Match Report Premier League

တစ်ယောက်သာမှ နိုင်တာ မဟုတ်ဘဲ တစ်ယောက်လျော့နဲ့ ငှက်ကျားသားစားတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ဗန်ဒိုက်၊ မာတစ်ပ်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အန်ဒို၊ မက္ကယ်လစ္စတာနဲ့ ဆိုဘော့ဆ်လိုင်းတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆာလား၊ လူးဝစ် ဒီယက်ဇ်နဲ့ ဂက်ခ်ပိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် နယူးကာဆယ်လ်တို့ကတော့ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ ရှား၊ ဘော့တ်မန်၊ ထရစ်ပီယာနဲ့ ဒန်ဘန်းတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ တိုနာလီနဲ့ ဂျိုလင်တန်တို့ကို တွဲဖက်ပေးခဲ့ပြီး တိုက်စစ်မှာတော့ အယ်လ်မီရွန်၊ ဂေါ်ဒန်နဲ့ အီဆက်ခ်တို့ကို ကစားစေခဲ့တာပါ။

လီဗာပူးလ်တို့ရဲ့ အသားမကျသေးတဲ့ ကွင်းလယ်ကို နယူးကာဆယ်လ်တို့က လျင်မြန်တဲ့ အဝင်အထွက်တွေနဲ့ ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပြီး အလက်ဇန်းဒါး-အာနိုးလ်ဒ်ကတော့ အချိန်ဆွဲလို့ အဝါထိပြီးချိန်မှာ ဂေါ်ဒန်ကို နောက်က တွန်းချခဲ့လို့ နှစ်ဝါနဲ့ အထုတ်ခံခဲ့ရသင့်ပေမယ့် ဒိုင်လူကြီး ဂျွန်ဘရွတ်ခ်စ်က ပက်ပက်စက်စက် သက်ညှာသွားခဲ့လို့ အိမ်ရှင်ပရိသတ်တွေ ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ စနေနေ့က အာဆင်နယ်နဲ့ပွဲက ဆာကာကြောင့် ပေးလိုက်ရသလိုမျိုးပဲ ညာတောင်ပံက ဆာလားက နောက်ပြန်ပေးရာမှာ အလက်ဇန်းဒါး-အာနိုးလ်ဒ်က လွတ်ထွက်သွားတဲ့ ဘောလုံးကို ဂေါ်ဒန်က လိုက်လံ ရယူပြီး ဂိုးသမား အယ်လစ်ဆန်ရဲ့ ပေါင်ကြားထဲက ကန်ထည့်သွားခဲ့တာပါ။

ပွဲချိန် ၂၈ မိနစ်မှာတော့ အီဆက်ခ်ကို ဘောလုံးရော လူရော သိမ်းရိုက်ရာမှာ ကံဆိုးပြီး ဘောလုံးထက် လူကို အရင်ထိခဲ့တဲ့ Last Defender ဗန်ဒိုက် တိုက်ရိုက် အနီကတ်နဲ့ အထုတ်ပယ်ခံခဲ့ရလို့ လီဗာပူးလ်တို့ ဆယ်ယောက်နဲ့ ကစားခဲ့ရပေမယ့် နယူးကာဆယ်လ်တို့ကတော့ ဒါကို အခွင့်အရေး မယူနိုင်ခဲ့ဘဲ ဖြုန်းတီးမှုတွေပဲ ဆက်တိုက်ပြုလုပ်နေခဲ့ပါတယ်။

အက်ဒီဟောင်းရဲ့ အဖျက်စစ် မရှိတဲ့ နယူးကာဆယ်လ် ကွင်းလယ်သုံးယောက်မှာ တိုနာလီက ဘောလုံးကို ဖြန့်ချင်သလိုဖြန့်၊ ဂီမာရိုင်းစ်က ရှေ့လိုလို နောက်လိုလိုနဲ့ မကြာခဏလွဲနေပြီး ဂျိုလင်တန်ရဲ့ ကစားပုံကတော့ ဗြဲလယမ်းနိုင်လွန်းတာကြောင့် လီဗာပူးလ်တို့ လွယ်လွယ်ကူကူပဲ ပိတ်ဆို့နိုင်ခဲ့ကြပြီး ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း ဂေါ်ဒန်ရဲ့ ဖြုန်းတီးမှုတွေနဲ့ အယ်လ်မီရွန်ရဲ့ အလွဲတွေက အီဆက်ခ်ကို အထီးကျန်စေခဲ့တာကြောင့် နယူးကာဆယ်လ်တို့ တိုင်ပတ်နေချိန်မှာ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ကတော့ Jack of All Trades ဂက်ခ်ပိုနဲ့ အန်ဒိုအစား ဂျိုတာနဲ့ အဲလီးယော့ကို ထည့်ခဲ့တာကြောင့် ကောင်တာတွေမှာ ငှက်ကျားတို့ မျက်လုံးပြူးခဲ့တာဖြစ်ပါတယ်။

ဒါကို တုံ့ပြန်ဖို့ တိုနာလီ၊ ဂေါ်ဒန်နဲ့ အီဆက်ခ်အစား လောင်းစတပ်ဖ်၊ ဟာဗီ ဘန်းစ်နဲ့ ဝီလ်ဆန်တို့ကို အက်ဒီဟောင်းက လဲခဲ့ပေမယ့် တကယ့် ပြဿနာက ကွင်းလယ်က ဘရာဇီးလ်ဂဂျောင်နှစ်ကောင်ကြောင့်ဖြစ်ပွားနေချိန်မှာ ပွဲကို မစိုးမိုးနိုင်မှန်း သိသာလာတာကြောင့် ကြောင်ဖားကြီး ကလော့ပ်က မာတစ်ပ်နဲ့ မက္ကယ်လစ္စတာအစား ကွမ်ဆားနဲ့ နူးညက်ဇ်တို့ကို ထပ်ထည့်ပြီး ထိုးနှက်ဖို့ ကြံစည်လာခဲ့တာပါ။

အယ်လ်မီရွန် ကန်ချက် တိုင်ထိခဲ့တာနဲ့ ကောင်တာပေါက်တာကို ဂိုးရှေ့မှာ လွတ်နေတဲ့ ဝီလ်ဆန်ကို မပေးဘဲ ဖြစ်သလို ကန်ခဲ့တဲ့ ဘန်းစ်တို့ရဲ့ ဖြုန်းတီးမှုတွေက ဒီနေ့ပွဲရဲ့ အလှည့်အပြောင်းဖြစ်ခဲ့ပြီး နယူးကာဆယ်လ်တို့အနေနဲ့ စုစည်းမှု မရှိဘဲ လူများပြီး ပွဲမစည်တဲ့ အသင်းကို ဘယ်သူကမှလည်း ထိန်းကျောင်းလမ်းညွှန်မှု မရှိတာကြောင့် စပြီး ဒစ်လည်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာတော့ လီဗာပူးလ်တို့ ချေပဂိုး ရသွားခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ဂျိုတာက ကွင်းလယ်ကနေ ခင်းပေးတာကို ဖျက်ဖို့ ကြိုးစားတဲ့ ဘော့တ်မန်ရဲ့ ခြေထောက်နဲ့ထိပြီး ပြန်ကျလာခဲ့တဲ့ ဘောလုံးကို နောက်ကနေ ပါလာခဲ့တဲ့ နူးညက်ဇ်က ညာခြမ်းဧရိယာထိပ်ကနေ အနိမ့်ဘော ထောင့်ဖြတ် ကန်သွင်းရာမှာ ဂိုးသမား နစ်ခ် ပုပ် မကာကွယ်နိုင်ခဲ့လို့ ဂိုးပြန်ပေးခဲ့ရတာပါ။

တစ်ပွဲလုံး တဒိုင်းဒိုင်း ကန်သွင်းနေပေမယ့် ဘာမှဖြစ်မလာအောင် ဖြုန်းတီးနေခဲ့တဲ့ နယူးကာဆယ်လ်တို့ စိတ်ဓာတ်ပိုင်းအရ ပြိုဆင်းသွားခဲ့ပြီး လီဗာပူးလ်တို့ရဲ့ ခံစစ်ကိုလည်း ကျော်နိုင်ဖို့ ယုံကြည်မှု မရှိခဲ့သလို သာမန်ရိုးရိုးကစားကွက်နဲ့ Work Ball into the Box ဆိုပြီး ဖြတ်တင်ဘောတွေနဲ့ လှေကြီးထိုးတွေ လုပ်နေတာကြောင့် လီဗာပူးလ်တို့က ဖျက်ထုတ်သွားနိုင်ခဲ့ကြပါတယ်။

နာကျင်အချိန်ပို ၃ မိနစ်မှာလည်း လီဗာပူးလ်တို့ပဲ တူညီတဲ့ ပုံစံနဲ့ အနိုင်ဂိုး ထပ်မံရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကောင်တာကနေပဲ ဆာလားက ဧရိယာထိပ်ကို ခင်းပေးခဲ့ရာမှာ မဖျက်နိုင်ဘဲ တုံ့ဆိုင်းနေတဲ့ ဒန်ဘန်းကြောင့် လွတ်ထွက်သွားခဲ့တဲ့ နူးညက်ဇ်ကပဲ ပထမဂိုးကထက်တောင် ကျဉ်းတဲ့ ထောင့်ထဲကနေ ချိုးကန်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အခွင့်အရေးတွေကို ဖြုန်းတီးတဲ့ တိုက်စစ်၊ သူတစ်လူ ငါတစ်မင်းကွင်းလယ်မျိုးနဲ့တော့ ဘယ်အသင်းကြီးကိုမှ အနိုင်ကစားဖို့ မဖြစ်နိုင်ကြောင်းကို ဆယ်ယောက်ကျန် လီဗာပူးလ်တို့က နှစ်ဂိုး-တစ်ဂိုးနဲ့ ပညာပေးသွားခဲ့ကြပြီး နယူးကာဆယ်လ်တို့ကတော့ အိမ်ကွင်းမှာ မျက်နှာကို အိုးမည်းသုတ်ခံခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ ဗန္ဒိုက္၊ မာတစ္ပ္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ေရာဘတ္ဆန္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ အန္ဒို၊ မကၠယ္လစၥတာနဲ႔ ဆိုေဘာ့ဆ္လိုင္းတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆာလား၊ လူးဝစ္ ဒီယက္ဇ္နဲ႔ ဂက္ခ္ပိုတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ နယူးကာဆယ္လ္တို႔ကေတာ့ ဂိုးသမား နစ္ခ္ ပုပ္၊ ခံစစ္မွာ ရွား၊ ေဘာ့တ္မန္၊ ထရစ္ပီယာနဲ႔ ဒန္ဘန္းတို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ တိုနာလီနဲ႔ ဂ်ိဳလင္တန္တို႔ကို တြဲဖက္ေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ အယ္လ္မီ႐ြန္၊ ေဂၚဒန္နဲ႔ အီဆက္ခ္တို႔ကို ကစားေစခဲ့တာပါ။

လီဗာပူးလ္တို႔ရဲ႕ အသားမက်ေသးတဲ့ ကြင္းလယ္ကို နယူးကာဆယ္လ္တို႔က လ်င္ျမန္တဲ့ အဝင္အထြက္ေတြနဲ႔ ေကာင္းေကာင္း ဒုကၡေပးႏိုင္ခဲ့ၿပီး အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကေတာ့ အခ်ိန္ဆြဲလို႔ အဝါထိၿပီးခ်ိန္မွာ ေဂၚဒန္ကို ေနာက္က တြန္းခ်ခဲ့လို႔ ႏွစ္ဝါနဲ႔ အထုတ္ခံခဲ့ရသင့္ေပမယ့္ ဒိုင္လူႀကီး ဂြၽန္ဘ႐ြတ္ခ္စ္က ပက္ပက္စက္စက္ သက္ညႇာသြားခဲ့လို႔ အိမ္ရွင္ပရိသတ္ေတြ ဝိုင္းဝန္းေလွာင္ေျပာင္ခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၅ မိနစ္မွာေတာ့ နယူးကာဆယ္လ္တို႔ အဖြင့္ဂိုး စတင္သြင္းယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ စေနေန႔က အာဆင္နယ္နဲ႔ပြဲက ဆာကာေၾကာင့္ ေပးလိုက္ရသလိုမ်ိဳးပဲ ညာေတာင္ပံက ဆာလားက ေနာက္ျပန္ေပးရာမွာ အလက္ဇန္းဒါး-အာႏိုးလ္ဒ္က လြတ္ထြက္သြားတဲ့ ေဘာလုံးကို ေဂၚဒန္က လိုက္လံ ရယူၿပီး ဂိုးသမား အယ္လစ္ဆန္ရဲ႕ ေပါင္ၾကားထဲက ကန္ထည့္သြားခဲ့တာပါ။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ အီဆက္ခ္ကို ေဘာလုံးေရာ လူေရာ သိမ္း႐ိုက္ရာမွာ ကံဆိုးၿပီး ေဘာလုံးထက္ လူကို အရင္ထိခဲ့တဲ့ Last Defender ဗန္ဒိုက္ တိုက္႐ိုက္ အနီကတ္နဲ႔ အထုတ္ပယ္ခံခဲ့ရလို႔ လီဗာပူးလ္တို႔ ဆယ္ေယာက္နဲ႔ ကစားခဲ့ရေပမယ့္ နယူးကာဆယ္လ္တို႔ကေတာ့ ဒါကို အခြင့္အေရး မယူႏိုင္ခဲ့ဘဲ ျဖဳန္းတီးမႈေတြပဲ ဆက္တိုက္ျပဳလုပ္ေနခဲ့ပါတယ္။

အက္ဒီေဟာင္းရဲ႕ အဖ်က္စစ္ မရွိတဲ့ နယူးကာဆယ္လ္ ကြင္းလယ္သုံးေယာက္မွာ တိုနာလီက ေဘာလုံးကို ျဖန႔္ခ်င္သလိုျဖန႔္၊ ဂီမာ႐ိုင္းစ္က ေရွ႕လိုလို ေနာက္လိုလိုနဲ႔ မၾကာခဏလြဲေနၿပီး ဂ်ိဳလင္တန္ရဲ႕ ကစားပုံကေတာ့ ၿဗဲလယမ္းႏိုင္လြန္းတာေၾကာင့္ လီဗာပူးလ္တို႔ လြယ္လြယ္ကူကူပဲ ပိတ္ဆို႔ႏိုင္ခဲ့ၾကၿပီး ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း ေဂၚဒန္ရဲ႕ ျဖဳန္းတီးမႈေတြနဲ႔ အယ္လ္မီ႐ြန္ရဲ႕ အလြဲေတြက အီဆက္ခ္ကို အထီးက်န္ေစခဲ့တာေၾကာင့္ နယူးကာဆယ္လ္တို႔ တိုင္ပတ္ေနခ်ိန္မွာ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ကေတာ့ Jack of All Trades ဂက္ခ္ပိုနဲ႔ အန္ဒိုအစား ဂ်ိဳတာနဲ႔ အဲလီးေယာ့ကို ထည့္ခဲ့တာေၾကာင့္ ေကာင္တာေတြမွာ ငွက္က်ားတို႔ မ်က္လုံးျပဴးခဲ့တာျဖစ္ပါတယ္။

ဒါကို တုံ႔ျပန္ဖို႔ တိုနာလီ၊ ေဂၚဒန္နဲ႔ အီဆက္ခ္အစား ေလာင္းစတပ္ဖ္၊ ဟာဗီ ဘန္းစ္နဲ႔ ဝီလ္ဆန္တို႔ကို အက္ဒီေဟာင္းက လဲခဲ့ေပမယ့္ တကယ့္ ျပႆနာက ကြင္းလယ္က ဘရာဇီးလ္ဂေဂ်ာင္ႏွစ္ေကာင္ေၾကာင့္ျဖစ္ပြားေနခ်ိန္မွာ ပြဲကို မစိုးမိုးႏိုင္မွန္း သိသာလာတာေၾကာင့္ ေၾကာင္ဖားႀကီး ကေလာ့ပ္က မာတစ္ပ္နဲ႔ မကၠယ္လစၥတာအစား ကြမ္ဆားနဲ႔ ႏူးညက္ဇ္တို႔ကို ထပ္ထည့္ၿပီး ထိုးႏွက္ဖို႔ ႀကံစည္လာခဲ့တာပါ။

အယ္လ္မီ႐ြန္ ကန္ခ်က္ တိုင္ထိခဲ့တာနဲ႔ ေကာင္တာေပါက္တာကို ဂိုးေရွ႕မွာ လြတ္ေနတဲ့ ဝီလ္ဆန္ကို မေပးဘဲ ျဖစ္သလို ကန္ခဲ့တဲ့ ဘန္းစ္တို႔ရဲ႕ ျဖဳန္းတီးမႈေတြက ဒီေန႔ပြဲရဲ႕ အလွည့္အေျပာင္းျဖစ္ခဲ့ၿပီး နယူးကာဆယ္လ္တို႔အေနနဲ႔ စုစည္းမႈ မရွိဘဲ လူမ်ားၿပီး ပြဲမစည္တဲ့ အသင္းကို ဘယ္သူကမွလည္း ထိန္းေက်ာင္းလမ္းၫႊန္မႈ မရွိတာေၾကာင့္ စၿပီး ဒစ္လည္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ေခ်ပဂိုး ရသြားခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန ဂ်ိဳတာက ကြင္းလယ္ကေန ခင္းေပးတာကို ဖ်က္ဖို႔ ႀကိဳးစားတဲ့ ေဘာ့တ္မန္ရဲ႕ ေျခေထာက္နဲ႔ထိၿပီး ျပန္က်လာခဲ့တဲ့ ေဘာလုံးကို ေနာက္ကေန ပါလာခဲ့တဲ့ ႏူးညက္ဇ္က ညာျခမ္းဧရိယာထိပ္ကေန အနိမ့္ေဘာ ေထာင့္ျဖတ္ ကန္သြင္းရာမွာ ဂိုးသမား နစ္ခ္ ပုပ္ မကာကြယ္ႏိုင္ခဲ့လို႔ ဂိုးျပန္ေပးခဲ့ရတာပါ။

တစ္ပြဲလုံး တဒိုင္းဒိုင္း ကန္သြင္းေနေပမယ့္ ဘာမွျဖစ္မလာေအာင္ ျဖဳန္းတီးေနခဲ့တဲ့ နယူးကာဆယ္လ္တို႔ စိတ္ဓာတ္ပိုင္းအရ ၿပိဳဆင္းသြားခဲ့ၿပီး လီဗာပူးလ္တို႔ရဲ႕ ခံစစ္ကိုလည္း ေက်ာ္ႏိုင္ဖို႔ ယုံၾကည္မႈ မရွိခဲ့သလို သာမန္႐ိုး႐ိုးကစားကြက္နဲ႔ Work Ball into the Box ဆိုၿပီး ျဖတ္တင္ေဘာေတြနဲ႔ ေလွႀကီးထိုးေတြ လုပ္ေနတာေၾကာင့္ လီဗာပူးလ္တို႔က ဖ်က္ထုတ္သြားႏိုင္ခဲ့ၾကပါတယ္။

နာက်င္အခ်ိန္ပို ၃ မိနစ္မွာလည္း လီဗာပူးလ္တို႔ပဲ တူညီတဲ့ ပုံစံနဲ႔ အႏိုင္ဂိုး ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ေကာင္တာကေနပဲ ဆာလားက ဧရိယာထိပ္ကို ခင္းေပးခဲ့ရာမွာ မဖ်က္ႏိုင္ဘဲ တုံ႔ဆိုင္းေနတဲ့ ဒန္ဘန္းေၾကာင့္ လြတ္ထြက္သြားခဲ့တဲ့ ႏူးညက္ဇ္ကပဲ ပထမဂိုးကထက္ေတာင္ က်ဥ္းတဲ့ ေထာင့္ထဲကေန ခ်ိဳးကန္သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အခြင့္အေရးေတြကို ျဖဳန္းတီးတဲ့ တိုက္စစ္၊ သူတစ္လူ ငါတစ္မင္းကြင္းလယ္မ်ိဳးနဲ႔ေတာ့ ဘယ္အသင္းႀကီးကိုမွ အႏိုင္ကစားဖို႔ မျဖစ္ႏိုင္ေၾကာင္းကို ဆယ္ေယာက္က်န္ လီဗာပူးလ္တို႔က ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ပညာေပးသြားခဲ့ၾကၿပီး နယူးကာဆယ္လ္တို႔ကေတာ့ အိမ္ကြင္းမွာ မ်က္ႏွာကို အိုးမည္းသုတ္ခံခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.