Premier League

တံခါးပိတ်ခြေစမ်းလည်း ရှုံးခဲ့ပြန်သေးတဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ရဲ့ ရာသီသစ်ကို ဆိုးရွားစွာ စတင်မှုက ဗုဒ္ဓဟူးနေ့မှာ ဘန်လေနဲ့ တံခါးပိတ်ခြေစမ်းပွဲကစားရာမှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဆက်လက် ဆိုးရွားနေဆဲဆိုတာ မြင်တွေ့ခဲ့ရပါတယ်။

ယခုနွေရာသီမှာ သိသာထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ်ရာသီသစ်ကို အထင်ကြီးဖွယ်မရှိတဲ့ပုံစံနဲ့ စတင်ခဲ့ပြီး ဝုလ်ဗ်စ်ကို ကပ်နိုင်ခဲ့ပြီးနောက် စပါးစ်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အဲရစ် တန်ဟက်ဟာ အရန်ကစားသမားအများအပြားရဲ့ ပွဲကစားဖို့ ခြေစွမ်းထက်မြက်မှု ကင်းမဲ့နေမှုနဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာတဲ့ ကစားသမားတွေအတွက် ပွဲကြံ့ခိုင်မှု ရရှိအောင် ဗုဒ္ဓဟူးနေ့က ကာရင်တန်မှာ တံခါးပိတ်ခြေစမ်းပွဲကို စီစဉ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ပွဲထွက်လူစာရင်းက လူငယ်ကစားသမားအများအပြားနဲ့ အဓိကပွဲထုတ်ခဲ့ပေမယ့်လည်း အဲဒီထဲက အချို့ဟာ စနေနေ့မှာ နော်တင်ဟမ်ဖောရက်စ်က အိုးထရက်ဖို့ဒ်ကို လာရောက်တဲ့အခါမှာ ပါဝင်နိုင်ခြေရှိတဲ့သူတွေဖြစ်ပြီး ဂျွန်နီ အီဗန်စ်၊ ဟန်နီဘယ် မက်ဂျ်ဘရီ၊ အယ်လ်ဗာရို ဖာနန်ဒက်ဇ်၊ ဗန်ဒီဘိခ်တို့လည်း ပါဝင်ခဲ့ပေမယ့် ဘန်လေကို ၃-၀ နဲ့ ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။

ကွန်ပနီရဲ့အသင်းဟာ ယခုအပတ်မှာ ပွဲမကစားခဲ့ရတာကြောင့် အားအကောင်းဆုံး လူစာရင်းကို ပွဲထုတ်ခဲ့တယ်လို့ ယုံကြည်ရပြီး ဒီပွဲစဉ်ဟာ ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အတွက် ဒုတိယမြောက် တံခါးပိတ်ခြေစမ်းပွဲဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က အဲဗာတန်ကို Own Goalနဲ့ မက်တော်မီနေးတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ရာသီသစ္ကို ဆိုး႐ြားစြာ စတင္မႈက ဗုဒၶဟူးေန႔မွာ ဘန္ေလနဲ႔ တံခါးပိတ္ေျခစမ္းပြဲကစားရာမွာ ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဆက္လက္ ဆိုး႐ြားေနဆဲဆိုတာ ျမင္ေတြ႕ခဲ့ရပါတယ္။

ယခုေႏြရာသီမွာ သိသာထင္ရွားတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ျပဳလုပ္ခဲ့ေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္က ပရီးမီးယားလိဂ္ရာသီသစ္ကို အထင္ႀကီးဖြယ္မရွိတဲ့ပုံစံနဲ႔ စတင္ခဲ့ၿပီး ဝုလ္ဗ္စ္ကို ကပ္ႏိုင္ခဲ့ၿပီးေနာက္ စပါးစ္ကို ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

အဲရစ္ တန္ဟက္ဟာ အရန္ကစားသမားအမ်ားအျပားရဲ႕ ပြဲကစားဖို႔ ေျခစြမ္းထက္ျမက္မႈ ကင္းမဲ့ေနမႈနဲ႔ ဒဏ္ရာကေန ျပန္လည္သက္သာတဲ့ ကစားသမားေတြအတြက္ ပြဲႀကံ့ခိုင္မႈ ရရွိေအာင္ ဗုဒၶဟူးေန႔က ကာရင္တန္မွာ တံခါးပိတ္ေျခစမ္းပြဲကို စီစဥ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

ပြဲထြက္လူစာရင္းက လူငယ္ကစားသမားအမ်ားအျပားနဲ႔ အဓိကပြဲထုတ္ခဲ့ေပမယ့္လည္း အဲဒီထဲက အခ်ိဳ႕ဟာ စေနေန႔မွာ ေနာ္တင္ဟမ္ေဖာရက္စ္က အိုးထရက္ဖို႔ဒ္ကို လာေရာက္တဲ့အခါမွာ ပါဝင္ႏိုင္ေျခရွိတဲ့သူေတြျဖစ္ၿပီး ဂြၽန္နီ အီဗန္စ္၊ ဟန္နီဘယ္ မက္ဂ်္ဘရီ၊ အယ္လ္ဗာ႐ို ဖာနန္ဒက္ဇ္၊ ဗန္ဒီဘိခ္တို႔လည္း ပါဝင္ခဲ့ေပမယ့္ ဘန္ေလကို ၃-၀ နဲ႔ ရႈံးနိမ့္သြားခဲ့တာျဖစ္ပါတယ္။

ကြန္ပနီရဲ႕အသင္းဟာ ယခုအပတ္မွာ ပြဲမကစားခဲ့ရတာေၾကာင့္ အားအေကာင္းဆုံး လူစာရင္းကို ပြဲထုတ္ခဲ့တယ္လို႔ ယုံၾကည္ရၿပီး ဒီပြဲစဥ္ဟာ ယခုရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ဒုတိယေျမာက္ တံခါးပိတ္ေျခစမ္းပြဲျဖစ္ၿပီး ၿပီးခဲ့တဲ့အပတ္က အဲဗာတန္ကို Own Goalနဲ႔ မက္ေတာ္မီေနးတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.