Premier League Transfer News

လိုကွန်ဂါကို စိတ်ဝင်စားလာတဲ့ ဘရိုက်တန်နဲ့ အာဆင်နယ်တို့ အလဲအထပ် ရှိနိုင်မလား

ဘရိုက်တန်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်ကနေ ထွက်ခွာသွားခဲ့တဲ့ မွိုက်ဆက်စ် ကိုင်စီဒိုရဲ့ နေရာကို အစားထိုးဖို့အတွက် အာဆင်နယ်အသင်းမှာ နေရာပျောက်ဆုံးနေတဲ့ ဘယ်လ်ဂျီယမ်သား အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါကို စိတ်ဝင်စားမှု ပြသခဲ့ပြီး ပရိသတ်တွေ သဘောကျစရာ ဖြစ်လာခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်မှာ ဘယ်နေရာမှာမှ ကောင်းကောင်း အသုံးမဝင်ဘဲ ဟိုနားကောင်းသလိုလို ဒီနားကောင်းသလိုလို ဖြစ်နေခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ၂၀၂၁ နွေရာသီမှာ အန်ဒါလက်ချ်အသင်းကနေ မျှော်လင့်ချက်များစွာနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် နှစ်ရာသီအတွင်း စုစုပေါင်း ၃၉ပွဲသာ အသင်းကြီးအတွက် ကစားဖူးပြီး ပွဲအများစုကတော့ လူစားဝင်တာတွေနဲ့ အရေးမပါတဲ့ ပွဲတွေ ဖြစ်နေခဲ့တာပါ။

ကိုင်စီဒိုကို ချဲလ်ဆီးတို့ဆီ ရောင်းချထားခဲ့လို့ ရေလျှံငွေပေါနေတဲ့ ဘရိုက်တန်အသင်းအနေနဲ့ ဆမ်ဘီ လိုကွန်ဂါရဲ့ ကစားသမားဘဝကို ပြန်လည် အသက်သွင်းပေးနိုင်မယ်လို့ ယုံကြည်နေသလို စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ အပယ်ခံတစ်ဦးဖြစ်တဲ့ ဘီလီ ဂီးလ်မိုးကိုလည်း ပုံစံကောင်းရအောင် ပြုလုပ်ပေးနိုင်ခဲ့လို့ နည်းပြ ရောဘတ်တို ဒီဇာဘီကလည်း အထင်ကြီးခံရသူတစ်ဦးဖြစ်လာနေခဲ့ပါတယ်။

အာဆင်နယ်တို့ကတော့ အပြန်အလှန်အားဖြင့် အက်ဒီ နကီးတီးယား သုံးစားမရချိန်မှာ ဖိုလာရင် ဘာလိုဂန်ကိုလည်း ရောင်းထုတ်ဦးမယ့် တိုက်စစ်မှူးနေရာအတွက် ဘရိုက်တန်တို့ရဲ့ တက်သစ်စ ကစားသမား အီဗန် ဖာဂူဆန်ကို စိတ်ဝင်စားနေတာကြောင့် သူတို့နှစ်ဦးကြားမှာ နှစ်သင်းအနေနဲ့ သဘောတူညီမှု ရယူနိုင်မလား စောင့်ကြည့်ရမှာပါ။

မန်ယူကို မုန်းတီးကြတဲ့ ဂန်းနားတွေရဲ့ လူစာရင်းထဲမှာ ဖာဂူဆန်ဆိုတဲ့ နာမည်ကို တေ့တေ့ဆိုင်ဆိုင် တွေ့ရမယ်ဆိုရင်တော့ ပရိသတ်တွေအတွက် ထူးဆန်းနေနိုင်ပေမယ့် တကယ်တမ်းမှာ ဟို ဆာဖာဂီဆိုတဲ့ ပုဂ္ဂိုလ်နဲ့ ဘာပတ်သက်မှုမှ မရှိတဲ့ အိုင်ယာလန်သားလေးကတော့ ယူရိုသန်း ၃၀ ဝန်းကျင်မှာ ဈေးပေါက်နေခဲ့လို့ ဘရိုက်တန်နဲ့ အာဆင်နယ်ကြား တစ်ခုခုဖြစ်လာမလားဆိုတာ စိတ်ဝင်စားရာကောင်းနေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘရိုက်တန်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်ကနေ ထွက်ခွာသွားခဲ့တဲ့ မွိုက်ဆက်စ် ကိုင်စီဒိုရဲ့ နေရာကို အစားထိုးဖို့အတွက် အာဆင်နယ်အသင်းမှာ နေရာပျောက်ဆုံးနေတဲ့ ဘယ်လ်ဂျီယမ်သား အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါကို စိတ်ဝင်စားမှု ပြသခဲ့ပြီး ပရိသတ်တွေ သဘောကျစရာ ဖြစ်လာခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်မှာ ဘယ်နေရာမှာမှ ကောင်းကောင်း အသုံးမဝင်ဘဲ ဟိုနားကောင်းသလိုလို ဒီနားကောင်းသလိုလို ဖြစ်နေခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ၂၀၂၁ နွေရာသီမှာ အန်ဒါလက်ခ်ျအသင်းကနေ မျှော်လင့်ချက်များစွာနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် နှစ်ရာသီအတွင်း စုစုပေါင်း ၃၉ပွဲသာ အသင်းကြီးအတွက် ကစားဖူးပြီး ပွဲအများစုကတော့ လူစားဝင်တာတွေနဲ့ အရေးမပါတဲ့ ပွဲတွေ ဖြစ်နေခဲ့တာပါ။

ကိုင်စီဒိုကို ချဲလ်ဆီးတို့ဆီ ရောင်းချထားခဲ့လို့ ရေလျှံငွေပေါနေတဲ့ ဘရိုက်တန်အသင်းအနေနဲ့ ဆမ်ဘီ လိုကွန်ဂါရဲ့ ကစားသမားဘဝကို ပြန်လည် အသက်သွင်းပေးနိုင်မယ်လို့ ယုံကြည်နေသလို စတမ်းဖို့ဒ်ဘရစ်ခ်ျရဲ့ အပယ်ခံတစ်ဦးဖြစ်တဲ့ ဘီလီ ဂီးလ်မိုးကိုလည်း ပုံစံကောင်းရအောင် ပြုလုပ်ပေးနိုင်ခဲ့လို့ နည်းပြ ရောဘတ်တို ဒီဇာဘီကလည်း အထင်ကြီးခံရသူတစ်ဦးဖြစ်လာနေခဲ့ပါတယ်။



REF: INTERNET SOURCES
SPORTS A2Z.