Premier League

ဂရင်းဝုဒ်ရဲ့အနာဂတ်အပေါ် ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အသင်းတာဝန်ရှိသူတွေကို ဝေဖန်ခဲ့တဲ့ နဗီး

ဂယ်ရီ နဗီးက မေဆန် ဂရင်းဝုဒ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး တော်တော်လေး ဆိုးရွားတဲ့ ဆုံးဖြတ်ချက်အတွက် မန်ချက်စတာယူနိုက်တက်ထိပ်ပိုင်းတာဝန်ရှိသူတွေကို ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။

ဂရင်းဝုဒ်ရဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားဘဝဟာ တနင်္လာနေ့မှာ ကစားသမားနဲ့ အသင်းကြား လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြပြီးနောက် ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး အသက် ၂၁ နှစ်အရွယ်တိုက်စစ်မှူးဟာ မုဒိမ်းကျင့်ဖို့ ကြိုးပမ်းမှု၊ ကိုယ်ထိလက်ရောက်တိုက်ခိုက်မှုတို့နဲ့ ဖမ်းဆီး တရားစွဲဆိုခံခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကတည်းက အသင်းနဲ့ ပူးပေါင်းခွင့် ဆိုင်းငံ့ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

မေဆန် ဂရင်းဝုဒ်အပေါ် စွဲချက်တွေအားလုံးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ရုတ်သိမ်းခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက် အသင်းတွင်း စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်မှာ အင်္ဂလန်တိုက်စစ်မှူးကို တန်ဟက်ရဲ့လူစာရင်းထဲမှာ ပြန်လည်ထည့်သွင်းဖို့ လုပ်ဆောင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တနင်္လာနေ့မှာ မေဆန် ဂရင်းဝုဒ်ဟာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာမှာဖြစ်တယ်လို့ အတည်ပြုခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်စီအီးအို ရစ်ချက် အာနိုးက ပရိသတ်တွေဆီကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက အသင်းဟောင်းအနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာလားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ “ဟုတ်ပါတယ်။ သူတို့တွေ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ သူတို့တွေ နောက်ဆုံးတော့ ဆုံးဖြတ်ချက် ချနိုင်ခဲ့ပါပြီ။ သူ မန်ချက်စတာယူနိုက်တက်အတွက် ထပ်ကစားပေးရတော့မှာမဟုတ်ဘူးဆိုတာ ပထမဆုံးနေ့ကတည်းက ရှင်းလင်းနေခဲ့ပါတယ်။ သူတို့တွေ အဲဒီကတည်းက ဆုံးဖြတ်ထားပြီးသားပါ။ ဒါပေမယ့် သူတို့တွေရဲ့ လုပ်ငန်းစဉ်က တော်တော်လေး ဆိုးရွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်ပြီး သိသာထင်ရှားပြီး ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရမယ့် အခါမှာ ထိပ်ဆုံးပိုင်းကနေလာတဲ့ အားကောင်းပြီး လုပ်ပိုင်ခွင့်အာဏာအပြည့်ရှိတဲ့ ခေါင်းဆောင်မှုမျိုး လိုအပ်တယ်လို့ ကျွန်တော် ထင်တယ်”

“မန်ချက်စတာယူနိုက်တက်မှာ အဲဒါမရှိဘူး။ အိမ်တွင်းအကြမ်းဖက်မှုနဲ့ အမျိုးသမီးတွေကို အကြမ်းဖက်မှုလိုမျိုး ကိစ္စတွေမှာ လွတ်လပ်မှုရှိဖို့ လိုပါတယ်။ မန်ချက်စတာယူနိုက်တက်က ဒီလိုကိစ္စတွေမှာ တရားစီရင်တဲ့ ဂျူရီမဖြစ်သင့်ပါဘူး။ သူတို့ကိုပဲ ပြောနေတာမဟုတ်ပါဘူး။ ပြိုင်ပွဲတစ်ခုလုံးက အားလုံးကို ပြောတာပါ။ လူတွေက မန်ချက်စတာယူနိုက်တက်ရဲ့ ဂုဏ်သိက္ခာထိခိုက်နိုင်တယ်လို့ ပြောကြတယ်။ ပရီးမီးယားလိဂ်ရဲ့ ဂုဏ်သိက္ခာလည်း ထိခိုက်နိုင်တယ်တဲ့။ ကျွန်တော့်အမြင်ကတော့ ဒီကိစ္စရဲ့ အရေးပါမှုနဲ့ ပြင်းထန်မှုအပေါ်မှာ လွတ်လပ်တဲ့ အဖွဲ့က ဖြေရှင်းသင့်တယ်။ မန်ချက်စတာယူနိုက်တက်မှာ ဒီလိုအခြေအနေကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်တဲ့ အရည်အချင်းနဲ့ အရည်အသွေးမရှိဘူးဆိုတာ ရှင်းသွားတာပေါ့။ သူတို့ရဲ့ အတွေ့အကြုံနဲ့ အရည်အချင်းထက် ဒီကိစ္စက ပိုပြီး ကျော်လွန်နေခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂယ္ရီ နဗီးက ေမဆန္ ဂရင္းဝုဒ္ရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး ေတာ္ေတာ္ေလး ဆိုး႐ြားတဲ့ ဆုံးျဖတ္ခ်က္အတြက္ မန္ခ်က္စတာယူႏိုက္တက္ထိပ္ပိုင္းတာဝန္ရွိသူေတြကို ျပစ္တင္ႀကိမ္းေမာင္းခဲ့ပါတယ္။

ဂရင္းဝုဒ္ရဲ႕ မန္ခ်က္စတာယူႏိုက္တက္ ကစားသမားဘဝဟာ တနလၤာေန႔မွာ ကစားသမားနဲ႔ အသင္းၾကား လမ္းခြဲဖို႔ ဆုံးျဖတ္ခဲ့ၾကၿပီးေနာက္ ၿပီးဆုံးသြားခဲ့ၿပီျဖစ္ၿပီး အသက္ ၂၁ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ မုဒိမ္းက်င့္ဖို႔ ႀကိဳးပမ္းမႈ၊ ကိုယ္ထိလက္ေရာက္တိုက္ခိုက္မႈတို႔နဲ႔ ဖမ္းဆီး တရားစြဲဆိုခံခဲ့ရၿပီးေနာက္ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလကတည္းက အသင္းနဲ႔ ပူးေပါင္းခြင့္ ဆိုင္းငံ့ျခင္းခံခဲ့ရသူျဖစ္ပါတယ္။

ေမဆန္ ဂရင္းဝုဒ္အေပၚ စြဲခ်က္ေတြအားလုံးကို ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလမွာ ႐ုတ္သိမ္းခဲ့ေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ အသင္းတြင္း စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့အပတ္မွာ အဂၤလန္တိုက္စစ္မႉးကို တန္ဟက္ရဲ႕လူစာရင္းထဲမွာ ျပန္လည္ထည့္သြင္းဖို႔ လုပ္ေဆာင္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း တနလၤာေန႔မွာ ေမဆန္ ဂရင္းဝုဒ္ဟာ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာမွာျဖစ္တယ္လို႔ အတည္ျပဳခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္စီအီးအို ရစ္ခ်က္ အာႏိုးက ပရိသတ္ေတြဆီကို အိတ္ဖြင့္ေပးစာ ေပးပို႔ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးက အသင္းေဟာင္းအေနနဲ႔ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ကို ခ်မွတ္ခဲ့တာလားလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ “ဟုတ္ပါတယ္။ သူတို႔ေတြ ဆုံးျဖတ္ခ်က္ ခ်ခဲ့ပါတယ္။ သူတို႔ေတြ ေနာက္ဆုံးေတာ့ ဆုံးျဖတ္ခ်က္ ခ်ႏိုင္ခဲ့ပါၿပီ။ သူ မန္ခ်က္စတာယူႏိုက္တက္အတြက္ ထပ္ကစားေပးရေတာ့မွာမဟုတ္ဘူးဆိုတာ ပထမဆုံးေန႔ကတည္းက ရွင္းလင္းေနခဲ့ပါတယ္။ သူတို႔ေတြ အဲဒီကတည္းက ဆုံးျဖတ္ထားၿပီးသားပါ။ ဒါေပမယ့္ သူတို႔ေတြရဲ႕ လုပ္ငန္းစဥ္က ေတာ္ေတာ္ေလး ဆိုး႐ြားခဲ့ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပတ္သက္ၿပီး သိသာထင္ရွားၿပီး ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ရမယ့္ အခါမွာ ထိပ္ဆုံးပိုင္းကေနလာတဲ့ အားေကာင္းၿပီး လုပ္ပိုင္ခြင့္အာဏာအျပည့္ရွိတဲ့ ေခါင္းေဆာင္မႈမ်ိဳး လိုအပ္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္”

“မန္ခ်က္စတာယူႏိုက္တက္မွာ အဲဒါမရွိဘူး။ အိမ္တြင္းအၾကမ္းဖက္မႈနဲ႔ အမ်ိဳးသမီးေတြကို အၾကမ္းဖက္မႈလိုမ်ိဳး ကိစၥေတြမွာ လြတ္လပ္မႈရွိဖို႔ လိုပါတယ္။ မန္ခ်က္စတာယူႏိုက္တက္က ဒီလိုကိစၥေတြမွာ တရားစီရင္တဲ့ ဂ်ဴရီမျဖစ္သင့္ပါဘူး။ သူတို႔ကိုပဲ ေျပာေနတာမဟုတ္ပါဘူး။ ၿပိဳင္ပြဲတစ္ခုလုံးက အားလုံးကို ေျပာတာပါ။ လူေတြက မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဂုဏ္သိကၡာထိခိုက္ႏိုင္တယ္လို႔ ေျပာၾကတယ္။ ပရီးမီးယားလိဂ္ရဲ႕ ဂုဏ္သိကၡာလည္း ထိခိုက္ႏိုင္တယ္တဲ့။ ကြၽန္ေတာ့္အျမင္ကေတာ့ ဒီကိစၥရဲ႕ အေရးပါမႈနဲ႔ ျပင္းထန္မႈအေပၚမွာ လြတ္လပ္တဲ့ အဖြဲ႕က ေျဖရွင္းသင့္တယ္။ မန္ခ်က္စတာယူႏိုက္တက္မွာ ဒီလိုအေျခအေနကို မွန္မွန္ကန္ကန္ ေျဖရွင္းႏိုင္တဲ့ အရည္အခ်င္းနဲ႔ အရည္အေသြးမရွိဘူးဆိုတာ ရွင္းသြားတာေပါ့။ သူတို႔ရဲ႕ အေတြ႕အႀကဳံနဲ႔ အရည္အခ်င္းထက္ ဒီကိစၥက ပိုၿပီး ေက်ာ္လြန္ေနခဲ့တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.