Premier League

အာဂျင်တီးနားမှာ လူမုန်းများတယ်ဆိုတာကို ပြီးပြည့်စုံတဲ့ပုံစံနဲ့ တုံ့ပြန်ခဲ့တဲ့ ရော်နယ်လ်ိဒု

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မကြာခဏ မုန်းတီးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသူဖြစ်ပြီး အာဂျင်တီးနားမှာ လူမုန်းများတယ်လို့ ပြောကြားခြင်းခံခဲ့ရတဲ့အချိန်မှာ ပုံမှန်အတိုင်းပဲ တုံ့ပြန်ခဲ့ပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင်ရဲ့ အောင်မြင်မှုတွေ ပြည့်နှက်နေတဲ့ ကစားသမားဘဝဟာ ပြိုင်ဘက် လီယွန်နယ် မက်ဆီနဲ့ အမြဲတမ်း နှိုင်းယှဉ်စရာဖြစ်ခဲ့တာဖြစ်ပေမယ့်လည်း တသက်တာအကောင်းဆုံးကစားသမား ၂ ဦးကြားမှာ အပြန်အလှန် လေးစားမှု ရှိကြတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ မကြာခဏ ပွဲစဉ်တွေအတွင်းမှာ မက်ဆီရဲ့နာမည် ကြွေးကြော်သံတွေနဲ့ နှောင့်ယှက်တိုက်ခိုက်ခြင်းခံခဲ့ရတာဖြစ်ပြီး ၂၀၂၀ တုန်းက ဒီဘာလာက ဂျူဗင်တပ်မှာ ပေါ်တူဂီကြယ်ပွင့်နဲ့ အတူတူ ကစားခဲ့တဲ့အချိန်တုန်းက အာဂျင်တီးနားသားတွေက သိပ်မနှစ်သက်တဲ့အကြောင်းကို ပြောကြားခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်ဂန္တဝင်က နည်းနည်းလေးတောင်မှ မျက်နှာမပျက်သွားဘဲ ပြန်လည်တုံ့ပြန်ခဲ့တဲ့ စကားက ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဘယ်လိုကစားသမားမျိုးလဲဆိုတာကို ပြောပြခဲ့တာဖြစ်ပါတယ်။

“တစ်ဦးချင်းအဆင့်မှာ ကျွန်တော် သူ့ကို မသိခဲ့တဲ့အတွက် အကောင်းဘက်ကနေ အံ့အားသင့်မိခဲ့ပါတယ်။ ကျွန်တော်တို့ထဲက ဘယ်သူကမှ သူ့အကြောင်းကို ဘာမှ မသိခဲ့ကြပါဘူး။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်မှာတောင်မှ ကျွန်တော်တို့ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားပြီး ပြုတ်ခဲ့တယ်။ ယှဉ်ပြိုင်မှုတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် ပြီးတော့ ကျွန်တော်တို့ တစ်စုံတရာကို တွေ့ရှိခဲ့တယ်။ သူက အရမ်းတော်တဲ့လူပါ။ အရမ်းကို လူဝင်ဆံ့ပြီး အဝတ်လဲခန်းအတွင်းမှာရော အပြင်မှာပါ ရင်းနှီးခင်မင်စရာကောင်းတဲ့သူပါ။ အမြဲတမ်း စကားပြောဖို့၊ နားထောင်ပေးဖို့ အဆင်သင့်ဖြစ်နေတာက ကျွန်တော့်ကို အံ့အားသင့်စေခဲ့တယ်။ ဒီလို အရေးပါတဲ့ ပုဂ္ဂိုလ်တွေက ဒီလိုမျိုး မဟုတ်ကြတာများပါတယ်”

“ကျွန်တော်တို့ ခရီးသွားတဲ့အချိန်မှာ သူနဲ့ စကားထိုင်ပြောခဲ့တယ်။ ဒီမှာ ကျွန်တော် ပွင့်ပွင့်လင်းလင်းလင်း ပြောရရင် ခင်ဗျားကို အာဂျင်တီးနားမှာ နည်းနည်း လူမုန်းများကြတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့်၊ ခင်ဗျားရဲ့ပုံစံကြောင့်ပဲ။ ပြီးတော့ ခင်ဗျားက ကျွန်တော့်ကို တကယ့်ကို အံ့အားသင့်စေခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အရာတစ်ခုကို မြင်တွေ့ခဲ့ရလို့ပဲလို့ ပြောခဲ့တယ်။ သူက ရယ်မောခဲ့တယ်။ ပြီးတော့ ဒီလိုပဲ ဖြစ်မယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် ငါက ဘယ်လိုလူမျိုးလဲဆိုတာ ငါသိတယ်။ ဒီလိုမျိုး ပြစ်တင်ဝေဖန်ခံနေရတာနဲ့ အသားကျနေပါပြီလို့ ပြောခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒီဘာလာနဲ့ ရော်နယ်လ်ဒိုတို့ဟာ တူရင်မှာ ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ကြပြီး ဂိုးသွင်းယူပြီးနောက် အတူတူ အောင်ပွဲခံဟန်ကို ပေါင်းစပ်ပြုလုပ်ခဲ့ကြတာက အမှတ်ရစရာဖြစ်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ မၾကာခဏ မုန္းတီးမႈေတြနဲ႔ ရင္ဆိုင္ခဲ့ရသူျဖစ္ၿပီး အာဂ်င္တီးနားမွာ လူမုန္းမ်ားတယ္လို႔ ေျပာၾကားျခင္းခံခဲ့ရတဲ့အခ်ိန္မွာ ပုံမွန္အတိုင္းပဲ တုံ႔ျပန္ခဲ့ပါတယ္။

ဘလြန္ေဒါ ၅ ဆုရွင္ရဲ႕ ေအာင္ျမင္မႈေတြ ျပည့္ႏွက္ေနတဲ့ ကစားသမားဘဝဟာ ၿပိဳင္ဘက္ လီယြန္နယ္ မက္ဆီနဲ႔ အၿမဲတမ္း ႏႈိင္းယွဥ္စရာျဖစ္ခဲ့တာျဖစ္ေပမယ့္လည္း တသက္တာအေကာင္းဆုံးကစားသမား ၂ ဦးၾကားမွာ အျပန္အလွန္ ေလးစားမႈ ရွိၾကတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ မၾကာခဏ ပြဲစဥ္ေတြအတြင္းမွာ မက္ဆီရဲ႕နာမည္ ေႂကြးေၾကာ္သံေတြနဲ႔ ေႏွာင့္ယွက္တိုက္ခိုက္ျခင္းခံခဲ့ရတာျဖစ္ၿပီး ၂၀၂၀ တုန္းက ဒီဘာလာက ဂ်ဴဗင္တပ္မွာ ေပၚတူဂီၾကယ္ပြင့္နဲ႔ အတူတူ ကစားခဲ့တဲ့အခ်ိန္တုန္းက အာဂ်င္တီးနားသားေတြက သိပ္မႏွစ္သက္တဲ့အေၾကာင္းကို ေျပာၾကားခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္နဲ႔ ရီးရဲလ္မက္ဒရစ္ဂႏၲဝင္က နည္းနည္းေလးေတာင္မွ မ်က္ႏွာမပ်က္သြားဘဲ ျပန္လည္တုံ႔ျပန္ခဲ့တဲ့ စကားက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ဘယ္လိုကစားသမားမ်ိဳးလဲဆိုတာကို ေျပာျပခဲ့တာျဖစ္ပါတယ္။

“တစ္ဦးခ်င္းအဆင့္မွာ ကြၽန္ေတာ္ သူ႔ကို မသိခဲ့တဲ့အတြက္ အေကာင္းဘက္ကေန အံ့အားသင့္မိခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ထဲက ဘယ္သူကမွ သူ႔အေၾကာင္းကို ဘာမွ မသိခဲ့ၾကပါဘူး။ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္မွာေတာင္မွ ကြၽန္ေတာ္တို႔ ရီးရဲလ္မက္ဒရစ္နဲ႔ ယွဥ္ၿပိဳင္ကစားၿပီး ျပဳတ္ခဲ့တယ္။ ယွဥ္ၿပိဳင္မႈေတြ အမ်ားႀကီး ရွိခဲ့ပါတယ္။ ဒါေပမယ့္ ၿပီးေတာ့ ကြၽန္ေတာ္တို႔ တစ္စုံတရာကို ေတြ႕ရွိခဲ့တယ္။ သူက အရမ္းေတာ္တဲ့လူပါ။ အရမ္းကို လူဝင္ဆံ့ၿပီး အဝတ္လဲခန္းအတြင္းမွာေရာ အျပင္မွာပါ ရင္းႏွီးခင္မင္စရာေကာင္းတဲ့သူပါ။ အၿမဲတမ္း စကားေျပာဖို႔၊ နားေထာင္ေပးဖို႔ အဆင္သင့္ျဖစ္ေနတာက ကြၽန္ေတာ့္ကို အံ့အားသင့္ေစခဲ့တယ္။ ဒီလို အေရးပါတဲ့ ပုဂၢိဳလ္ေတြက ဒီလိုမ်ိဳး မဟုတ္ၾကတာမ်ားပါတယ္”

“ကြၽန္ေတာ္တို႔ ခရီးသြားတဲ့အခ်ိန္မွာ သူနဲ႔ စကားထိုင္ေျပာခဲ့တယ္။ ဒီမွာ ကြၽန္ေတာ္ ပြင့္ပြင့္လင္းလင္းလင္း ေျပာရရင္ ခင္ဗ်ားကို အာဂ်င္တီးနားမွာ နည္းနည္း လူမုန္းမ်ားၾကတယ္။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ားရဲ႕ ကိုယ္ရည္ကိုယ္ေသြးေၾကာင့္၊ ခင္ဗ်ားရဲ႕ပုံစံေၾကာင့္ပဲ။ ၿပီးေတာ့ ခင္ဗ်ားက ကြၽန္ေတာ့္ကို တကယ့္ကို အံ့အားသင့္ေစခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ အရာတစ္ခုကို ျမင္ေတြ႕ခဲ့ရလို႔ပဲလို႔ ေျပာခဲ့တယ္။ သူက ရယ္ေမာခဲ့တယ္။ ၿပီးေတာ့ ဒီလိုပဲ ျဖစ္မယ္ဆိုတာ ငါသိပါတယ္။ ဒါေပမယ့္ ငါက ဘယ္လိုလူမ်ိဳးလဲဆိုတာ ငါသိတယ္။ ဒီလိုမ်ိဳး ျပစ္တင္ေဝဖန္ခံေနရတာနဲ႔ အသားက်ေနပါၿပီလို႔ ေျပာခဲ့တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဒီဘာလာနဲ႔ ေရာ္နယ္လ္ဒိုတို႔ဟာ တူရင္မွာ ရင္းႏွီးတဲ့ ဆက္ဆံေရးကို တည္ေဆာက္ႏိုင္ခဲ့ၾကၿပီး ဂိုးသြင္းယူၿပီးေနာက္ အတူတူ ေအာင္ပြဲခံဟန္ကို ေပါင္းစပ္ျပဳလုပ္ခဲ့ၾကတာက အမွတ္ရစရာျဖစ္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.