Other Leagues

ပင်နယ်တီ ၂ ကြိမ် အငြင်းခံရပြီးနောက် ဒိုင်ကို ဆဲပြီး ပရိသတ်ကိုပါ တွန်းထုတ်ပစ်ခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ရှာဘတ် အယ်လ်အလီနဲ့ ကစားခဲ့တဲ့ပွဲစဉ်အတွင်း အယ်လ်နာဆာရဲ့ ပင်နယ်တီ ၂ ကြိမ်အထိ ငြင်းပယ်ခံခဲ့ရပြီးနောက် လုံးဝကို ဒေါသထွက်ခဲ့ပါတယ်။

အယ်လ်နာဆာဟာ အာရှချန်ပီယံလိဂ် Play-off ပွဲစဉ်မှာ အန်ဒါဆန် တာလစ္စကာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီးနောက် အယ်လ် ဂါဆာနီရဲ့ ချေပဂိုးနဲ့ ဦးဆောင်ဂိုးကြောင့် ယူအေအီးကလပ်က ၂-၁ နဲ့ ပြန်လည်ဦးဆောင်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အယ်လ်နာဆာက ပြိုင်ဘက်တွေကို အနိုင်ပြန်လည်ရယူနိုင်ဖို့ ရှိသမျှအားကုန်ထုတ်သုံးခဲ့ပြီး ၈၈ မိနစ်မှာ အယ်လ် ဂါနမ်ရဲ့ ချေပဂိုးကြောင့် ၂-၂ ညီမျှသွားခဲ့ပြီးနောက် တာလစ္စကာနဲ့ ဘရိုဇိုဗစ်တို့က နာကျင်အချိန်ပိုမှာ ဦးဆောင်ဂိုးတွေ ဆက်တိုက် သွင်းယူခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်လ်ဒိုဟာ ပထမပိုင်းအပြီးမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အတွက် သတင်းခေါင်းစည်းတွေမှာ နေရာယူခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်ရဲ့ ပထမပိုင်းအတွင်း လေပေါ်ဝဲကန်ချက်ဟာ ရှာဘတ် အယ်လ်အလီနောက်ခံလူရဲ့ လက်နဲ့ ထိသွားခဲ့ပြီးနောက် ပင်နယ်တီရရှိခဲ့ခြင်းမရှိတဲ့အတွက် စိတ်ပျက်ခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးတဲ့နောက်မှာ ပင်နယ်တီဧရိယာအတွင်း နောက်ထပ် ပင်နယ်တီပြစ်ဒဏ်ဘော ရရှိခဲ့သင့်တယ်လို့ ခံစားခဲ့ရတာကြောင့် ဆော်ဒီ အာရေဗျမှာ အရင်တုန်းက လုပ်ခဲ့တဲ့ပုံစံအတိုင်းပဲ ဥမင်လျှောက်လမ်းထဲကို ဒေါသတကြီး ဆင်းသွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ဥမင်လျှောက်လမ်းထဲကို မဆင်းသွားမီမှာ ကွင်းထဲက ဒိုင်လူကြီးကို နိုးထစမ်းပါ၊ ယီးထဲမှပဲလို့ အော်ဟစ်သွားခဲ့ပြီး ဆယ်လ်ဖီတွဲရိုက်ဖို့ ကြိုးစားခဲ့တဲ့ ပွဲကြည့်ပရိသတ်တစ်ဦးကိုလည်း တွန်းထုတ်သွားခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့ပြီးနောက် ၂၆ ပွဲမှာ သွင်းဂိုး ၂၀ အထိ သွင်းယူထားတဲ့ကစားသမားဖြစ်ပြီး ၎င်းရဲ့ အပြောင်းအရွှေ့က နာမည်ကျော်ကစားသမားတွေအတွက် ရှေ့ဆောင်လမ်းပြဖြစ်ခဲ့တာဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက တာလစ္စကာဟာ အယ်လ်နာဆာအတွက် သူရဲကောင်းဖြစ်ခဲ့ပေမယ့်လည်း အာရှဘောလုံးအဖွဲ့ချုပ်က အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ အာရှတိုက်အပြင်ဘက်က ကစားသမား ၅ ဦးအထိသာ ပါဝင်ကစားခွင့် ပြုထားတာကြောင့် လူစာရင်းကနေ ချန်လှပ်ခံရဖွယ်ရှိနေပြီး အယ်လ်နာဆာဘက်မှာ အာရှတိုက်အပြင်ဘက် ကစားသမားတွေဖြစ်တဲ့ ရော်နယ်လ်ဒို၊ ဆာဒီယို မာနေး၊ ဆီကို ဖိုဖာနာ၊ ဘရိုဇိုဗစ်နဲ့၊ အဲလက်စ် တဲလက်စ်တို့ ရှိနေပြီးသားဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ရွာဘတ္ အယ္လ္အလီနဲ႔ ကစားခဲ့တဲ့ပြဲစဥ္အတြင္း အယ္လ္နာဆာရဲ႕ ပင္နယ္တီ ၂ ႀကိမ္အထိ ျငင္းပယ္ခံခဲ့ရၿပီးေနာက္ လုံးဝကို ေဒါသထြက္ခဲ့ပါတယ္။

အယ္လ္နာဆာဟာ အာရွခ်န္ပီယံလိဂ္ Play-off ပြဲစဥ္မွာ အန္ဒါဆန္ တာလစၥကာရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီးေနာက္ အယ္လ္ ဂါဆာနီရဲ႕ ေခ်ပဂိုးနဲ႔ ဦးေဆာင္ဂိုးေၾကာင့္ ယူေအအီးကလပ္က ၂-၁ နဲ႔ ျပန္လည္ဦးေဆာင္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အယ္လ္နာဆာက ၿပိဳင္ဘက္ေတြကို အႏိုင္ျပန္လည္ရယူႏိုင္ဖို႔ ရွိသမွ်အားကုန္ထုတ္သုံးခဲ့ၿပီး ၈၈ မိနစ္မွာ အယ္လ္ ဂါနမ္ရဲ႕ ေခ်ပဂိုးေၾကာင့္ ၂-၂ ညီမွ်သြားခဲ့ၿပီးေနာက္ တာလစၥကာနဲ႔ ဘ႐ိုဇိုဗစ္တို႔က နာက်င္အခ်ိန္ပိုမွာ ဦးေဆာင္ဂိုးေတြ ဆက္တိုက္ သြင္းယူခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေရာ္နယ္လ္ဒိုဟာ ပထမပိုင္းအၿပီးမွာ ျဖစ္ပြားခဲ့တဲ့ ျဖစ္စဥ္အတြက္ သတင္းေခါင္းစည္းေတြမွာ ေနရာယူခဲ့ၿပီး ေပၚတူဂီၾကယ္ပြင့္ရဲ႕ ပထမပိုင္းအတြင္း ေလေပၚဝဲကန္ခ်က္ဟာ ရွာဘတ္ အယ္လ္အလီေနာက္ခံလူရဲ႕ လက္နဲ႔ ထိသြားခဲ့ၿပီးေနာက္ ပင္နယ္တီရရွိခဲ့ျခင္းမရွိတဲ့အတြက္ စိတ္ပ်က္ခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၿပီးတဲ့ေနာက္မွာ ပင္နယ္တီဧရိယာအတြင္း ေနာက္ထပ္ ပင္နယ္တီျပစ္ဒဏ္ေဘာ ရရွိခဲ့သင့္တယ္လို႔ ခံစားခဲ့ရတာေၾကာင့္ ေဆာ္ဒီ အာေရဗ်မွာ အရင္တုန္းက လုပ္ခဲ့တဲ့ပုံစံအတိုင္းပဲ ဥမင္ေလွ်ာက္လမ္းထဲကို ေဒါသတႀကီး ဆင္းသြားခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ဥမင္ေလွ်ာက္လမ္းထဲကို မဆင္းသြားမီမွာ ကြင္းထဲက ဒိုင္လူႀကီးကို ႏိုးထစမ္းပါ၊ ယီးထဲမွပဲလို႔ ေအာ္ဟစ္သြားခဲ့ၿပီး ဆယ္လ္ဖီတြဲ႐ိုက္ဖို႔ ႀကိဳးစားခဲ့တဲ့ ပြဲၾကည့္ပရိသတ္တစ္ဦးကိုလည္း တြန္းထုတ္သြားခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ ေဆာ္ဒီ အာေရဗ်ကို ေျပာင္းေ႐ႊ႕ၿပီးေနာက္ ၂၆ ပြဲမွာ သြင္းဂိုး ၂၀ အထိ သြင္းယူထားတဲ့ကစားသမားျဖစ္ၿပီး ၎ရဲ႕ အေျပာင္းအေ႐ႊ႕က နာမည္ေက်ာ္ကစားသမားေတြအတြက္ ေရွ႕ေဆာင္လမ္းျပျဖစ္ခဲ့တာျဖစ္ပါတယ္။

စိတ္ဝင္စားစရာေကာင္းတာက တာလစၥကာဟာ အယ္လ္နာဆာအတြက္ သူရဲေကာင္းျဖစ္ခဲ့ေပမယ့္လည္း အာရွေဘာလုံးအဖြဲ႕ခ်ဳပ္က အာရွခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အာရွတိုက္အျပင္ဘက္က ကစားသမား ၅ ဦးအထိသာ ပါဝင္ကစားခြင့္ ျပဳထားတာေၾကာင့္ လူစာရင္းကေန ခ်န္လွပ္ခံရဖြယ္ရွိေနၿပီး အယ္လ္နာဆာဘက္မွာ အာရွတိုက္အျပင္ဘက္ ကစားသမားေတြျဖစ္တဲ့ ေရာ္နယ္လ္ဒို၊ ဆာဒီယို မာေနး၊ ဆီကို ဖိုဖာနာ၊ ဘ႐ိုဇိုဗစ္နဲ႔၊ အဲလက္စ္ တဲလက္စ္တို႔ ရွိေနၿပီးသားျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.