Premier League

လူတန်ကို အနိုင်ရပြီးနောက် အံ့အားသင့်ဖွယ်အပြောင်းအရွှေ့သတင်းကို မျှဝေခဲ့တဲ့ ပိုချက်တီနို

ချဲလ်ဆီးနည်းပြ မူရီဆီယို ပိုချက်တီနိုက လူတန်တောင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ရာဟင်း စတားလင်းနဲ့ နီကိုလတ်စ် ဂျက်ဆင်တို့ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း နောက်ထပ်တိုက်စစ်မှူးတစ်ဦး လိုချင်နေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ သောကြာနေ့ညက စတမ်းဖို့ဒ် ဘရစ်ချ်မှာ လူတန်တောင်းကို ၃-၀ နဲ့ သက်တောင့်သက်သာ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပိုချက်တီနို လက်ထက် ပထမဆုံးနိုင်ပွဲရရှိအောင် စတားလင်းက ၂ ဂိုး၊ နီကိုလတ်စ် ဂျက်ဆင်က ၁ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးကြယ်ပွင့် ၂ ဦးဟာ ပြီးခဲ့တဲ့အပတ် ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တုန်းကအတိုင်းပဲ လူတန်နဲ့ပွဲစဉ်မှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ကြတာဖြစ်ပြီး ပိုချက်တီနိုက မကြာသေးမီက လာမယ့်အပတ် အပြောင်းအရွှေ့စျေးကွက်မပိတ်ခင် တိုက်စစ်မှူးတစ်ဦးနဲ့ ဂိုးသမားတစ်ဦး ခေါ်ယူနိုင်ဖို့ မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပြီး လက်ရှိမှာ ဂိုးသမားသစ်အဖြစ် ဂျော်ဒီ ပက်ထရိုဗစ်က ချဲလ်ဆီးကို ပြောင်းရွှေ့လာဖို့ အနီးစပ်ဆုံးအခြေအနေမှာ ရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စတားလင်းနဲ့ ဂျက်ဆင်တို့ဟာ ကောင်းမွန်နေပုံပေါ်ပြီး အာမန်ဒို ဘရိုဂျာ၊ အန်ကွန်ကူ၊ မူဒရစ်ခ်တို့လည်း ဒဏ်ရာကနေ ပြန်လည်သက်သာလာမှာဖြစ်တာကြောင့် တိုက်စစ်မှူးအသစ်က လုံးဝကို မလိုအပ်တာဖြစ်ပေမယ့်လည်း အာဂျင်တီးနားလူမျိုးနည်းပြအတွက်ကတော့ အသင်းကို ကောင်းမွန်တဲ့ဟန်ချက်ညီမှုပေးနိုင်မယ့် တိုက်စစ်မှူးတစ်ဦးလောက် လိုအပ်နေသေးတာဖြစ်ပါတယ်။

“ပြီးခဲ့တဲ့အပတ်ကလိုပဲ အပြောင်းအရွှေ့အစီအစဉ်က ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ အလုပ်လုပ်နေတယ်။ ဒီနေ့ရလဒ်က အပေါင်းလက္ခဏာဆောင်ခဲ့ပြီး ကျွန်တော်တို့ ပြောဆိုဆွေးနွေတုန်းပါပဲ။ ကျွန်တော်တို့ ဂိုးသမားနဲ့ တိုက်စစ်ကစားသမားတစ်ဦးထပ်လိုချင်သေးတယ်။ ကျွန်တော်တို့ လိုအပ်တဲ့ကစားသမားမျိုးလို့ ထင်တဲ့ပုံစံနဲ့ ကစားသမားကို ရှာတွေ့ဖို့ အလုပ်လုပ်နေပါတယ်။ကျွန်တော်တို့ နိုင်နိုင်၊ ရှုံးရှုံး ဒါကို မပြောင်းလဲနိုင်ပါဘူး။ ကျွန်တော်တို့ လိုအပ်တာ အသင်းကို ကောင်းမွန်တဲ့ဟန်ချက်ပေးနိုင်မယ့်သူပါ”

“ကျွန်တော်တို့ လိုချင်တာကို ရရှိနိုင်ချင်တယ်ဆိုရင် နောက်ထပ်တိုက်စစ်ကစားသမားတစ်ဦးလိုပါသေးတယ်။ သင့်တော်တဲ့ပုံစံမျိုးမဟုတ်ဘူးဆိုရင် ကျွန်တော်တို့ ခေါ်ယူမှာမဟုတ်ပါဘူး။ ကျွန်တော်တို့မှာ နောက်ထပ်တိုက်စစ်ကစားသမားရှိတယ်လို့ ပြောလို့ရရုံအတွက်နဲ့ ခေါ်ယူမှာမဟုတ်ဘဲ သင့်တော်တဲ့ပုံစံနဲ့ ကစားသမားကို ရှာဖွေဖို့လိုပါတယ်။ မတူညီတဲ့ပုံစံနဲ့ ကစားသမားပါ။ တိုက်စစ်မှူးအဖြစ်ရော တောင်ပံတိုက်စစ်ရော၊ နောက်ချန်တိုက်စစ်ပါ ကစားနိုင်မယ့်သူမျိုးဖြစ်ရမယ်။ ကျွန်တော်တို့ တွေ့ရပါလိမ့်မယ်။ လာမယ့်ရက်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ ဆုံးဖြတ်ချက်အချို့ ချမှတ်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးနည္းျပ မူရီဆီယို ပိုခ်က္တီႏိုက လူတန္ေတာင္းကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ရာဟင္း စတားလင္းနဲ႔ နီကိုလတ္စ္ ဂ်က္ဆင္တို႔ ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္လည္း ေနာက္ထပ္တိုက္စစ္မႉးတစ္ဦး လိုခ်င္ေနဆဲျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ ေသာၾကာေန႔ညက စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ လူတန္ေတာင္းကို ၃-၀ နဲ႔ သက္ေတာင့္သက္သာ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ပိုခ်က္တီႏို လက္ထက္ ပထမဆုံးႏိုင္ပြဲရရွိေအာင္ စတားလင္းက ၂ ဂိုး၊ နီကိုလတ္စ္ ဂ်က္ဆင္က ၁ ဂိုး သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးၾကယ္ပြင့္ ၂ ဦးဟာ ၿပီးခဲ့တဲ့အပတ္ ဝက္စ္ဟမ္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္တုန္းကအတိုင္းပဲ လူတန္နဲ႔ပြဲစဥ္မွာ အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကို ျပသခဲ့ၾကတာျဖစ္ၿပီး ပိုခ်က္တီႏိုက မၾကာေသးမီက လာမယ့္အပတ္ အေျပာင္းအေ႐ႊ႕ေစ်းကြက္မပိတ္ခင္ တိုက္စစ္မႉးတစ္ဦးနဲ႔ ဂိုးသမားတစ္ဦး ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ၿပီး လက္ရွိမွာ ဂိုးသမားသစ္အျဖစ္ ေဂ်ာ္ဒီ ပက္ထ႐ိုဗစ္က ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕လာဖို႔ အနီးစပ္ဆုံးအေျခအေနမွာ ရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း စတားလင္းနဲ႔ ဂ်က္ဆင္တို႔ဟာ ေကာင္းမြန္ေနပုံေပၚၿပီး အာမန္ဒို ဘ႐ိုဂ်ာ၊ အန္ကြန္ကူ၊ မူဒရစ္ခ္တို႔လည္း ဒဏ္ရာကေန ျပန္လည္သက္သာလာမွာျဖစ္တာေၾကာင့္ တိုက္စစ္မႉးအသစ္က လုံးဝကို မလိုအပ္တာျဖစ္ေပမယ့္လည္း အာဂ်င္တီးနားလူမ်ိဳးနည္းျပအတြက္ကေတာ့ အသင္းကို ေကာင္းမြန္တဲ့ဟန္ခ်က္ညီမႈေပးႏိုင္မယ့္ တိုက္စစ္မႉးတစ္ဦးေလာက္ လိုအပ္ေနေသးတာျဖစ္ပါတယ္။

“ၿပီးခဲ့တဲ့အပတ္ကလိုပဲ အေျပာင္းအေ႐ႊ႕အစီအစဥ္က ေျပာင္းလဲသြားမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ အလုပ္လုပ္ေနတယ္။ ဒီေန႔ရလဒ္က အေပါင္းလကၡဏာေဆာင္ခဲ့ၿပီး ကြၽန္ေတာ္တို႔ ေျပာဆိုေဆြးေႏြတုန္းပါပဲ။ ကြၽန္ေတာ္တို႔ ဂိုးသမားနဲ႔ တိုက္စစ္ကစားသမားတစ္ဦးထပ္လိုခ်င္ေသးတယ္။ ကြၽန္ေတာ္တို႔ လိုအပ္တဲ့ကစားသမားမ်ိဳးလို႔ ထင္တဲ့ပုံစံနဲ႔ ကစားသမားကို ရွာေတြ႕ဖို႔ အလုပ္လုပ္ေနပါတယ္။ကြၽန္ေတာ္တို႔ ႏိုင္ႏိုင္၊ ရႈံးရႈံး ဒါကို မေျပာင္းလဲႏိုင္ပါဘူး။ ကြၽန္ေတာ္တို႔ လိုအပ္တာ အသင္းကို ေကာင္းမြန္တဲ့ဟန္ခ်က္ေပးႏိုင္မယ့္သူပါ”

“ကြၽန္ေတာ္တို႔ လိုခ်င္တာကို ရရွိႏိုင္ခ်င္တယ္ဆိုရင္ ေနာက္ထပ္တိုက္စစ္ကစားသမားတစ္ဦးလိုပါေသးတယ္။ သင့္ေတာ္တဲ့ပုံစံမ်ိဳးမဟုတ္ဘူးဆိုရင္ ကြၽန္ေတာ္တို႔ ေခၚယူမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔မွာ ေနာက္ထပ္တိုက္စစ္ကစားသမားရွိတယ္လို႔ ေျပာလို႔ရ႐ုံအတြက္နဲ႔ ေခၚယူမွာမဟုတ္ဘဲ သင့္ေတာ္တဲ့ပုံစံနဲ႔ ကစားသမားကို ရွာေဖြဖို႔လိုပါတယ္။ မတူညီတဲ့ပုံစံနဲ႔ ကစားသမားပါ။ တိုက္စစ္မႉးအျဖစ္ေရာ ေတာင္ပံတိုက္စစ္ေရာ၊ ေနာက္ခ်န္တိုက္စစ္ပါ ကစားႏိုင္မယ့္သူမ်ိဳးျဖစ္ရမယ္။ ကြၽန္ေတာ္တို႔ ေတြ႕ရပါလိမ့္မယ္။ လာမယ့္ရက္အနည္းငယ္အတြင္းမွာ ကြၽန္ေတာ္တို႔ ဆုံးျဖတ္ခ်က္အခ်ိဳ႕ ခ်မွတ္သြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.