနခဲ့တဲ့ ဟားလန္းက ဒီတစ္ခါေတာ့ ေခါင္းတိုက္ခ်က္ျပင္းျပင္းနဲ႔ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

ဟားလန္းရဲ႕ သြင္းဂိုးကို တားဆီးဖို႔ ႀကိဳးစားရာမွာ ဘယ္ဘက္တိုင္နား ရွိေနခဲ့တဲ့ ရွက္ဖီးလ္ဒ္ေနာက္ခံလူႏွစ္ေယာက္ ဂ်ပုေတြျဖစ္ေနခဲ့တာကေတာ့ အိမ္ရွင္ေတြ ကံဆိုးခဲ့ရတာျဖစ္ၿပီး ျပန္လည္တိုက္စစ္ဆင္ရာမွာ ဂိုးသမား မရွိတဲ့ အေပါက္ထဲကို အကန္ခံရတဲ့ မန္စီးတီးတို႔ ဂိုးျပန္မေပးရေအာင္ ေနာက္ခံလူ ႐ူဘင္ ဒီယက္စ္က ကိုယ္လုံးနဲ႔ လွဲကာသြားခဲ့တာကေတာ့ ဒီပြဲရဲ႕ ထင္သာျမင္သာရွိတဲ့ ျဖစ္ရပ္တစ္ခုလို႔လည္း ဆိုရမွာပါ။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ ရွက္ဖီးလ္ဒ္တို႔ ေခ်ပဂိုး ျပန္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေဝၚလ္ကာရဲ႕ ကပ်စ္ကညစ္လုပ္ၿပီး ေနာက္ေပါက္နဲ႔ ခ်န္ထားတာခဲ့တဲ့ အမွားေၾကာင့္ အခြင့္အေရးရသြားခဲ့တဲ့ အိမ္ရွင္ေတြက ညာျခမ္းကို ျပန္ျဖန႔္ေပးရာမွာ လူစားဝင္ကစားသမား ဘိုဂယ္လ္ရဲ႕ ကန္ခ်က္က ဂြါဒီေယာလ္နဲ႔ ရွပ္ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့တာေၾကာင့္ ဂြါဒီယိုလာ မပါတဲ့ မန္စီးတီးတို႔ စိတ္ပူစရာျဖစ္လာခဲ့ပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ မန္စီးတီးတို႔ အႏိုင္ဂိုးကို ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ မေအာင္ျမင္တဲ့ ဘယ္ျခမ္းက ျဖတ္တင္မႈကို ေဝၚလ္ကာက ညာျခမ္းကေန လိုက္လံရယူၿပီး ဧရိယာထဲ ျပန္ခ်ိဳးေပးရာမွာ ဖိုဒန္ရဲ႕ ထိန္းသိမ္းမႈကေန လွ်ံထြက္လာတဲ့ ေဘာလုံးကို ေဘးမွာ ရွိေနတဲ့ ႐ိုဒရီက ဘယ္ေျခနဲ႔ လွမ္းႀကဳံးၿပီး ရွက္ဖီးလ္ဒ္တို႔ကို ငုတ္တုတ္ေမ့ေစခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္စီးတီးတို႔က ရွက္ဖီးလ္ဒ္တို႔ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရၿပီး သုံးပြဲကစားၿပီးခ်ိန္မွာ ရာႏႈန္းျပည့္ မွတ္တမ္းကို ဆက္လက္ ထိန္းသိမ္းသြားႏိုင္ခဲ့သလို ပရီးမီးယားလိဂ္မွာ ခက္ခဲလာတာ မွန္ေပမယ့္ ညႇစ္႐ုန္းတတ္ဖို႔ေတာ့ လိုတယ္ဆိုၿပီး အာဆင္နယ္နဲ႔ ဘ႐ိုက္တန္တို႔ကို ပညာေပး ဇာတ္ကားျပသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.