MLS Messi

မက်ဆီရဲ့မေဂျာလိဂ်ပွဲဦးထွက်သွင်းဂိုးနဲ့အတူ နယူးယောက်ရက်ဘူးကို အနိုင်ရခဲ့တဲ့ အင်တာမိုင်ယာမီ

ယနေ့နံနက် ၆ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ နယူးယောက်ရက်ဘူးနဲ့ အင်တာမိုင်ယာမီတို့ရဲ့ ပွဲစဉ်မှာ လီယွန်နယ် မက်ဆီရဲ့ အင်တာမိုင်ယာမီက ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အင်တာမိုင်ယာမီဟာ တိုက်စစ်မှာ ကမ်ပါနာကို အထောင်ထားပြီး ဖားရီးယပ်စ်၊ ရူးဝိဇ်၊ အာရိုယို၊ ဂိုးမက်ဇ်တို့က ကွင်းလယ်မှာ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ ခံစစ်မှာတော့ ယော်ဒီ အယ်လ်ဘာ၊ အယ်လန်၊ မီလာ၊ အဗီးလက်စ်၊ တေလာတို့ ပွဲထွက်လာခဲ့ပြီး လီယွန်နယ် မက်ဆီကို အနားပေးခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန် ၃၇ မိနစ်မှာပဲ ဂိုးမက်ဇ်က နိုအာ အယ်လန်ရဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် ဂိုးညာဘက်အောက်ထောင့်ထဲကို ဘယ်ခြေနဲ့ အပြင်းကန်သွင်းယူသွားခဲ့ပြီး အင်တာမိုင်ယာမီက ပထမပိုင်းအပြီးမှာ ၁-၀ နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ နယူးယောက်ရက်ဘူးက ချေပဂိုး ရရှိဖို့အတွက် ပြန်လည်ဖိအားပေးလာခဲ့ပြီး မိနစ် ၆၀ မှာ လီယွန်နယ် မက်ဆီက မေဂျာလိဂ်မှာ ပထမဆုံး ပွဲဦးထွက်ပွဲစဉ်အဖြစ် လူစားဝင်ကစားပေးခဲ့ပြီးနောက် ၈၉ မိနစ်မှာ အလွန်လှပတဲ့ မေဂျာလိဂ်ပထမဆုံးသွင်းဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ယော်ဒီ အယ်လ်ဘာ ခက်ခက်ခဲခဲ ပေးပို့ခဲ့တဲ့ ဘောလုံးကို လက်ခံရယူပြီးနောက် ညာတောင်ပံမှာ ရှိနေတဲ့ ခရီမက်စ်ချီကို နောက်ခံလူတွေကြားကနေ လှလှပပ ပေးပို့ခဲ့ပြီးနောက် ပြန်လည်ပေးပို့လာတဲ့ ဘောလုံးကို သက်တောင့်သက်သာပဲ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယေန႔နံနက္ ၆ နာရီမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ နယူးေယာက္ရက္ဘူးနဲ႔ အင္တာမိုင္ယာမီတို႔ရဲ႕ ပြဲစဥ္မွာ လီယြန္နယ္ မက္ဆီရဲ႕ အင္တာမိုင္ယာမီက ၂-၀ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

အင္တာမိုင္ယာမီဟာ တိုက္စစ္မွာ ကမ္ပါနာကို အေထာင္ထားၿပီး ဖားရီးယပ္စ္၊ ႐ူးဝိဇ္၊ အာ႐ိုယို၊ ဂိုးမက္ဇ္တို႔က ကြင္းလယ္မွာ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။ ခံစစ္မွာေတာ့ ေယာ္ဒီ အယ္လ္ဘာ၊ အယ္လန္၊ မီလာ၊ အဗီးလက္စ္၊ ေတလာတို႔ ပြဲထြက္လာခဲ့ၿပီး လီယြန္နယ္ မက္ဆီကို အနားေပးခဲ့တာျဖစ္ပါတယ္။

ပြဲကစားခ်ိန္ ၃၇ မိနစ္မွာပဲ ဂိုးမက္ဇ္က ႏိုအာ အယ္လန္ရဲ႕ ျဖတ္တင္ေပးပို႔မႈကေနတဆင့္ ဂိုးညာဘက္ေအာက္ေထာင့္ထဲကို ဘယ္ေျခနဲ႔ အျပင္းကန္သြင္းယူသြားခဲ့ၿပီး အင္တာမိုင္ယာမီက ပထမပိုင္းအၿပီးမွာ ၁-၀ နဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ နယူးေယာက္ရက္ဘူးက ေခ်ပဂိုး ရရွိဖို႔အတြက္ ျပန္လည္ဖိအားေပးလာခဲ့ၿပီး မိနစ္ ၆၀ မွာ လီယြန္နယ္ မက္ဆီက ေမဂ်ာလိဂ္မွာ ပထမဆုံး ပြဲဦးထြက္ပြဲစဥ္အျဖစ္ လူစားဝင္ကစားေပးခဲ့ၿပီးေနာက္ ၈၉ မိနစ္မွာ အလြန္လွပတဲ့ ေမဂ်ာလိဂ္ပထမဆုံးသြင္းဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ေယာ္ဒီ အယ္လ္ဘာ ခက္ခက္ခဲခဲ ေပးပို႔ခဲ့တဲ့ ေဘာလုံးကို လက္ခံရယူၿပီးေနာက္ ညာေတာင္ပံမွာ ရွိေနတဲ့ ခရီမက္စ္ခ်ီကို ေနာက္ခံလူေတြၾကားကေန လွလွပပ ေပးပို႔ခဲ့ၿပီးေနာက္ ျပန္လည္ေပးပို႔လာတဲ့ ေဘာလုံးကို သက္ေတာင့္သက္သာပဲ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.