Premier League

ပရီးမီးယားလိဂ်ကလပ်တွေကို ဒိုင်လူကြီးတွေအတွက် Menu ပေးပို့ခဲ့တဲ့ PGMOL

ဒိုင်လူကြီးအဖွဲ့ချုပ်တာဝန်ရှိသူတွေဟာ ပရီးမီးယားလိဂ်ကလပ်တွေကို ပွဲနေ့ တာဝန်ရှိသူတွေကို ကျွေးမွေးရမယ့် အစာအာဟာရ စာရင်းကို ပေးပို့ခဲ့ပြီး ဆန်းဝှစ်ချ်ကို မီနူးထဲမှာ မထည့်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ဆန်ကိတ်၊ မြေပဲထောပတ်နဲ့ fishcakes တို့ကို ကျွေးလို့ရပေမယ့်လည်း အဆီများတဲ့အစားအစာတွေကို မကျွေးဖို့ ညွှန်ကြားခြင်းခံခဲ့ရတာဖြစ်ပြီး PGMOL က အမျှင်ဓာတ်မြင့်မားတဲ့အစားအစာတွေဟာ အစာကြေဖို့ အချိန်ကြာတာကြောင့် ဒိုင်လူကြီးတွေကို ပွဲမတိုင်ခင် မကျွေးမွေးဖို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

PGMOL က ပွဲမတိုင်ခင်နဲ့ ပွဲအပြီးဆိုပြီး မီနူး ၂ ခုပေးခဲ့ပြီး ပွဲအပြီးမှာ ဒိုင်လူကြီးတွေကို ပရိုတိန်းဓာတ်များစွာပါဝင်တဲ့ အသား၊ ငါး၊ အသီးအရွက်တွေနဲ့ အသုပ်တွေ ကျွေးစေချင်ပြီး ပွဲမတိုင်ခင် မနက်စာမှာတော့ လတ်ဆတ်တဲ့ အသီးအနှံ၊ မြေပဲထောပတ်သုတ် ဆန်ကိတ်တို့ကို ကျွေးမွေးစေချင်တာဖြစ်ပါတယ်။

PGMOL က တောင်းဆိုခဲ့တဲ့စာရင်းထဲမှာ သရက်သီး၊ ကီဝီနဲ့ ဖရဲသီးတို့လည်း ပါဝင်ပြီး အဲဒီအစားအစာတွေက ပြီးခဲ့တဲ့ဒီဇင်ဘာမှာ စွမ်းဆောင်ရည်အထောက်အကူပြုဒါရိုက်တာအဖြစ် PGMOL မှာ ခန့်အပ်ခံခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဒေါက်တာဟောင်း စတီဗ် မက်နယ်လီရဲ့ အနှစ်သက်ဆုံးအစားအစာတွေဖြစ်တယ်လို့ ယူဆရပါတယ်။

မက်နယ်လီဟာ တစ်ပွဲပျမ်းမျှ ၁၂ ကီလိုမီတာအထိ ပြေးလွှားရတဲ့ ဒိုင်လူကြီးတွေအတွက် ကျွေးမွေးဖို့ သင့်တော်တဲ့ အစားအစာဖြစ်အောင် အားကစားသိပ္ပံပညာရှင်အဖွဲ့နဲ့အတူ အလုပ်လုပ်နေတာဖြစ်ပြီး ဒိုင်လူကြီးတွေဟာ ပွဲမတိုင်ခင် ၂ နာရီဝန်းကျင်မှာ အိမ်ရှင်အသင်းက တည်ခင်းတဲ့အစားအစာတွေကို စားသောက်ဖို့အတွက် အချိန်မီ သွားရောက်ရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒိုင္လူႀကီးအဖြဲ႕ခ်ဳပ္တာဝန္ရွိသူေတြဟာ ပရီးမီးယားလိဂ္ကလပ္ေတြကို ပြဲေန႔ တာဝန္ရွိသူေတြကို ေကြၽးေမြးရမယ့္ အစာအာဟာရ စာရင္းကို ေပးပို႔ခဲ့ၿပီး ဆန္းဝွစ္ခ်္ကို မီႏူးထဲမွာ မထည့္ဖို႔ ၫႊန္ၾကားခဲ့ပါတယ္။

ပရီးမီးယားလိဂ္ကလပ္အသင္းေတြဟာ ဆန္ကိတ္၊ ေျမပဲေထာပတ္နဲ႔ fishcakes တို႔ကို ေကြၽးလို႔ရေပမယ့္လည္း အဆီမ်ားတဲ့အစားအစာေတြကို မေကြၽးဖို႔ ၫႊန္ၾကားျခင္းခံခဲ့ရတာျဖစ္ၿပီး PGMOL က အမွ်င္ဓာတ္ျမင့္မားတဲ့အစားအစာေတြဟာ အစာေၾကဖို႔ အခ်ိန္ၾကာတာေၾကာင့္ ဒိုင္လူႀကီးေတြကို ပြဲမတိုင္ခင္ မေကြၽးေမြးဖို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

PGMOL က ပြဲမတိုင္ခင္နဲ႔ ပြဲအၿပီးဆိုၿပီး မီႏူး ၂ ခုေပးခဲ့ၿပီး ပြဲအၿပီးမွာ ဒိုင္လူႀကီးေတြကို ပ႐ိုတိန္းဓာတ္မ်ားစြာပါဝင္တဲ့ အသား၊ ငါး၊ အသီးအ႐ြက္ေတြနဲ႔ အသုပ္ေတြ ေကြၽးေစခ်င္ၿပီး ပြဲမတိုင္ခင္ မနက္စာမွာေတာ့ လတ္ဆတ္တဲ့ အသီးအႏွံ၊ ေျမပဲေထာပတ္သုတ္ ဆန္ကိတ္တို႔ကို ေကြၽးေမြးေစခ်င္တာျဖစ္ပါတယ္။

PGMOL က ေတာင္းဆိုခဲ့တဲ့စာရင္းထဲမွာ သရက္သီး၊ ကီဝီနဲ႔ ဖရဲသီးတို႔လည္း ပါဝင္ၿပီး အဲဒီအစားအစာေတြက ၿပီးခဲ့တဲ့ဒီဇင္ဘာမွာ စြမ္းေဆာင္ရည္အေထာက္အကူျပဳဒါ႐ိုက္တာအျဖစ္ PGMOL မွာ ခန႔္အပ္ခံခဲ့ရတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းေဒါက္တာေဟာင္း စတီဗ္ မက္နယ္လီရဲ႕ အႏွစ္သက္ဆုံးအစားအစာေတြျဖစ္တယ္လို႔ ယူဆရပါတယ္။

မက္နယ္လီဟာ တစ္ပြဲပ်မ္းမွ် ၁၂ ကီလိုမီတာအထိ ေျပးလႊားရတဲ့ ဒိုင္လူႀကီးေတြအတြက္ ေကြၽးေမြးဖို႔ သင့္ေတာ္တဲ့ အစားအစာျဖစ္ေအာင္ အားကစားသိပၸံပညာရွင္အဖြဲ႕နဲ႔အတူ အလုပ္လုပ္ေနတာျဖစ္ၿပီး ဒိုင္လူႀကီးေတြဟာ ပြဲမတိုင္ခင္ ၂ နာရီဝန္းက်င္မွာ အိမ္ရွင္အသင္းက တည္ခင္းတဲ့အစားအစာေတြကို စားေသာက္ဖို႔အတြက္ အခ်ိန္မီ သြားေရာက္ရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.