လီဗာပူးလ်အသင်းဟာ ယခုနွေရာသီမှာ မိုဟာမက် ဆာလားအတွက် ဘယ်လို ကမ်းလှမ်းမှုမျိုးကို မဆို ငြင်းပယ်သွားမယ်လို့ ဆုံးဖြတ်ခဲ့ပြီး ၎င်းတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူးကို ထွက်ခွာခွင့်ပေးဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။
The Athletic သတင်းထောက် ဒေးဗစ် အွန်းစတိုင်းရဲ့ ပြောကြားချက်အရ လီဗာပူးလ်ဟာ ယခုနွေရာသီမှာ အီဂျစ်တိုက်စစ်မှူးကို ရောင်းချမှာမဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုခဲ့ပြီး အသက် ၃၁ နှစ်အရွယ်တိုက်စစ်မှူးကို အယ်လ်အစ်တီဟတ်က ယခုနွေရာသီအစကတည်းက ပစ်မှတ်ထားနေခဲ့သလို လက်ရှိမှာ အရခေါ်ယူဖို့ နောက်ထပ်ခြေလှမ်းလာတာဖြစ်ပါတယ်။
ယခုလအစောပိုင်းမှာ ဆာလားရဲ့အေးဂျင့် ရာမီ အဘက်စ် အစ်ဆာက ယခုရာသီ မာဆေးဆိုဒ်မှာပဲ ဆက်နေသွားဖို့ စီစဉ်ထားတယ်လို့ အတည်ပြု ပြောကြားခဲ့တာဖြစ်ပြီး အီဂျစ်တိုက်စစ်မှူးသာ အသင်းကို စွန့်ခွာဖို့ စဉ်းစားထားရင် ပြီးခဲ့တဲ့နွေရာသီမှာ စာချုပ်သစ် ချုပ်ဆိုမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
သတင်းတွေအရ အယ်လ်အစ်တီဟတ်ဟာ ဆာလားကို တစ်ရာသီယူရိုသန်း ၉၀ တန်ကြေးရှိတဲ့ ၂ နှစ်စာချုပ် ကမ်းလှမ်းသွားဖို့ အဆင်သင့်ဖြစ်နေပြီး ကမ္ဘာပေါ်က လစာအမြင့်မားဆုံး အားကစားသမားတွေထဲက တစ်ဦးဖြစ်လာအောင် ပြုလုပ်ပေးသွားချင်နေတယ်လို့ သိရပါတယ်။
ဆော်ဒီအာရေဗျအပြောင်းအရွှေ့စျေးကွက်ဟာ စက်တင်ဘာ ၂၀ အထိ ဖွင့်ထားပေမယ့်လည်း ပရီးမီးယားလိဂ်က စက်တင်ဘာ ၁ ရက်နေ့မှာ ပိတ်မှာဖြစ်တာကြောင့် ယာဂန် ကလော့ပ်က အပြောင်းအရွှေ့စျေးကွက်က အချိန်မတူတာကို မပျော်မရွှင်ဖြစ်မိတယ်လို့ ဝန်ခံပြောကြားထားပြီး ဆာလားသာ ယခုနွေရာသီမှာ အသင်းပြောင်းဖို့ တွန်းအားပေးလာမှာကို ကြောက်ရွံ့နေတာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: လီဗာပူးလ္အသင္းဟာ ယခုေႏြရာသီမွာ မိုဟာမက္ ဆာလားအတြက္ ဘယ္လို ကမ္းလွမ္းမႈမ်ိဳးကို မဆို ျငင္းပယ္သြားမယ္လို႔ ဆုံးျဖတ္ခဲ့ၿပီး ၎တို႔ရဲ႕ ၾကယ္ပြင့္တိုက္စစ္မႉးကို ထြက္ခြာခြင့္ေပးဖို႔ အစီအစဥ္မရွိဘူးလို႔ သိရပါတယ္။
The Athletic သတင္းေထာက္ ေဒးဗစ္ အြန္းစတိုင္းရဲ႕ ေျပာၾကားခ်က္အရ လီဗာပူးလ္ဟာ ယခုေႏြရာသီမွာ အီဂ်စ္တိုက္စစ္မႉးကို ေရာင္းခ်မွာမဟုတ္ဘူးလို႔ အခိုင္အမာ ေျပာဆိုခဲ့ၿပီး အသက္ ၃၁ ႏွစ္အ႐ြယ္တိုက္စစ္မႉးကို အယ္လ္အစ္တီဟတ္က ယခုေႏြရာသီအစကတည္းက ပစ္မွတ္ထားေနခဲ့သလို လက္ရွိမွာ အရေခၚယူဖို႔ ေနာက္ထပ္ေျခလွမ္းလာတာျဖစ္ပါတယ္။
ယခုလအေစာပိုင္းမွာ ဆာလားရဲ႕ေအးဂ်င့္ ရာမီ အဘက္စ္ အစ္ဆာက ယခုရာသီ မာေဆးဆိုဒ္မွာပဲ ဆက္ေနသြားဖို႔ စီစဥ္ထားတယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့တာျဖစ္ၿပီး အီဂ်စ္တိုက္စစ္မႉးသာ အသင္းကို စြန႔္ခြာဖို႔ စဥ္းစားထားရင္ ၿပီးခဲ့တဲ့ေႏြရာသီမွာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုမွာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
သတင္းေတြအရ အယ္လ္အစ္တီဟတ္ဟာ ဆာလားကို တစ္ရာသီယူ႐ိုသန္း ၉၀ တန္ေၾကးရွိတဲ့ ၂ ႏွစ္စာခ်ဳပ္ ကမ္းလွမ္းသြားဖို႔ အဆင္သင့္ျဖစ္ေနၿပီး ကမာၻေပၚက လစာအျမင့္မားဆုံး အားကစားသမားေတြထဲက တစ္ဦးျဖစ္လာေအာင္ ျပဳလုပ္ေပးသြားခ်င္ေနတယ္လို႔ သိရပါတယ္။
ေဆာ္ဒီအာေရဗ်အေျပာင္းအေ႐ႊ႕ေစ်းကြက္ဟာ စက္တင္ဘာ ၂၀ အထိ ဖြင့္ထားေပမယ့္လည္း ပရီးမီးယားလိဂ္က စက္တင္ဘာ ၁ ရက္ေန႔မွာ ပိတ္မွာျဖစ္တာေၾကာင့္ ယာဂန္ ကေလာ့ပ္က အေျပာင္းအေ႐ႊ႕ေစ်းကြက္က အခ်ိန္မတူတာကို မေပ်ာ္မ႐ႊင္ျဖစ္မိတယ္လို႔ ဝန္ခံေျပာၾကားထားၿပီး ဆာလားသာ ယခုေႏြရာသီမွာ အသင္းေျပာင္းဖို႔ တြန္းအားေပးလာမွာကို ေၾကာက္႐ြံ႕ေနတာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.