ယနေ့နံနက် ၅ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ စင်စင်နာတီနဲ့ အင်တာမိုင်ယာမီတို့ရဲ့ ယူအက်စ်အိုးပင်းဆီမီးဖိုင်နယ်ပွဲစဉ်မှာ ၃-၃ နဲ့ သရေကျခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ အင်တာမိုင်ယာမီက အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။
ပထမပိုင်း ၁၈ မိနစ်မှာ အေကော်စတာက စင်စင်နာတီအတွက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပြီး ဒုတိယပိုင်းပြန်လည်စတင်ပြီးနောက် ၁၀ မိနစ်မပြည့်ခင်မှာပဲ ဘရန်ဒန် ဗက်စ်ကွက်ဇ်က နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာကြောင့် လိဂ်ဖလားချန်ပီယံ အင်တာမိုင်ယာမီတို့အတွက် စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ကမ်ပါနာက ၆၈ မိနစ်မှာ လီယွန်နယ် မက်ဆီရဲ့ ဖြတ်တင်ပေးပို့မှုကနေ တဆင့် ဂိုးသမားနဲ့ အနီးကပ် ခေါင်းတိုက်သွင်းယူပြီး ချေပဂိုး သွင်းယူပေးသွားခဲ့တာကြောင့် အင်တာ မိုင်ယာမီတို့ ပွဲစဉ်အတွင်း ပြန်လည်ဝင်ရောက်လာနိုင်ခဲ့ပါတယ်။
ပွဲကစားချိန်မိနစ် ၉၀ ပြည့်တဲ့အချိန်အထိ ၂-၁ နဲ့ စင်စင်နာတီက ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း နာကျင်အချိန်ပို ၉၇ မိနစ်မှာ လီယွန်နယ် မက်ဆီရဲ့ ဖန်တီးပေးပို့မှုကနေပဲ ကမ်ပါနာက ဂိုးဘယ်ဖက်အောက်ထောင့်ကို ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ပုံမှန်ပွဲကစားချိန်ဟာ ၂-၂ နဲ့ ပြီးဆုံးခဲ့တာကြောင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရပြီး အချိန်ပိုပထမပိုင်း ၉၃ မိနစ်မှာပဲ ဂျိုးဆက်ဖ် မာတီနက်ဇ်က ဘန်ဂျမင် ခရီမက်စ်ချီရဲ့ ပေးပို့မှုကနေ ဂိုးညာဘက်အောက်ထောင့်ကို ကန်သွင်းပြီး ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
အင်တာ မိုင်ယာမီဟာ အချိန်ပိုမှာ ဦးဆောင်ဂိုး ရရှိခဲ့တာကြောင့် အနိုင်ရရှိခဲ့ပြီလို့ ထင်မြင်ခဲ့ပေမယ့်လည်း ယုယ ကူဘိုက ၁၁၄ မိနစ်မှာ စင်စင်နာတီအတွက် ချေပဂိုးကို ပြန်လည်သွင်းယူခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရတာဖြစ်ပါတယ်။
ပင်နယ်တီ အဆုံးအဖြတ်မှာ အင်တာမိုင်ယာမီက ၅-၄ နဲ့ အနိုင်ရရှိသွားခဲ့ပြီး ယူအက်စ်အိုးပင်း ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီး ဟူစတန် ဒိုင်နမိုနဲ့ ရီးရဲလ် ဆော့တ်လိတ်တို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ စက်တင်ဘာ ၂၈ ရက်နေ့မှာ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ယေန႔နံနက္ ၅ နာရီ ၃၀ မိနစ္အခ်ိန္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ စင္စင္နာတီနဲ႔ အင္တာမိုင္ယာမီတို႔ရဲ႕ ယူအက္စ္အိုးပင္းဆီမီးဖိုင္နယ္ပြဲစဥ္မွာ ၃-၃ နဲ႔ သေရက်ခဲ့ၿပီး ပင္နယ္တီ အဆုံးအျဖတ္မွာ အင္တာမိုင္ယာမီက အႏိုင္ရရွိၿပီး ဗိုလ္လုပြဲကို တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။
ပထမပိုင္း ၁၈ မိနစ္မွာ ေအေကာ္စတာက စင္စင္နာတီအတြက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့ၿပီး ဒုတိယပိုင္းျပန္လည္စတင္ၿပီးေနာက္ ၁၀ မိနစ္မျပည့္ခင္မွာပဲ ဘရန္ဒန္ ဗက္စ္ကြက္ဇ္က ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာေၾကာင့္ လိဂ္ဖလားခ်န္ပီယံ အင္တာမိုင္ယာမီတို႔အတြက္ စိုးရိမ္စရာျဖစ္ခဲ့ပါတယ္။
ဒါေပမယ့္လည္း ကမ္ပါနာက ၆၈ မိနစ္မွာ လီယြန္နယ္ မက္ဆီရဲ႕ ျဖတ္တင္ေပးပို႔မႈကေန တဆင့္ ဂိုးသမားနဲ႔ အနီးကပ္ ေခါင္းတိုက္သြင္းယူၿပီး ေခ်ပဂိုး သြင္းယူေပးသြားခဲ့တာေၾကာင့္ အင္တာ မိုင္ယာမီတို႔ ပြဲစဥ္အတြင္း ျပန္လည္ဝင္ေရာက္လာႏိုင္ခဲ့ပါတယ္။
ပြဲကစားခ်ိန္မိနစ္ ၉၀ ျပည့္တဲ့အခ်ိန္အထိ ၂-၁ နဲ႔ စင္စင္နာတီက ဦးေဆာင္ထားႏိုင္ခဲ့ေပမယ့္လည္း နာက်င္အခ်ိန္ပို ၉၇ မိနစ္မွာ လီယြန္နယ္ မက္ဆီရဲ႕ ဖန္တီးေပးပို႔မႈကေနပဲ ကမ္ပါနာက ဂိုးဘယ္ဖက္ေအာက္ေထာင့္ကို ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။
ပုံမွန္ပြဲကစားခ်ိန္ဟာ ၂-၂ နဲ႔ ၿပီးဆုံးခဲ့တာေၾကာင့္ အခ်ိန္ပို ဆက္လက္ယွဥ္ၿပိဳင္ကစားခဲ့ရၿပီး အခ်ိန္ပိုပထမပိုင္း ၉၃ မိနစ္မွာပဲ ဂ်ိဳးဆက္ဖ္ မာတီနက္ဇ္က ဘန္ဂ်မင္ ခရီမက္စ္ခ်ီရဲ႕ ေပးပို႔မႈကေန ဂိုးညာဘက္ေအာက္ေထာင့္ကို ကန္သြင္းၿပီး ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။
အင္တာ မိုင္ယာမီဟာ အခ်ိန္ပိုမွာ ဦးေဆာင္ဂိုး ရရွိခဲ့တာေၾကာင့္ အႏိုင္ရရွိခဲ့ၿပီလို႔ ထင္ျမင္ခဲ့ေပမယ့္လည္း ယုယ ကူဘိုက ၁၁၄ မိနစ္မွာ စင္စင္နာတီအတြက္ ေခ်ပဂိုးကို ျပန္လည္သြင္းယူခဲ့တာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ခံယူခဲ့ရတာျဖစ္ပါတယ္။
ပင္နယ္တီ အဆုံးအျဖတ္မွာ အင္တာမိုင္ယာမီက ၅-၄ နဲ႔ အႏိုင္ရရွိသြားခဲ့ၿပီး ယူအက္စ္အိုးပင္း ဗိုလ္လုပြဲကို တက္ေရာက္သြားႏိုင္ခဲ့ၿပီျဖစ္ၿပီး ဟူစတန္ ဒိုင္နမိုနဲ႔ ရီးရဲလ္ ေဆာ့တ္လိတ္တို႔ပြဲစဥ္က အႏိုင္ရတဲ့အသင္းနဲ႔ စက္တင္ဘာ ၂၈ ရက္ေန႔မွာ ဗိုလ္လုပြဲအျဖစ္ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.