Premier League

ပြီးခဲ့တဲ့ရာသီ အကြီးမားဆုံး VAR အငြင်းပွားမှုတစ်ခုမှာ မရိုးသားခဲ့ဘူးလို့ ဝန်ခံခဲ့တဲ့ မိုက်ဒင်း

ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း မိုက်ဒင်းက ပြီးခဲ့တဲ့ရာသီရဲ့ အကြီးမားဆုံး VAR ရဲ့ အငြင်းပွားမှုတွေထဲက တစ်ခုမှာ ကွင်းလယ်ဒိုင်က သူငယ်ချင်းဖြစ်နေတာကြောင့် ကြားဝင်ဖို့ ငြင်းဆန်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ၂၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၅၅ နှစ်အရွယ် ဒိုင်လူကြီးဟာ ပြီးခဲ့တဲ့ရာသီမှာ ကွင်းလယ်ဒိုင်အဖြစ်ကနေ အနားယူပြီးနောက် VAR ဒိုင်ဖြစ်လာခဲ့တာဖြစ်ပေမယ့် ရာသီ ဒုတိယပွဲစဉ်မှာပဲ ကြီးမားတဲ့ အမှားကို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

မိုက်ဒင်းဟာ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ စပါးစ်က ချဲလ်ဆီးအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်အတွက် VAR ဒိုင်တာဝန်ကို ဆောင်ရွက်ခဲ့တာဖြစ်ပြီး ကွင်းလယ်ဒိုင်အဖြစ် အန်သိုနီ တေလာက တာဝန်ယူခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ ခရစ်ရှန် ရိုမဲရိုးက ပွဲကစားချိန် နောက်ဆုံးအခိုက်အတန့်မှာ ချဲလ်ဆီးရဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်ဖို့ ကြိုးပမ်းခဲ့တဲ့ မာ့စ် ကူကူရယ်လာကို ဆံပင်ဆောင့်ဆွဲပြီး ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် ပင်နယ်တီပေးဖို့ ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားနောက်ခံလူဟာ တိုက်ရိုက်အနီကတ်ပြသခံခဲ့ရသင့်ပေမယ့်လည်း မိုက်ဒင်းက ကြားဝင်ဖို့ ငြင်းဆန်ခဲ့ပြီး စပါးစ်က နောက်ဆက်တွဲအနေနဲ့ ရရှိခဲ့တဲ့ ထောင့်ကန်ဘောကနေ ချေပဂိုး ရသွားခဲ့တာဖြစ်ပါတယ်။

မိုက်ဒင်းဟာ နောက်အပတ်အတွက် ဒိုင်လူကြီးတာဝန်ကနေ အနားယူခဲ့တာဖြစ်ပြီး PGMOL ကနေ နုတ်ထွက်ခဲ့ပြီးနောက် လက်ရှိမှာ Sky Sports ရဲ့ Soccer Saturday အစီအစဉ်မှာ ပါဝင်နေတာဖြစ်ပြီး စပါးစ်နဲ့ ချဲလ်ဆီးတို့ပွဲစဉ်မှာ သူငယ်ချင်းဖြစ်သူ အန်သိုနီ တေလာကို နောက်ထပ်ပိုပြီး စိတ်ရှုပ်ထွေးစရာတွေ မဖန်တီးချင်တော့တာကြောင့် မော်နီတာဆီ လာမကြည့်ခိုင်းဖို့ တမင်ဆုံးဖြတ်ခဲ့တာလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“ကျွန်တော့်အမြင်ကနေဆိုရင် သနားစရာဖြစ်ခဲ့တဲ့ ချဲလ်ဆီးနဲ့ စပါးစ်ပွဲမှာ ရူးမိုက်တဲ့ ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့မိတယ်။ အဲဒါက ကျွန်တော့်ရဲ့ ဒိုင်လူကြီးဘဝမှာ ထပ်ပြီး ကြုံရရင်တောင် ဘာလုပ်ရမလဲဆိုတာပြီး ဖြစ်ဦးမယ့်ကိစ္စတွေထဲက တစ်ခုပါ။ ကျွန်တော် အန်သိုနီကို မော်နီတာဆီ လွှတ်လိုက်ရင် သူ နည်းပြ ၂ ဦးစလုံးကို သတိပေးပြီး တော်တော်လေး ဆိုးရွားတဲ့ပွဲစဉ် သူ ရတော့မှာဆိုတာကို သိနေခဲ့တာကြောင့်လို့ ထင်တယ်။ နှစ်ဖက်စလုံးမှာတော့ တော်တော်လေး ခက်ခဲတဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ပွဲအပြီးမှာ အန်သိုနီကို ငါ မင်းကို ပွဲထဲမှာ ဖြစ်ခဲ့တာတွေအပြီးမှာ စခရင်ကို မလွှတ်ချင်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ ကျွန်တော် သူ့ကို လာမကြည့်ခိုင်းချင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူက ဒိုင်လူကြီးချင်းဖြစ်သလို သူငယ်ချင်းလည်း ဖြစ်နေပြီး စိတ်ရှုပ်ထွေးနေပြီးသားဖြစ်တဲ့ သူ့ကို ထပ်ပြီး ကျွန်တော် စိတ်ရှုပ်စရာတွေ ထပ်မပေးချင်တော့တဲ့အတွက် သူ့ကို မော်နီတာ သွားမကြည့်ခိုင်းတော့ဘူးလို့ တွေးမိခဲ့ပါတယ်”

“အန်သိုနီက မော်နီတာကို အကြောင်းအရင်းတစ်ခုကြောင့် သွားကြည့်ခဲ့မယ်ဆိုရင် သိသွားမယ့်သူမျိုးပါ။ ခက်ခဲတဲ့ အခြေအနေကို ကိုင်တွယ်နေရလို့ စိတ်ရှုပ်ထွေးနေတဲ့သူမဟုတ်ဘူးဆိုရင်တော့ လွယ်တာပေါ့။ အဲဒါက ကျွန်တော့်အတွက် ခေါင်းရှုပ်စရာဖြစ်ခဲ့တယ်။ ကျွန်တော့်ရဲ့ ဆိုးရွားတဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်။ VAR က ဆက်ပြီးသုံးနေတာကြောင့် ကျွန်တော့်ကို အကျိုးသက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ ကျွန်တော် ပွဲအနည်းငယ်ကို လွဲချော်ခဲ့တယ်။ ဘာလို့လဲဆိုတော့ လူတွေ အာရုံစိုက်နေရာကနေ ခဏထွက်သွားချင်လို့ပါ။ ဒါက ကြီးမားတဲ့အမှားဖြစ်ခဲ့တယ်။ သူတို့တွေ ထောင့်ကန်ဘောကနေ ဂိုးမသွင်းခဲ့ဘူးဆိုရင်တောင် ပြဿနာက မကြီးဘူး။ ဒါပေမယ့် ကျွန်တော် အပြည့်အဝသိခဲ့ရပြီး ပြီးတော့ ကျွန်တော် နောက်တစ်ပတ်မှာပဲ ဒိုင်လူကြီးတာဝန်ကနေ ခဏအနားယူခဲ့တယ်။ ကျွန်တော့်ကို အချိန်ခဏလောက် အနားပေးဖို့ တောင်းဆိုခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်အတွက် ဒီအလုပ်က မဟုတ်ခဲ့လို့ပါ။ ကျွန်တော် သောကြာနေ့ဆိုရင် ကားပေါ်တက်ပြီး စနေနေ့ကို ကြောက်နေမိတယ်။ ဘာမှမဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်လို့ တွေးနေမိတယ်။ ကျွန်တော် ထိုင်ခုံမှာ ထိုင်ပြီး ကားမမောင်းနိုင်သေးဘဲ တုန်လှုပ်ခြောက်ခြားခဲ့ဖူးပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္း မိုက္ဒင္းက ၿပီးခဲ့တဲ့ရာသီရဲ႕ အႀကီးမားဆုံး VAR ရဲ႕ အျငင္းပြားမႈေတြထဲက တစ္ခုမွာ ကြင္းလယ္ဒိုင္က သူငယ္ခ်င္းျဖစ္ေနတာေၾကာင့္ ၾကားဝင္ဖို႔ ျငင္းဆန္ခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။

ပရီးမီးယားလိဂ္မွာ ၂၂ ႏွစ္ၾကာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ အသက္ ၅၅ ႏွစ္အ႐ြယ္ ဒိုင္လူႀကီးဟာ ၿပီးခဲ့တဲ့ရာသီမွာ ကြင္းလယ္ဒိုင္အျဖစ္ကေန အနားယူၿပီးေနာက္ VAR ဒိုင္ျဖစ္လာခဲ့တာျဖစ္ေပမယ့္ ရာသီ ဒုတိယပြဲစဥ္မွာပဲ ႀကီးမားတဲ့ အမွားကို က်ဴးလြန္ခဲ့တာျဖစ္ပါတယ္။

မိုက္ဒင္းဟာ ၂၀၂၂ ခုႏွစ္ ဩဂုတ္လ ၁၆ ရက္ေန႔ စပါးစ္က ခ်ဲလ္ဆီးအိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ပြဲစဥ္အတြက္ VAR ဒိုင္တာဝန္ကို ေဆာင္႐ြက္ခဲ့တာျဖစ္ၿပီး ကြင္းလယ္ဒိုင္အျဖစ္ အန္သိုနီ ေတလာက တာဝန္ယူခဲ့တာျဖစ္ပါတယ္။

အဲဒီပြဲစဥ္မွာ ခရစ္ရွန္ ႐ိုမဲ႐ိုးက ပြဲကစားခ်ိန္ ေနာက္ဆုံးအခိုက္အတန႔္မွာ ခ်ဲလ္ဆီးရဲ႕ ေထာင့္ကန္ေဘာကေန ေခါင္းတိုက္ဖို႔ ႀကိဳးပမ္းခဲ့တဲ့ မာ့စ္ ကူကူရယ္လာကို ဆံပင္ေဆာင့္ဆြဲၿပီး ျပစ္ဒဏ္က်ဴးလြန္ခဲ့ေပမယ့္ ပင္နယ္တီေပးဖို႔ ပ်က္ကြက္ခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားေနာက္ခံလူဟာ တိုက္႐ိုက္အနီကတ္ျပသခံခဲ့ရသင့္ေပမယ့္လည္း မိုက္ဒင္းက ၾကားဝင္ဖို႔ ျငင္းဆန္ခဲ့ၿပီး စပါးစ္က ေနာက္ဆက္တြဲအေနနဲ႔ ရရွိခဲ့တဲ့ ေထာင့္ကန္ေဘာကေန ေခ်ပဂိုး ရသြားခဲ့တာျဖစ္ပါတယ္။

မိုက္ဒင္းဟာ ေနာက္အပတ္အတြက္ ဒိုင္လူႀကီးတာဝန္ကေန အနားယူခဲ့တာျဖစ္ၿပီး PGMOL ကေန ႏုတ္ထြက္ခဲ့ၿပီးေနာက္ လက္ရွိမွာ Sky Sports ရဲ႕ Soccer Saturday အစီအစဥ္မွာ ပါဝင္ေနတာျဖစ္ၿပီး စပါးစ္နဲ႔ ခ်ဲလ္ဆီးတို႔ပြဲစဥ္မွာ သူငယ္ခ်င္းျဖစ္သူ အန္သိုနီ ေတလာကို ေနာက္ထပ္ပိုၿပီး စိတ္ရႈပ္ေထြးစရာေတြ မဖန္တီးခ်င္ေတာ့တာေၾကာင့္ ေမာ္နီတာဆီ လာမၾကည့္ခိုင္းဖို႔ တမင္ဆုံးျဖတ္ခဲ့တာလို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

“ကြၽန္ေတာ့္အျမင္ကေနဆိုရင္ သနားစရာျဖစ္ခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ စပါးစ္ပြဲမွာ ႐ူးမိုက္တဲ့ ဆုံးျဖတ္ခ်က္ကိုခ်မွတ္ခဲ့မိတယ္။ အဲဒါက ကြၽန္ေတာ့္ရဲ႕ ဒိုင္လူႀကီးဘဝမွာ ထပ္ၿပီး ႀကဳံရရင္ေတာင္ ဘာလုပ္ရမလဲဆိုတာၿပီး ျဖစ္ဦးမယ့္ကိစၥေတြထဲက တစ္ခုပါ။ ကြၽန္ေတာ္ အန္သိုနီကို ေမာ္နီတာဆီ လႊတ္လိုက္ရင္ သူ နည္းျပ ၂ ဦးစလုံးကို သတိေပးၿပီး ေတာ္ေတာ္ေလး ဆိုး႐ြားတဲ့ပြဲစဥ္ သူ ရေတာ့မွာဆိုတာကို သိေနခဲ့တာေၾကာင့္လို႔ ထင္တယ္။ ႏွစ္ဖက္စလုံးမွာေတာ့ ေတာ္ေတာ္ေလး ခက္ခဲတဲ့ပြဲစဥ္ျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္ ပြဲအၿပီးမွာ အန္သိုနီကို ငါ မင္းကို ပြဲထဲမွာ ျဖစ္ခဲ့တာေတြအၿပီးမွာ စခရင္ကို မလႊတ္ခ်င္ခဲ့ဘူးလို႔ ေျပာခဲ့ပါတယ္။ ကြၽန္ေတာ္ သူ႔ကို လာမၾကည့္ခိုင္းခ်င္ခဲ့ဘူး။ ဘာလို႔လဲဆိုေတာ့ သူက ဒိုင္လူႀကီးခ်င္းျဖစ္သလို သူငယ္ခ်င္းလည္း ျဖစ္ေနၿပီး စိတ္ရႈပ္ေထြးေနၿပီးသားျဖစ္တဲ့ သူ႔ကို ထပ္ၿပီး ကြၽန္ေတာ္ စိတ္ရႈပ္စရာေတြ ထပ္မေပးခ်င္ေတာ့တဲ့အတြက္ သူ႔ကို ေမာ္နီတာ သြားမၾကည့္ခိုင္းေတာ့ဘူးလို႔ ေတြးမိခဲ့ပါတယ္”

“အန္သိုနီက ေမာ္နီတာကို အေၾကာင္းအရင္းတစ္ခုေၾကာင့္ သြားၾကည့္ခဲ့မယ္ဆိုရင္ သိသြားမယ့္သူမ်ိဳးပါ။ ခက္ခဲတဲ့ အေျခအေနကို ကိုင္တြယ္ေနရလို႔ စိတ္ရႈပ္ေထြးေနတဲ့သူမဟုတ္ဘူးဆိုရင္ေတာ့ လြယ္တာေပါ့။ အဲဒါက ကြၽန္ေတာ့္အတြက္ ေခါင္းရႈပ္စရာျဖစ္ခဲ့တယ္။ ကြၽန္ေတာ့္ရဲ႕ ဆိုး႐ြားတဲ့ဆုံးျဖတ္ခ်က္ျဖစ္ခဲ့တယ္။ VAR က ဆက္ၿပီးသုံးေနတာေၾကာင့္ ကြၽန္ေတာ့္ကို အက်ိဳးသက္ေရာက္မႈေတြ ရွိခဲ့ပါတယ္။ ကြၽန္ေတာ္ ပြဲအနည္းငယ္ကို လြဲေခ်ာ္ခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ လူေတြ အာ႐ုံစိုက္ေနရာကေန ခဏထြက္သြားခ်င္လို႔ပါ။ ဒါက ႀကီးမားတဲ့အမွားျဖစ္ခဲ့တယ္။ သူတို႔ေတြ ေထာင့္ကန္ေဘာကေန ဂိုးမသြင္းခဲ့ဘူးဆိုရင္ေတာင္ ျပႆနာက မႀကီးဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ အျပည့္အဝသိခဲ့ရၿပီး ၿပီးေတာ့ ကြၽန္ေတာ္ ေနာက္တစ္ပတ္မွာပဲ ဒိုင္လူႀကီးတာဝန္ကေန ခဏအနားယူခဲ့တယ္။ ကြၽန္ေတာ့္ကို အခ်ိန္ခဏေလာက္ အနားေပးဖို႔ ေတာင္းဆိုခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ့္အတြက္ ဒီအလုပ္က မဟုတ္ခဲ့လို႔ပါ။ ကြၽန္ေတာ္ ေသာၾကာေန႔ဆိုရင္ ကားေပၚတက္ၿပီး စေနေန႔ကို ေၾကာက္ေနမိတယ္။ ဘာမွမျဖစ္ပါေစနဲ႔လို႔ ေမွ်ာ္လင့္ပါတယ္လို႔ ေတြးေနမိတယ္။ ကြၽန္ေတာ္ ထိုင္ခုံမွာ ထိုင္ၿပီး ကားမေမာင္းႏိုင္ေသးဘဲ တုန္လႈပ္ေျခာက္ျခားခဲ့ဖူးပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.