Premier League

ဖူလ်ဟမ်နဲ့ပွဲက ဂန်းနားကြယ်ပွင့်ကို လူပိုကြီးလို့ ပြစ်တင်ဝေဖန်ခဲ့တဲ့ ဒါရင်း ဘန့်တ်

ဒါရင်း ဘန့်တ်က မီခေးလ် အာတီတာကို စနေနေ့ညနေ ဖူလ်ဟမ်နဲ့ သရေကျခဲ့တဲ့ပွဲစဉ်အပြီး ပွဲထွက် ၁၁ ဦးစာရင်းကို အပြောင်းအလဲတွေ ပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဂန်းနားတွေဟာ ယခုနှစ်အတွင်း ၃ ကြိမ်မြောက် ပွဲစစချင်းမှာပဲ အဖွင့်ဂိုးကို ခွင့်ပြုခဲ့ရပြီး ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဆာကာက ပွဲကစားချိန် မိနစ် ၂၀ သာ ကျန်တော့တဲ့အချိန်မှာ ပင်နယ်တီကနေ ချေပဂိုး သွင်းယူပေးသွားခဲ့ပြီးနောက် အန်ကီးတီးယားက ဖေဘီယို ဗီယာရာရဲ့ ဖြတ်တင်မှုကနေတဆင့် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ရာသီသစ်မှာ ၁၀၀ ရာခိုင်နှုန်း နိုင်ပွဲကို ဆက်လက် ထိန်းသိမ်းနိုင်တော့မယ်လို့ ထင်ခဲ့ပေမယ့်လည်း တစ်ယောက်လျော့နေတဲ့ ဖူလ်ဟမ်က ပွဲပြီးခါနီး ၃ မိနစ်အလိုမှာ ဂျာအို ပယ်လ်ဟင်ညာက ဂန်းနားနောက်ခံလူတွေ မကပ်ထားတာကို အခွင့်ကောင်းယူပြီး ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အာတီတာရဲ့ အသင်းဟာ ယခုနွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ ခိုင် ဟာဗတ်ဇ်ကို ပွဲကစားချိန် ဒုတိယပိုင်းအလယ်လောက်မှာ လူစားလဲပြီးနောက်မှသာ တိုက်စစ်ပိုင်း ပိုမိုကောင်းမွန်လာခဲ့တာဖြစ်ပြီး ချဲလ်ဆီးကြယ်ပွင့်ဟောင်းဟာ လက်ရှိမှာတော့ အသင်းသစ်မှာ ၃ ပွဲကစားပြီးနောက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ဗလာနတ္ထိဖြစ်နေဆဲဖြစ်ပါတယ်။

ဒါရင်း ဘန့်တ်က ဂျာမနီလက်ရွေးစင်ကြယ်ပွင့်ကို လာမယ့်အပတ် မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့် ပွဲကြီးပွဲကောင်းမှာ လူစာရင်းကနေ ချန်လှပ်ခဲ့ဖို့ အချိန်ကျပြီလို့ အာတီတာကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“ခိုင် ဟာဗတ်ဇ်ကို အာဆင်နယ်က ပေါင် ၆၅ သန်းနဲ့ ခေါ်ယူခဲ့တဲ့အချိန်မှာ အားလုံး အံ့အားသင့်ခဲ့ရတဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်ခဲ့ပါတယ်။ အာတီတာက ချဲလ်ဆီးကြုံခဲ့တဲ့ ပြဿနာအတိုင်းပဲ သူ့ကို ဘယ်နေရာထားကစားမလဲဆိုတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတယ်ထင်ပါတယ်။ သူက ပင်ကိုကျောနံပါတ် ၉ မဟုတ်ဘူး။ သူက ကျောနံပါတ် ၁၀ ကစားသမားပုံစံမျိုးပါ။ ဒါပေမယ့် အော်ဒီဂွါဒ်က အဲဒီနေရမှာ ကစားနေတယ်။ ခင်ဗျား သူ့ကို အသင်းထဲမှာ လိုက်လျောညီထွေဖြစ်ဖို့ပဲ လိုက်လုပ်နေရသလိုဖြစ်နေတယ်။ ဒါပေမယ့် အသင်းက ဘောလုံးပိုင်ဆိုင်မှု မရှိတဲ့အချိန်မှာ ဟန်ချက်မညီဘဲ ဖရိုဖရဲဖြစ်နေတယ်။ ခင်ဗျား အော်ဒီဂွါဒ်၊ ပါတေးနဲ့ ဒီကလန် ရိုက်တို့ကို လိုအပ်မယ်လို့ ထင်ပြီး အဲဒီလူတွေနဲ့ပဲ အလုပ်လုပ်ရမှာပါ။ အခုအချိန်မှာ ဟာဗတ်ဇ်က လူပိုကြီးဖြစ်နေတယ်။ သူက ယုံကြည်မှုမရှိဖြစ်နေပြီး ဒါက ကံဆိုးပါတယ်။ ကျွန်တော်လည်း အဲဒီလို ဖြစ်ခဲ့ဖူးပါတယ်။ အဲဒါက ခက်ခဲပါတယ်။ ကစားသမားတွေက သူ့ကို ဘောလုံးပေးပြီး သူက မှားယွင်းတဲ့ ရွေးချယ်မှုကို ပြုလုပ်ပြီး ဘောလုံးကို ပေးပစ်တယ်။ ပြေးသွားတဲ့သူတွေနောက်ကို မလိုက်ဘူး။ ဒီနေ့မှာ သူ တော်တော်လေး ခက်ခဲခဲ့ပြီး လာမယ့်မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ သူတို့တွေ အပြောင်းအလဲတွေ ပြုလုပ်သွားရတော့မှာပါ။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒါရင္း ဘန႔္တ္က မီေခးလ္ အာတီတာကို စေနေန႔ညေန ဖူလ္ဟမ္နဲ႔ သေရက်ခဲ့တဲ့ပြဲစဥ္အၿပီး ပြဲထြက္ ၁၁ ဦးစာရင္းကို အေျပာင္းအလဲေတြ ျပဳလုပ္ဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ဂန္းနားေတြဟာ ယခုႏွစ္အတြင္း ၃ ႀကိမ္ေျမာက္ ပြဲစစခ်င္းမွာပဲ အဖြင့္ဂိုးကို ခြင့္ျပဳခဲ့ရၿပီး ခက္ခဲတဲ့ အေျခအေနနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ဆာကာက ပြဲကစားခ်ိန္ မိနစ္ ၂၀ သာ က်န္ေတာ့တဲ့အခ်ိန္မွာ ပင္နယ္တီကေန ေခ်ပဂိုး သြင္းယူေပးသြားခဲ့ၿပီးေနာက္ အန္ကီးတီးယားက ေဖဘီယို ဗီယာရာရဲ႕ ျဖတ္တင္မႈကေနတဆင့္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ရာသီသစ္မွာ ၁၀၀ ရာခိုင္ႏႈန္း ႏိုင္ပြဲကို ဆက္လက္ ထိန္းသိမ္းႏိုင္ေတာ့မယ္လို႔ ထင္ခဲ့ေပမယ့္လည္း တစ္ေယာက္ေလ်ာ့ေနတဲ့ ဖူလ္ဟမ္က ပြဲၿပီးခါနီး ၃ မိနစ္အလိုမွာ ဂ်ာအို ပယ္လ္ဟင္ညာက ဂန္းနားေနာက္ခံလူေတြ မကပ္ထားတာကို အခြင့္ေကာင္းယူၿပီး ေခ်ပဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အာတီတာရဲ႕ အသင္းဟာ ယခုေႏြရာသီကစားသမားေခၚယူမႈျဖစ္တဲ့ ခိုင္ ဟာဗတ္ဇ္ကို ပြဲကစားခ်ိန္ ဒုတိယပိုင္းအလယ္ေလာက္မွာ လူစားလဲၿပီးေနာက္မွသာ တိုက္စစ္ပိုင္း ပိုမိုေကာင္းမြန္လာခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္းဟာ လက္ရွိမွာေတာ့ အသင္းသစ္မွာ ၃ ပြဲကစားၿပီးေနာက္ သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈ ဗလာနတၳိျဖစ္ေနဆဲျဖစ္ပါတယ္။

ဒါရင္း ဘန႔္တ္က ဂ်ာမနီလက္ေ႐ြးစင္ၾကယ္ပြင့္ကို လာမယ့္အပတ္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ကစားရမယ့္ ပြဲႀကီးပြဲေကာင္းမွာ လူစာရင္းကေန ခ်န္လွပ္ခဲ့ဖို႔ အခ်ိန္က်ၿပီလို႔ အာတီတာကို ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

“ခိုင္ ဟာဗတ္ဇ္ကို အာဆင္နယ္က ေပါင္ ၆၅ သန္းနဲ႔ ေခၚယူခဲ့တဲ့အခ်ိန္မွာ အားလုံး အံ့အားသင့္ခဲ့ရတဲ့ အေျပာင္းအေ႐ႊ႕တစ္ခုျဖစ္ခဲ့ပါတယ္။ အာတီတာက ခ်ဲလ္ဆီးႀကဳံခဲ့တဲ့ ျပႆနာအတိုင္းပဲ သူ႔ကို ဘယ္ေနရာထားကစားမလဲဆိုတဲ့ ျပႆနာနဲ႔ ရင္ဆိုင္ေနရတယ္ထင္ပါတယ္။ သူက ပင္ကိုေက်ာနံပါတ္ ၉ မဟုတ္ဘူး။ သူက ေက်ာနံပါတ္ ၁၀ ကစားသမားပုံစံမ်ိဳးပါ။ ဒါေပမယ့္ ေအာ္ဒီဂြါဒ္က အဲဒီေနရမွာ ကစားေနတယ္။ ခင္ဗ်ား သူ႔ကို အသင္းထဲမွာ လိုက္ေလ်ာညီေထြျဖစ္ဖို႔ပဲ လိုက္လုပ္ေနရသလိုျဖစ္ေနတယ္။ ဒါေပမယ့္ အသင္းက ေဘာလုံးပိုင္ဆိုင္မႈ မရွိတဲ့အခ်ိန္မွာ ဟန္ခ်က္မညီဘဲ ဖ႐ိုဖရဲျဖစ္ေနတယ္။ ခင္ဗ်ား ေအာ္ဒီဂြါဒ္၊ ပါေတးနဲ႔ ဒီကလန္ ႐ိုက္တို႔ကို လိုအပ္မယ္လို႔ ထင္ၿပီး အဲဒီလူေတြနဲ႔ပဲ အလုပ္လုပ္ရမွာပါ။ အခုအခ်ိန္မွာ ဟာဗတ္ဇ္က လူပိုႀကီးျဖစ္ေနတယ္။ သူက ယုံၾကည္မႈမရွိျဖစ္ေနၿပီး ဒါက ကံဆိုးပါတယ္။ ကြၽန္ေတာ္လည္း အဲဒီလို ျဖစ္ခဲ့ဖူးပါတယ္။ အဲဒါက ခက္ခဲပါတယ္။ ကစားသမားေတြက သူ႔ကို ေဘာလုံးေပးၿပီး သူက မွားယြင္းတဲ့ ေ႐ြးခ်ယ္မႈကို ျပဳလုပ္ၿပီး ေဘာလုံးကို ေပးပစ္တယ္။ ေျပးသြားတဲ့သူေတြေနာက္ကို မလိုက္ဘူး။ ဒီေန႔မွာ သူ ေတာ္ေတာ္ေလး ခက္ခဲခဲ့ၿပီး လာမယ့္မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲမွာ သူတို႔ေတြ အေျပာင္းအလဲေတြ ျပဳလုပ္သြားရေတာ့မွာပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.