Match Report Premier League

ရွှေစတာလင်ရဲ့ ခြေစွမ်းပြ သွင်းဂိုးတွေနဲ့အတူ လူတန်နဲ့ပွဲမှာ သုံးမှတ်စ,ရတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရောဘတ် ဆန်ချက်ဇ်၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ ဒီဆာဆီနဲ့ ကောလ်ဝီလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂူစတို၊ ချေးလ်ဝဲလ်၊ ကိုင်စီဒို၊ ဂါလာဂါနဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ စတာလင်နဲ့ ဂျက်ဆန်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

တန်းတက် လူတန်တောင်းအသင်းကတော့ ဂိုးသမား ကာမင်စကီး၊ ခံစစ်မှာ လော့ကီယာ၊ ဘာ့ခ်၊ ဘဲလ်၊ ကာဘိုးရ်နဲ့ ဂီးလ်စ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ နာကမ်ဘာ၊ တာဟစ်ချုံးနဲ့ ဘာကလီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အဒီဘာယိုနဲ့ မောရစ်တို့ကို တွဲဖက်ပေးခဲ့တာပါ။

ချဲလ်ဆီးတို့ ပွဲစကတည်းက ဘောလုံးကိုင်ကစားနေခဲ့ပေမယ့် ကွင်းလယ်မှာ အန်ဇို ဖာနန်ဒက်ဇ်ကလွဲလို့ ကျန်တဲ့သူတွေ ခြေမပေါ်တာကြောင့် Final Third Zone မှာ ရုန်းကန်ခဲ့ရပြီး တိုက်စစ်မှူး ဂျက်ဆန်ကလည်း ဘောလုံးအထိန်းအသိမ်းတွေက အဖိတ်အစင်တွေ များခဲ့လို့ စတာလင်နဲ့ ချေးဝဲလ်တို့ရဲ့ ပြေးအားတွေကိုပဲ မှီခိုခဲ့ရပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာ ချဲလ်ဆီးတို့ အဖွင့်ဂိုး စတင်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ နောက်ခံလူ ဂူစတို ပေးလိုက်တဲ့ ဘောလုံးကို စတာလင်က တောင်ပံကနေ အတွင်းကို တစ်ကိုယ်တော် ဆွဲဝင်ပြီး လူတန်နောက်ခံလူ လေးငါးယောက် ပိတ်ဆို့ထားတဲ့ကြားက ဘယ်ခြေနဲ့ အနိမ့်ဘော ကန်သွင်းရာမှာ အဝေးတိုင်ခြေကို ဝင်သွားခဲ့တာကြောင့် အိမ်ရှင်တွေ ဦးဆောင်နိုင်ခဲ့တာပါ။

လူတန်တို့ကတော့ ခံစစ်မှာ ပိတ်ကစားပုံက ရိုးလွန်းပြီး Wing Back တွေကလည်း ကစားပုံတူနေတဲ့ တိုက်စစ်မှူးနှစ်ဦး ရွေ့လျားမှုအားနည်းပြီး မလှုပ်နိုင်တဲ့ တိုက်စစ်ကို ပံ့ပိုးနိုင်ခြင်း မရှိချိန်မှာ တူတူတန်တန် ကစားဖို့ မဖြစ်နိုင်ခဲ့ချိန်မှာ မန်ယူလူငယ်ဟောင်း တာဟစ်ချုံးတစ်ယောက်ကသာ ယှဉ်ကစားနိုင်ခဲ့ပြီး အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်တဲ့ ဘာကလီကလည်း ပါလို့ ပါမှန်းတောင် မသိခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ ကွင်းလယ်နဲ့ ဂိုးရှေ့မှာ လွဲချော်မှုတွေ များခဲ့လို့ ချဲလ်ဆီးတို့ တစ်ဂိုးနဲ့သာ ကျေနပ်ခဲ့ရပြီး ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာ လူတန်တို့ရဲ့ ဘောလုံးပေးပို့မှုအမှားကနေ ထိုးဖောက်သွားခဲ့တဲ့ ချေးလ်ဝဲလ်က ဂိုးသမားရှေ့တောင် ရောက်နေတာကို ကန်သွင်းရမယ့်အစား ဘေးကို ခင်းပေးဖို့ လုပ်ခဲ့လို့ အပိုင်တစ်ဂိုး နစ်နာခဲ့ရတာပါ။

လူတန်တို့အနေနဲ့ ပရီးမီးယားလိဂ်မှာ ကစားဖို့အတွက် အများကြီး နိမ့်ပါးနေခဲ့သေးသလို ပွဲချိန် ၅၃ မိနစ်မှာ ထောင့်ကန်ဘောကနေ သီယာဂို ဆေးလ်ဗား ဆွဲလှဲခံခဲ့ရပေမယ့် ပင်နယ်တီ မရခဲ့လို့ ချဲလ်ဆီးတို့ နစ်နာခဲ့ရပြီး ဒီက လွတ်သွားတဲ့ ဘောလုံးကိုလည်း ဒီဆာဆီက ဂိုးသမား ကာမင်စကီရဲ့ တည့်တည့်ကိုပဲ ခပ်ပျော့ပျော့ ခေါင်းတိုက်မိခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာတော့ ချဲလ်ဆီးတို့ ဒုတိယ ဦးဆောင်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကိုင်စီဒိုက ညာခြမ်းကို ခင်းပေးတဲ့ ဘောလုံးကို နောက်ခံလူ ဂူစတိုက တောင်ပံကနေ ဧရိယာထဲကို အနိမ့်ဘော Cut Back လုပ်ပေးရာမှာ ပြေးဆင်းတာ အရှိန်လွန်သွားတဲ့ လူတန်နောက်ခံလူတွေရဲ့ အမှားကြောင့် တစ်ယောက်တည်း လွတ်နေခဲ့တဲ့ စတာလင်က အနီးကပ် ပိတ်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၇၅ မိနစ်မှာတော့ ချဲလ်ဆီးတို့ပဲ အနိုင်သေချာစေမယ့် တတိယဂိုးကို ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ အန်ဇို ဖာနန်ဒက်ဇ်က ညာခြမ်းကို ဖြန့်ပေးလိုက်တဲ့ ဘောလုံးကို စတာလင်က တောင်ပံကနေ အဝေးတိုင်ဘက်ကို ဖြတ်ပို့ရာမှာ လူတန်နောက်ခံလူ ဘဲလ်နဲ့ထိပြီး ပြန်ကျလာတဲ့ ဘောလုံးကို တိုက်စစ်မှူး ဂျက်ဆန်က သူ့ရဲ့ ပထမဆုံးဂိုးအဖြစ် Tap-in သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ချဲလ်ဆီးတို့က လူတန်တောင်းတို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ကြပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမဆုံး သုံးမှတ်နဲ့ Clean Sheet ကို တစ်ပြိုင်တည်း ရယူသွားနိုင်ခဲ့ကြချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့် ၈ အထိ ပြန်လည်တက်ရောက်လာနိုင်ခဲ့ကြပြီး နည်းပြ ပိုချက်တီနို အနေနဲ့တော့ ကွင်းလယ်ကစားကွက်ကို ပိုမိုကောင်းမွန်အောင်လုပ်နိုင်ရင် အသင်းရဲ့ ရလဒ်ကောင်းတွေကို ပိုမိုမျှော်လင့်နိုင်မှာဖြစ်ကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေရာဘတ္ ဆန္ခ်က္ဇ္၊ ခံစစ္မွာ သီယာဂို ေဆးလ္ဗား၊ ဒီဆာဆီနဲ႔ ေကာလ္ဝီလ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂူစတို၊ ေခ်းလ္ဝဲလ္၊ ကိုင္စီဒို၊ ဂါလာဂါနဲ႔ အန္ဇို ဖာနန္ဒက္ဇ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ စတာလင္နဲ႔ ဂ်က္ဆန္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

တန္းတက္ လူတန္ေတာင္းအသင္းကေတာ့ ဂိုးသမား ကာမင္စကီး၊ ခံစစ္မွာ ေလာ့ကီယာ၊ ဘာ့ခ္၊ ဘဲလ္၊ ကာဘိုးရ္နဲ႔ ဂီးလ္စ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ နာကမ္ဘာ၊ တာဟစ္ခ်ဳံးနဲ႔ ဘာကလီတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အဒီဘာယိုနဲ႔ ေမာရစ္တို႔ကို တြဲဖက္ေပးခဲ့တာပါ။

ခ်ဲလ္ဆီးတို႔ ပြဲစကတည္းက ေဘာလုံးကိုင္ကစားေနခဲ့ေပမယ့္ ကြင္းလယ္မွာ အန္ဇို ဖာနန္ဒက္ဇ္ကလြဲလို႔ က်န္တဲ့သူေတြ ေျခမေပၚတာေၾကာင့္ Final Third Zone မွာ ႐ုန္းကန္ခဲ့ရၿပီး တိုက္စစ္မႉး ဂ်က္ဆန္ကလည္း ေဘာလုံးအထိန္းအသိမ္းေတြက အဖိတ္အစင္ေတြ မ်ားခဲ့လို႔ စတာလင္နဲ႔ ေခ်းဝဲလ္တို႔ရဲ႕ ေျပးအားေတြကိုပဲ မွီခိုခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာ ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုး စတင္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ေနာက္ခံလူ ဂူစတို ေပးလိုက္တဲ့ ေဘာလုံးကို စတာလင္က ေတာင္ပံကေန အတြင္းကို တစ္ကိုယ္ေတာ္ ဆြဲဝင္ၿပီး လူတန္ေနာက္ခံလူ ေလးငါးေယာက္ ပိတ္ဆို႔ထားတဲ့ၾကားက ဘယ္ေျခနဲ႔ အနိမ့္ေဘာ ကန္သြင္းရာမွာ အေဝးတိုင္ေျခကို ဝင္သြားခဲ့တာေၾကာင့္ အိမ္ရွင္ေတြ ဦးေဆာင္ႏိုင္ခဲ့တာပါ။

လူတန္တို႔ကေတာ့ ခံစစ္မွာ ပိတ္ကစားပုံက ႐ိုးလြန္းၿပီး Wing Back ေတြကလည္း ကစားပုံတူေနတဲ့ တိုက္စစ္မႉးႏွစ္ဦး ေ႐ြ႕လ်ားမႈအားနည္းၿပီး မလႈပ္ႏိုင္တဲ့ တိုက္စစ္ကို ပံ့ပိုးႏိုင္ျခင္း မရွိခ်ိန္မွာ တူတူတန္တန္ ကစားဖို႔ မျဖစ္ႏိုင္ခဲ့ခ်ိန္မွာ မန္ယူလူငယ္ေဟာင္း တာဟစ္ခ်ဳံးတစ္ေယာက္ကသာ ယွဥ္ကစားႏိုင္ခဲ့ၿပီး အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္တဲ့ ဘာကလီကလည္း ပါလို႔ ပါမွန္းေတာင္ မသိခဲ့ရတာျဖစ္ပါတယ္။

ပထမပိုင္းမွာေတာ့ ကြင္းလယ္နဲ႔ ဂိုးေရွ႕မွာ လြဲေခ်ာ္မႈေတြ မ်ားခဲ့လို႔ ခ်ဲလ္ဆီးတို႔ တစ္ဂိုးနဲ႔သာ ေက်နပ္ခဲ့ရၿပီး ဒုတိယပိုင္းစၿပီး သိပ္မၾကာခင္မွာ လူတန္တို႔ရဲ႕ ေဘာလုံးေပးပို႔မႈအမွားကေန ထိုးေဖာက္သြားခဲ့တဲ့ ေခ်းလ္ဝဲလ္က ဂိုးသမားေရွ႕ေတာင္ ေရာက္ေနတာကို ကန္သြင္းရမယ့္အစား ေဘးကို ခင္းေပးဖို႔ လုပ္ခဲ့လို႔ အပိုင္တစ္ဂိုး နစ္နာခဲ့ရတာပါ။

လူတန္တို႔အေနနဲ႔ ပရီးမီးယားလိဂ္မွာ ကစားဖို႔အတြက္ အမ်ားႀကီး နိမ့္ပါးေနခဲ့ေသးသလို ပြဲခ်ိန္ ၅၃ မိနစ္မွာ ေထာင့္ကန္ေဘာကေန သီယာဂို ေဆးလ္ဗား ဆြဲလွဲခံခဲ့ရေပမယ့္ ပင္နယ္တီ မရခဲ့လို႔ ခ်ဲလ္ဆီးတို႔ နစ္နာခဲ့ရၿပီး ဒီက လြတ္သြားတဲ့ ေဘာလုံးကိုလည္း ဒီဆာဆီက ဂိုးသမား ကာမင္စကီရဲ႕ တည့္တည့္ကိုပဲ ခပ္ေပ်ာ့ေပ်ာ့ ေခါင္းတိုက္မိခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ဒုတိယ ဦးေဆာင္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကိုင္စီဒိုက ညာျခမ္းကို ခင္းေပးတဲ့ ေဘာလုံးကို ေနာက္ခံလူ ဂူစတိုက ေတာင္ပံကေန ဧရိယာထဲကို အနိမ့္ေဘာ Cut Back လုပ္ေပးရာမွာ ေျပးဆင္းတာ အရွိန္လြန္သြားတဲ့ လူတန္ေနာက္ခံလူေတြရဲ႕ အမွားေၾကာင့္ တစ္ေယာက္တည္း လြတ္ေနခဲ့တဲ့ စတာလင္က အနီးကပ္ ပိတ္သြင္းသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ပဲ အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးကို ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ အန္ဇို ဖာနန္ဒက္ဇ္က ညာျခမ္းကို ျဖန႔္ေပးလိုက္တဲ့ ေဘာလုံးကို စတာလင္က ေတာင္ပံကေန အေဝးတိုင္ဘက္ကို ျဖတ္ပို႔ရာမွာ လူတန္ေနာက္ခံလူ ဘဲလ္နဲ႔ထိၿပီး ျပန္က်လာတဲ့ ေဘာလုံးကို တိုက္စစ္မႉး ဂ်က္ဆန္က သူ႔ရဲ႕ ပထမဆုံးဂိုးအျဖစ္ Tap-in သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ခ်ဲလ္ဆီးတို႔က လူတန္ေတာင္းတို႔ကို သုံးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရသြားခဲ့ၾကၿပီး ဒီရာသီ ပရီးမီးယားလိဂ္မွာ ပထမဆုံး သုံးမွတ္နဲ႔ Clean Sheet ကို တစ္ၿပိဳင္တည္း ရယူသြားႏိုင္ခဲ့ၾကခ်ိန္မွာ အမွတ္ေပးဇယားရဲ႕ အဆင့္ ၈ အထိ ျပန္လည္တက္ေရာက္လာႏိုင္ခဲ့ၾကၿပီး နည္းျပ ပိုခ်က္တီႏို အေနနဲ႔ေတာ့ ကြင္းလယ္ကစားကြက္ကို ပိုမိုေကာင္းမြန္ေအာင္လုပ္ႏိုင္ရင္ အသင္းရဲ႕ ရလဒ္ေကာင္းေတြကို ပိုမိုေမွ်ာ္လင့္ႏိုင္မွာျဖစ္ေၾကာင္းလည္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.