Match Report Premier League

ပဲလေ့စ်ကွင်းက စိတ်ကုန်စရာ နိုင်ပွဲနဲ့ ပရိသတ်တွေကို ဒေါသထွက်စေခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာလည်း ဘယ်လိုမှ အဆင်မပြေတဲ့ လူစာရင်းကိုပဲ ထုတ်သုံးခဲ့ပြီး ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ပါတေး၊ ဝှိုက်၊ ဆာလီဘာနဲ့ တိုမီယာစုတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ရိုက်စ်၊ အော်ဒီဂွါဒ်နဲ့ ဟာဗတ်ဇ်တို့ကို အထိုင်ချခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ နကီးတီးယားတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ခရစ္စတယ်လ်ပဲလေ့စ်တို့ကတော့ ဂိုးသမား ဂျွန်စတုန်း၊ ခံစစ်မှာ အန်ဒါဆန်၊ ဂေးဟီ၊ ဝါ့ဒ်နဲ့ မစ်ချဲလ်တို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ရှိတ်ခ် ဒူကူရေး၊ လားမား၊ အီဇီ၊ ရှလု(ပ်)နဲ့ ဂျော်ဒန် အာယူးတို့ကို စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ အေဒူယာတစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

အာတီတာရဲ့ ဂါဘရီယယ်လ် ပါမလာတဲ့ စိတ်ကုန်စရာ စောက်ဆန်းကစားကွက်ကြီးကို စမ်းသပ်မှုက ပရိသတ်တွေ ဒေါသထွက်စရာဖြစ်ခဲ့သလို ညာနောက်ခံကနေ ဆာကာကို မကူနိုင်တဲ့ ပါတေး၊ ချန်ပီယံရှစ်လောက်မှာ ကစားသင့်တဲ့ တိုမီယာစုနဲ့ အသင်းတိုက်စစ်သမားတွေကို စိတ်ဝမ်းကွဲစေနိုင်တဲ့ နကီးတီးယားတို့ကတော့ ဒီနေ့ပွဲရဲ့ ပြောစရာတွေ ဖြစ်ခဲ့ပါတယ်။

ပဲလေ့စ်တို့ ဘာမှ မလုပ်နိုင်အောင် ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် ဉာဏ်ရည်မမီတဲ့ နကီးတီးယားကို ထရော့ဆတ်ရှေ့မှာ သုံးနေတာက ဘယ်လိုမှ အဆင်မပြေသလို အခွင့်အရေးတွေကို ဖြုန်းတီး၊ တိုက်စစ်လမ်းကြောင်းတွေကို ပိတ်ထားခဲ့ချိန်မှာ ဟာဗတ်ဇ်က ဘောလုံးမရ၊ မာတီနယ်လီက ပေးရမယ့်လူ မရှိဘဲဖြစ်နေခဲ့သလို အာဆင်နယ်တို့အနေနဲ့ ဂိုးပေါက်ကိုတောင် ဘယ်လိုကန်ရမှန်းမသိဘဲ ဖြစ်နေခဲ့တာပါ။

အော်ဒီဂွါဒ်ရဲ့ အဝေးကန်ချက်တစ်ကြိမ်ကို ဂိုးသမား ဂျွန်စတုန်း ပုတ်ထုတ်သွားခဲ့သလို နကီးတီးယားကတော့ ဂိုးဖြစ်နိုင်တဲ့ အပိုင်အခွင့်အရေး နှစ်ကြိမ်ကို လွဲချော်ခဲ့ပြီး ဆာကာကတော့ သူ့ကို ကူမယ့် ညာနောက်ခံလူ မရှိတာကြောင့် ပဲလေ့စ်ဘယ်ခြမ်းထဲမှာ ပိတ်မိနေခဲ့ပြီး ပထမပိုင်းကတော့ ဂိုးမရှိ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ထရော့ဆတ်ကို မြင်ရမလား မျှော်လင့်နေတဲ့ အာဆင်နယ်ဖန်တွေ ပက်လက်လန်ခဲ့ရပြီး နကီးတီးယားကိုပဲ မမုန်းနိုင် မပစ်နိုင် ဆက်သုံးခဲ့သလို ပွဲက ကြည့်ရင်းနဲ့ အိပ်ချင်စရာကောင်းလောက်အောင် ဂိုးမဖြစ်ဖို့ စိတ်ချနေခဲ့ရချိန်မှာ လူမစွမ်းတော့ နတ်မသလိုဘဲ ဘယ်လိုမှ ထင်မထားတဲ့ အနေအထားကနေ ဂိုးရဖို့ ဖြစ်လာခဲ့တာပါ။

ပွဲချိန် ၅၃ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်က ဖရီးကစ်ကို မာတီနယ်လီက အမြန်ကန်ပေးရာမှာ တစ်ပွဲလုံး တုံးအနေတာကနေ လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်က အပ်တစ်စင်းထိမိသလို ရုတ်တရက် ပါးနပ်သွားခဲ့တဲ့ နကီးတီးယားက ဂိုးသမားကို ခွင်ရိုက်ပြီး ပင်နယ်တီရှာဖွေနိုင်ခဲ့လို့ ဒီအခွင့်အရေးကို ကန်လည်း ဝင်မယ့်ရုပ် မရှိတဲ့ ဆာကာအစား အော်ဒီဂွါဒ်က ပြောင်းလဲကန်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်မိနစ် ၆၀ မှာ တစ်ချိန်လုံး တုံးအနေတဲ့ ရုပ်နဲ့ တိုမီယာစု လက်ပစ်ဘောကို အချိန်ဆွဲလို့ အဝါထိခဲ့ပြီး ၆၇ မိနစ်မှာတော့ အာဆင်နယ်ဆိုရင် ရိုက်ချချင်နေတဲ့ ဒိုင်လူကြီး ဒေးဗစ် ကူးထ်ရဲ့ ခွင်ထဲ ဝင်တိုးတဲ့ ဂျပန်သားက ပဲလေ့စ်ကစားသမား ဂျော်ဒန် အာယူးကို နောက်က တွန်းသလိုဖြစ်ခဲ့တာကြောင့် ဒုတိယ အဝါကတ်နဲ့ အထုတ်ခံခဲ့ရတာကြောင့် ၁၀ ယောက်နဲ့ ကစားခဲ့ရတာပါ။

နောက်တန်းမှာ လူလျော့သွားလို့ ဂါဘရီယယ်လ်နဲ့ အစားထိုးဖို့ လုပ်ချိန်မှာ အသုံးမကျတဲ့ နကီးတီးယားအစား မာတီနယ်လီကို ထုတ်ခဲ့လို့ ဘရာဇီးလ်သား ပေါက်ကွဲခဲ့ရပြီး ၁၀ ယောက်နဲ့ ခံစစ်ကစားချိန်မှာတော့ ဘောလုံးပြန်ရရင်တောင် ရှေ့ကို ကန်တင်လို့ မရတဲ့အထိ အာဆင်နယ်ကစားကွက်က ပျက်စီးနေခဲ့ပြီး ပဲလေ့စ်တို့က တစ်ဖက်သတ် ဖိကစားနေခဲ့ရင်း အီဇီကတော့ ပင်နယ်တီအတွက် ဟန်ဆောင်ဒိုက်ထိုးခဲ့ပါသေးတယ်။

ဒီနောက်မှာတော့ နကီးတီးယားအစား ဂျော်ဂျင်ညို၊ ဆာကာအစား ဇင်ချန်ကိုနဲ့ အော်ဒီဂွါဒ်အစား ကီဗီယာတို့ကို ထပ်လဲခဲ့တော့မှပဲ ခံစစ် Shape နဲ့ ကွင်းလယ်တည်ငြိမ်မှုက အဆင်ပြေသွားခဲ့သလို ပဲလေ့စ်တို့ကတော့ ရွိုင်းဟော့ဆန်အတွက် ဒီထက်ပိုပြီး လူလဲစရာမရှိတော့တဲ့ ရှေ့တန်းနဲ့ ဂိုးရနိုးနိုး တိုက်ပွဲဝင်ရင်း နာကျင်အချိန်ပို ၇ မိနစ် ကစားအပြီးမှာတော့ ပွဲပြီးဆုံးခဲ့တာပါ။

အာဆင်နယ်တို့အတွက်တော့ ဒီနေ့ပွဲက ၁၅ လအတွင်းမှာ ပထမဆုံး ၁၀ ယောက်နဲ့ ကစားရတဲ့ပွဲလည်းဖြစ်ခဲ့ပြီး သုံးမှတ်ကိုတော့ ပဲလေ့စ်တို့ရဲ့ ဆဲလ်ဟာ့စ်ပါ့ခ်မှာ ရင်တမမနဲ့ ရယူသွားခဲ့အပြီးမှာတော့ ၂ ပွဲကစား ၆ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်ခဲ့တဲ့နောက် နည်းပြ အာတီတာရဲ့ ပရိသတ်တွေကို စော်ကားသလိုဖြစ်နေတဲ့ ကစားကွက်စမ်းမှုက အမြန်ဆုံး ရပ်တန့်နိုင်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာလည္း ဘယ္လိုမွ အဆင္မေျပတဲ့ လူစာရင္းကိုပဲ ထုတ္သုံးခဲ့ၿပီး ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ ပါေတး၊ ဝႈိက္၊ ဆာလီဘာနဲ႔ တိုမီယာစုတို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ ႐ိုက္စ္၊ ေအာ္ဒီဂြါဒ္နဲ႔ ဟာဗတ္ဇ္တို႔ကို အထိုင္ခ်ခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ ဆာကာ၊ မာတီနယ္လီနဲ႔ နကီးတီးယားတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ခရစၥတယ္လ္ပဲေလ့စ္တို႔ကေတာ့ ဂိုးသမား ဂြၽန္စတုန္း၊ ခံစစ္မွာ အန္ဒါဆန္၊ ေဂးဟီ၊ ဝါ့ဒ္နဲ႔ မစ္ခ်ဲလ္တို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ရွိတ္ခ္ ဒူကူေရး၊ လားမား၊ အီဇီ၊ ရွလု(ပ္)နဲ႔ ေဂ်ာ္ဒန္ အာယူးတို႔ကို စုဖြဲ႕လာခဲ့ၿပီး တိုက္စစ္မွာေတာ့ ေအဒူယာတစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

အာတီတာရဲ႕ ဂါဘရီယယ္လ္ ပါမလာတဲ့ စိတ္ကုန္စရာ ေစာက္ဆန္းကစားကြက္ႀကီးကို စမ္းသပ္မႈက ပရိသတ္ေတြ ေဒါသထြက္စရာျဖစ္ခဲ့သလို ညာေနာက္ခံကေန ဆာကာကို မကူႏိုင္တဲ့ ပါေတး၊ ခ်န္ပီယံရွစ္ေလာက္မွာ ကစားသင့္တဲ့ တိုမီယာစုနဲ႔ အသင္းတိုက္စစ္သမားေတြကို စိတ္ဝမ္းကြဲေစႏိုင္တဲ့ နကီးတီးယားတို႔ကေတာ့ ဒီေန႔ပြဲရဲ႕ ေျပာစရာေတြ ျဖစ္ခဲ့ပါတယ္။

ပဲေလ့စ္တို႔ ဘာမွ မလုပ္ႏိုင္ေအာင္ ထိန္းခ်ဳပ္ထားႏိုင္ခဲ့ေပမယ့္ ဉာဏ္ရည္မမီတဲ့ နကီးတီးယားကို ထေရာ့ဆတ္ေရွ႕မွာ သုံးေနတာက ဘယ္လိုမွ အဆင္မေျပသလို အခြင့္အေရးေတြကို ျဖဳန္းတီး၊ တိုက္စစ္လမ္းေၾကာင္းေတြကို ပိတ္ထားခဲ့ခ်ိန္မွာ ဟာဗတ္ဇ္က ေဘာလုံးမရ၊ မာတီနယ္လီက ေပးရမယ့္လူ မရွိဘဲျဖစ္ေနခဲ့သလို အာဆင္နယ္တို႔အေနနဲ႔ ဂိုးေပါက္ကိုေတာင္ ဘယ္လိုကန္ရမွန္းမသိဘဲ ျဖစ္ေနခဲ့တာပါ။

ေအာ္ဒီဂြါဒ္ရဲ႕ အေဝးကန္ခ်က္တစ္ႀကိမ္ကို ဂိုးသမား ဂြၽန္စတုန္း ပုတ္ထုတ္သြားခဲ့သလို နကီးတီးယားကေတာ့ ဂိုးျဖစ္ႏိုင္တဲ့ အပိုင္အခြင့္အေရး ႏွစ္ႀကိမ္ကို လြဲေခ်ာ္ခဲ့ၿပီး ဆာကာကေတာ့ သူ႔ကို ကူမယ့္ ညာေနာက္ခံလူ မရွိတာေၾကာင့္ ပဲေလ့စ္ဘယ္ျခမ္းထဲမွာ ပိတ္မိေနခဲ့ၿပီး ပထမပိုင္းကေတာ့ ဂိုးမရွိ သေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ထေရာ့ဆတ္ကို ျမင္ရမလား ေမွ်ာ္လင့္ေနတဲ့ အာဆင္နယ္ဖန္ေတြ ပက္လက္လန္ခဲ့ရၿပီး နကီးတီးယားကိုပဲ မမုန္းႏိုင္ မပစ္ႏိုင္ ဆက္သုံးခဲ့သလို ပြဲက ၾကည့္ရင္းနဲ႔ အိပ္ခ်င္စရာေကာင္းေလာက္ေအာင္ ဂိုးမျဖစ္ဖို႔ စိတ္ခ်ေနခဲ့ရခ်ိန္မွာ လူမစြမ္းေတာ့ နတ္မသလိုဘဲ ဘယ္လိုမွ ထင္မထားတဲ့ အေနအထားကေန ဂိုးရဖို႔ ျဖစ္လာခဲ့တာပါ။

ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ အာဆင္နယ္တို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္က ဖရီးကစ္ကို မာတီနယ္လီက အျမန္ကန္ေပးရာမွာ တစ္ပြဲလုံး တုံးအေနတာကေန လူ႔ျပည္က အပ္တစ္စင္းနဲ႔ ျဗဟၼာ့ျပည္က အပ္တစ္စင္းထိမိသလို ႐ုတ္တရက္ ပါးနပ္သြားခဲ့တဲ့ နကီးတီးယားက ဂိုးသမားကို ခြင္႐ိုက္ၿပီး ပင္နယ္တီရွာေဖြႏိုင္ခဲ့လို႔ ဒီအခြင့္အေရးကို ကန္လည္း ဝင္မယ့္႐ုပ္ မရွိတဲ့ ဆာကာအစား ေအာ္ဒီဂြါဒ္က ေျပာင္းလဲကန္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္မိနစ္ ၆၀ မွာ တစ္ခ်ိန္လုံး တုံးအေနတဲ့ ႐ုပ္နဲ႔ တိုမီယာစု လက္ပစ္ေဘာကို အခ်ိန္ဆြဲလို႔ အဝါထိခဲ့ၿပီး ၆၇ မိနစ္မွာေတာ့ အာဆင္နယ္ဆိုရင္ ႐ိုက္ခ်ခ်င္ေနတဲ့ ဒိုင္လူႀကီး ေဒးဗစ္ ကူးထ္ရဲ႕ ခြင္ထဲ ဝင္တိုးတဲ့ ဂ်ပန္သားက ပဲေလ့စ္ကစားသမား ေဂ်ာ္ဒန္ အာယူးကို ေနာက္က တြန္းသလိုျဖစ္ခဲ့တာေၾကာင့္ ဒုတိယ အဝါကတ္နဲ႔ အထုတ္ခံခဲ့ရတာေၾကာင့္ ၁၀ ေယာက္နဲ႔ ကစားခဲ့ရတာပါ။

ေနာက္တန္းမွာ လူေလ်ာ့သြားလို႔ ဂါဘရီယယ္လ္နဲ႔ အစားထိုးဖို႔ လုပ္ခ်ိန္မွာ အသုံးမက်တဲ့ နကီးတီးယားအစား မာတီနယ္လီကို ထုတ္ခဲ့လို႔ ဘရာဇီးလ္သား ေပါက္ကြဲခဲ့ရၿပီး ၁၀ ေယာက္နဲ႔ ခံစစ္ကစားခ်ိန္မွာေတာ့ ေဘာလုံးျပန္ရရင္ေတာင္ ေရွ႕ကို ကန္တင္လို႔ မရတဲ့အထိ အာဆင္နယ္ကစားကြက္က ပ်က္စီးေနခဲ့ၿပီး ပဲေလ့စ္တို႔က တစ္ဖက္သတ္ ဖိကစားေနခဲ့ရင္း အီဇီကေတာ့ ပင္နယ္တီအတြက္ ဟန္ေဆာင္ဒိုက္ထိုးခဲ့ပါေသးတယ္။

ဒီေနာက္မွာေတာ့ နကီးတီးယားအစား ေဂ်ာ္ဂ်င္ညိဳ၊ ဆာကာအစား ဇင္ခ်န္ကိုနဲ႔ ေအာ္ဒီဂြါဒ္အစား ကီဗီယာတို႔ကို ထပ္လဲခဲ့ေတာ့မွပဲ ခံစစ္ Shape နဲ႔ ကြင္းလယ္တည္ၿငိမ္မႈက အဆင္ေျပသြားခဲ့သလို ပဲေလ့စ္တို႔ကေတာ့ ႐ြိဳင္းေဟာ့ဆန္အတြက္ ဒီထက္ပိုၿပီး လူလဲစရာမရွိေတာ့တဲ့ ေရွ႕တန္းနဲ႔ ဂိုးရႏိုးႏိုး တိုက္ပြဲဝင္ရင္း နာက်င္အခ်ိန္ပို ၇ မိနစ္ ကစားအၿပီးမွာေတာ့ ပြဲၿပီးဆုံးခဲ့တာပါ။

အာဆင္နယ္တို႔အတြက္ေတာ့ ဒီေန႔ပြဲက ၁၅ လအတြင္းမွာ ပထမဆုံး ၁၀ ေယာက္နဲ႔ ကစားရတဲ့ပြဲလည္းျဖစ္ခဲ့ၿပီး သုံးမွတ္ကိုေတာ့ ပဲေလ့စ္တို႔ရဲ႕ ဆဲလ္ဟာ့စ္ပါ့ခ္မွာ ရင္တမမနဲ႔ ရယူသြားခဲ့အၿပီးမွာေတာ့ ၂ ပြဲကစား ၆ မွတ္နဲ႔ အဆင့္ ၃ မွာ ရပ္တည္ခဲ့တဲ့ေနာက္ နည္းျပ အာတီတာရဲ႕ ပရိသတ္ေတြကို ေစာ္ကားသလိုျဖစ္ေနတဲ့ ကစားကြက္စမ္းမႈက အျမန္ဆုံး ရပ္တန႔္ႏိုင္ပါေစလို႔ပဲ ဆုေတာင္းေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.