Match Report Other Leagues

အာရှချန်ပီယံလိဂ် Play-off မှာ ပွဲပြီးခါနီးမှ ၃ ဂိုးပြန်သွင်းပြီး အုပ်စုအဆင့်တက်ခဲ့တဲ့ အယ်လ်နာဆာ

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာက အာရှချန်ပီယံလိဂ်ဝင်ခွင့် Play-off ပွဲစဉ်မှာ ရှာဘတ် အယ်လ်အလီကို နောက်ကနေ လိုက်ကစားပြီး အနိုင်ယူနိုင်ခဲ့ပြီးနောက် အာရှချန်ပီယံလိဂ်မှာ ပါဝင်ကစားခွင့်ရရှိတော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ ဆော်ဒီပရိုလိဂ်မှာ ဒုတိယနေရာနဲ့ ရာသီပြီးဆုံးခဲ့ပေမယ့်လည်း အယ်လ်နာဆာဟာ အာရှချန်ပီယံလိဂ်ပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့် ၃ နေရာထဲက တစ်နေရာကို မရရှိခဲ့ဘဲ အယ်လ် အစ်တီဟတ်၊ အယ်လ်ဟီလာလ်၊ အယ်လ်ဖေဟာတို့က အုပ်စုအဆင့်ကို တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

အယ်လ်နာဆာဟာ ပြီးခဲ့တဲ့ အာရှချန်ပီယံလိဂ်ဝင်ခွင့်အဆင့်မှာ ဂျော်ဒန်က အယ်လ်ဝါဒတ်ကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ယူအေအီးလိဂ်ချန်ပီယံဖြစ်တဲ့ ရှာဘတ် အယ်လ်အလီနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အယ်လ်နာဆာက တာလစ္စကာရဲ့ ၁၁ မိနစ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

၁၈ မိနစ်နဲ့ ၄၆ မိနစ်မှာ ဂါဆာနီက ရှာဘတ် အယ်လ်အလီအတွက် ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ သွင်းယူပေးသွားခဲ့ပြီး အယ်လ်နာဆာက ပွဲကစားချိန်ပြည့်ဖို့ ၃ မိနစ်အလိုအထိ ၂-၁ နဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အံ့အားသင့်စရာအလှည့်အပြောင်းကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး ဂါနမ်က ၈၈ မိနစ်မှာ အယ်လ်နာဆာအတွက် ချေပဂိုးကို သွင်းယူပေးသွားခဲ့ပြီးနောက် တာလစ္စကာက ၉၅ မိနစ်၊ ဘရိုဇိုဗစ်က ၉၇ မိနစ်တို့မှာ နောက်ထပ်ဦးဆောင်ဂိုးတွေ သွင်းယူပေးသွားပြီး အယ်လ်နာဆာက အာရှချန်ပီယံလိဂ်အုပ်စုအဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အယ္လ္နာဆာက အာရွခ်န္ပီယံလိဂ္ဝင္ခြင့္ Play-off ပြဲစဥ္မွာ ရွာဘတ္ အယ္လ္အလီကို ေနာက္ကေန လိုက္ကစားၿပီး အႏိုင္ယူႏိုင္ခဲ့ၿပီးေနာက္ အာရွခ်န္ပီယံလိဂ္မွာ ပါဝင္ကစားခြင့္ရရွိေတာ့မွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီ ေဆာ္ဒီပ႐ိုလိဂ္မွာ ဒုတိယေနရာနဲ႔ ရာသီၿပီးဆုံးခဲ့ေပမယ့္လည္း အယ္လ္နာဆာဟာ အာရွခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို တိုက္႐ိုက္ဝင္ခြင့္ ၃ ေနရာထဲက တစ္ေနရာကို မရရွိခဲ့ဘဲ အယ္လ္ အစ္တီဟတ္၊ အယ္လ္ဟီလာလ္၊ အယ္လ္ေဖဟာတို႔က အုပ္စုအဆင့္ကို တိုက္႐ိုက္ဝင္ခြင့္ရရွိခဲ့တာျဖစ္ပါတယ္။

အယ္လ္နာဆာဟာ ၿပီးခဲ့တဲ့ အာရွခ်န္ပီယံလိဂ္ဝင္ခြင့္အဆင့္မွာ ေဂ်ာ္ဒန္က အယ္လ္ဝါဒတ္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီးေနာက္ ယူေအအီးလိဂ္ခ်န္ပီယံျဖစ္တဲ့ ရွာဘတ္ အယ္လ္အလီနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး အယ္လ္နာဆာက တာလစၥကာရဲ႕ ၁၁ မိနစ္မွာ သြင္းယူခဲ့တဲ့ သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

၁၈ မိနစ္နဲ႔ ၄၆ မိနစ္မွာ ဂါဆာနီက ရွာဘတ္ အယ္လ္အလီအတြက္ ေခ်ပဂိုးနဲ႔ ဦးေဆာင္ဂိုးေတြ သြင္းယူေပးသြားခဲ့ၿပီး အယ္လ္နာဆာက ပြဲကစားခ်ိန္ျပည့္ဖို႔ ၃ မိနစ္အလိုအထိ ၂-၁ နဲ႔ ရႈံးနိမ့္ေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အံ့အားသင့္စရာအလွည့္အေျပာင္းကို ျမင္ေတြ႕ခဲ့ရတာျဖစ္ၿပီး ဂါနမ္က ၈၈ မိနစ္မွာ အယ္လ္နာဆာအတြက္ ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့ၿပီးေနာက္ တာလစၥကာက ၉၅ မိနစ္၊ ဘ႐ိုဇိုဗစ္က ၉၇ မိနစ္တို႔မွာ ေနာက္ထပ္ဦးေဆာင္ဂိုးေတြ သြင္းယူေပးသြားၿပီး အယ္လ္နာဆာက အာရွခ်န္ပီယံလိဂ္အုပ္စုအဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.