Premier League

ဂါဘရီယဲလ်ကို အခြေအနေတစ်ခုမှာ ရောင်းချနိုင်သေးတဲ့ အာဆင်နယ်

နည်းပြ အာတီတာက ယခုအပတ်အစောပိုင်းမှာ ကောလာဟလတွေကို ငြင်းပယ်ခဲ့ပေမယ့်လည်း အပြောင်းအရွှေ့စျေးကွက်မပိတ်ခင် အာဆင်နယ်အနေနဲ့ ဂါဘရီယဲလ် မာဂါလိုင်စ်ကို ရောင်းထုတ်နိုင်သေးတယ်လို့ သိရပါတယ်။

ဘရာဇီးလ်နောက်ခံလူဟာ နော်တင်ဟမ်ဖောရက်စ်၊ ခရစ္စတယ် ပဲလေ့စ်တို့နဲ့ ကစားခဲ့တဲ့ပွဲစဉ်တွေရဲ့ ပွဲထွက်လူစာရင်းကနေ အံ့အားသင့်ဖွယ် ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်ပြီး လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားပေးခဲ့ရတာဖြစ်ပါတယ်။ ဂါဘရီယဲလ်ကို ဆော်ဒီ အာရေဗျကနေ စိတ်ဝင်စားမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး အမ်းမရိတ်စ်မှာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးနောက် အသင်းကနေ ထွက်ခွာခွင့်ပြုခြင်းခံရဖွယ်ရှိနေတာဖြစ်ပါတယ်။

အာတီတာက ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ တနင်္လာနေ့ညမှာ အဲဒီသတင်းတွေကို မဟုတ်ဘူးလို့ ငြင်းခဲ့ပေမယ့်လည်း Daily Mail ရဲ့ ဖော်ပြချက်အရ အသက် ၂၅ နှစ်အရွယ်ကစားသမားရဲ့ အနာဂတ်ဟာ မရေမရာဖြစ်နေဆဲဖြစ်ပါတယ်။

ဆော်ဒီအာရေဗျက ကလပ်အသင်းအများအပြားက ဘရာဇီးလ်နောက်ခံလူကို ခေါ်ယူဖို့ ကြိုးပမ်းနေကြပြီး ရီးရဲလ်မက်ဒရစ်ကလည်း တစ်ရာသီလုံးလွဲချော်နိုင်တဲ့ အီဒါ မီလီတာအိုရဲ့နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် ဂါဘရီယဲလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ဂါဘရီယဲလ်အနေနဲ့ မြောက်လန်ဒန်မှာပဲ ဆက်ရှိနေဖို့ ပိုများပေမယ့်လည်း ဂန်းနားတွေက အပြောင်းအရွှေ့စျေးကွက်မပိတ်ခင် ဘရာဇီးလ်နောက်ခံလူကို ရောင်းထုတ်နိုင်တဲ့ အခွင့်အရေးက အနည်းငယ်ရှိနေဆဲဖြစ်ပါတယ်။

ဂန်းနားတွေက ဂါဘရီယဲလ်ရဲ့နေရာမှာ အဆင့်မြှင့်တင်မှုလို့ ယုံကြည်ရတဲ့ ကစားသမားကို ခေါ်ယူနိုင်မယ်ဆိုရင် ရောင်းထုတ်သွားမယ်လို့ သိရပြီး ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ မာ့စ် ဂေးဟီဟာ အာတီတာ နှစ်သက်တဲ့ကစားသမားဖြစ်ပေမယ့် ပဲလေ့စ်က အင်္ဂလန်နောက်ခံလူကို ယခုနွေရာသီမှာတော့ အသင်းကနေ ထွက်ခွာခွင့်မပေးဖို့ တော်တော်လေးများနေတာဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ကို ဂေးဟီနဲ့ လမ်းခွဲချင်အောင် ဆွဲဆောင်နိုင်ဖို့အတွက် ကြီးမားတဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ လိုအပ်နေပေမယ့်လည်း အာဆင်နယ်က FFP နဲ့ ငြိမှာစိုးလို့ ဒေးဗစ် ရာယာကိုတောင် အပြတ်မဝယ်နိုင်ဘဲ ကနဦးအငှားနဲ့ ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နည္းျပ အာတီတာက ယခုအပတ္အေစာပိုင္းမွာ ေကာလာဟလေတြကို ျငင္းပယ္ခဲ့ေပမယ့္လည္း အေျပာင္းအေ႐ႊ႕ေစ်းကြက္မပိတ္ခင္ အာဆင္နယ္အေနနဲ႔ ဂါဘရီယဲလ္ မာဂါလိုင္စ္ကို ေရာင္းထုတ္ႏိုင္ေသးတယ္လို႔ သိရပါတယ္။

ဘရာဇီးလ္ေနာက္ခံလူဟာ ေနာ္တင္ဟမ္ေဖာရက္စ္၊ ခရစၥတယ္ ပဲေလ့စ္တို႔နဲ႔ ကစားခဲ့တဲ့ပြဲစဥ္ေတြရဲ႕ ပြဲထြက္လူစာရင္းကေန အံ့အားသင့္ဖြယ္ ခ်န္လွပ္ျခင္းခံခဲ့ရတာျဖစ္ၿပီး လူစားဝင္ကစားသမားအျဖစ္သာ ပါဝင္ကစားေပးခဲ့ရတာျဖစ္ပါတယ္။ ဂါဘရီယဲလ္ကို ေဆာ္ဒီ အာေရဗ်ကေန စိတ္ဝင္စားမႈေတြ ရွိေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ၿပီး အမ္းမရိတ္စ္မွာ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရၿပီးေနာက္ အသင္းကေန ထြက္ခြာခြင့္ျပဳျခင္းခံရဖြယ္ရွိေနတာျဖစ္ပါတယ္။

အာတီတာက ခရစၥတယ္ပဲေလ့စ္ကို ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့ တနလၤာေန႔ညမွာ အဲဒီသတင္းေတြကို မဟုတ္ဘူးလို႔ ျငင္းခဲ့ေပမယ့္လည္း Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ အသက္ ၂၅ ႏွစ္အ႐ြယ္ကစားသမားရဲ႕ အနာဂတ္ဟာ မေရမရာျဖစ္ေနဆဲျဖစ္ပါတယ္။

ေဆာ္ဒီအာေရဗ်က ကလပ္အသင္းအမ်ားအျပားက ဘရာဇီးလ္ေနာက္ခံလူကို ေခၚယူဖို႔ ႀကိဳးပမ္းေနၾကၿပီး ရီးရဲလ္မက္ဒရစ္ကလည္း တစ္ရာသီလုံးလြဲေခ်ာ္ႏိုင္တဲ့ အီဒါ မီလီတာအိုရဲ႕ေနရာမွာ အစားထိုးေခၚယူမႈအျဖစ္ ဂါဘရီယဲလ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတာျဖစ္ပါတယ္။

ဂါဘရီယဲလ္အေနနဲ႔ ေျမာက္လန္ဒန္မွာပဲ ဆက္ရွိေနဖို႔ ပိုမ်ားေပမယ့္လည္း ဂန္းနားေတြက အေျပာင္းအေ႐ႊ႕ေစ်းကြက္မပိတ္ခင္ ဘရာဇီးလ္ေနာက္ခံလူကို ေရာင္းထုတ္ႏိုင္တဲ့ အခြင့္အေရးက အနည္းငယ္ရွိေနဆဲျဖစ္ပါတယ္။

ဂန္းနားေတြက ဂါဘရီယဲလ္ရဲ႕ေနရာမွာ အဆင့္ျမႇင့္တင္မႈလို႔ ယုံၾကည္ရတဲ့ ကစားသမားကို ေခၚယူႏိုင္မယ္ဆိုရင္ ေရာင္းထုတ္သြားမယ္လို႔ သိရၿပီး ခရစၥတယ္ပဲေလ့စ္ေနာက္ခံလူ မာ့စ္ ေဂးဟီဟာ အာတီတာ ႏွစ္သက္တဲ့ကစားသမားျဖစ္ေပမယ့္ ပဲေလ့စ္က အဂၤလန္ေနာက္ခံလူကို ယခုေႏြရာသီမွာေတာ့ အသင္းကေန ထြက္ခြာခြင့္မေပးဖို႔ ေတာ္ေတာ္ေလးမ်ားေနတာျဖစ္ပါတယ္။

ခရစၥတယ္ပဲေလ့စ္ကို ေဂးဟီနဲ႔ လမ္းခြဲခ်င္ေအာင္ ဆြဲေဆာင္ႏိုင္ဖို႔အတြက္ ႀကီးမားတဲ့ ကမ္းလွမ္းမႈ ျပဳလုပ္ဖို႔ လိုအပ္ေနေပမယ့္လည္း အာဆင္နယ္က FFP နဲ႔ ၿငိမွာစိုးလို႔ ေဒးဗစ္ ရာယာကိုေတာင္ အျပတ္မဝယ္ႏိုင္ဘဲ ကနဦးအငွားနဲ႔ ေခၚယူခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.