La Liga

လာလီဂါပထမဆုံးနိုင်ပွဲအတွက် စီးတီးကြယ်ပွင့်နဲ့ ၁၆ နှစ်သားလေးကို ချီးကျူးခဲ့တဲ့ ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက တနင်္ဂနွေနေ့ညက ကဒစ်ဇ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွက် ကွင်းဘေးစည်းမှာ မရှိနေခဲ့ပေမယ့်လည်း ပွဲအပြီးမှာတော့ သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့ပြီး အလွန်အပြုသဘောဆောင်တဲ့ စိတ်အခြေအနေမှာ ရှိနေခဲ့တာဖြစ်ပါတယ်။

ဇာဗီက အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ဘက်ပေါင်းစုံမှာ စိတ်ကျေနပ်မှု ရရှိခဲ့သလို အသက် ၁၆ နှစ်သား လာမိုင်း ယာမယ်အပါအဝင် တစ်ဦးချင်း တောက်ပခဲ့တဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကိုလည်း ချီးကျူးပြောဆိုခဲ့တာဖြစ်ပါတယ်။

ဇာဗီက ပီဒရီရဲ့ ၈၂ မိနစ်မှာ သွင်းယူခဲ့တဲ့ အဖွင့်ဂိုးအတွက် အလွန်ကောင်းမွန်တဲ့ ပေးပို့မှု ပြုလုပ်နိုင်ခဲ့တဲ့ ဂန်ဒိုဝမ်ကို ချီးကျူးခဲ့ပြီး အဲဒီအရာက ပြီးခဲ့တဲ့နှစ်မှာ ပျောက်ဆုံးနေခဲ့တဲ့အရာဖြစ်တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ဒါက ကျွန်တော်တို့ မနှစ်က ပျောက်ဆုံးနေခဲ့တဲ့အရာပါ။ ဂါဗီ၊ ပီဒရီနဲ့ အိုရီယိုလ်တောင်မှ နည်းနည်းပိုပြီး ကြိုးစားရမယ်။ ကျွန်တော်တို့ တောင်ပံကနေ အများကြီး ကစားခဲ့ပြီး အလယ်ကနေ ဂိုးရခဲ့တာက ကောင်းမွန်ပါတယ်။ အဲဒါကြောင့်ပဲ ကျွန်တော်တို့ ဂန်ဒိုဝမ်ကို ခေါ်ယူခဲ့တာပါ။ ကျွန်တော် နေရာယူပုံနဲ့ပတ်သက်ပြီး အရမ်းပျော်ရွှင်မိပေမယ့်လည်း အခွင့်အရေးရမယ့် အခိုက်အတန့်ကို နည်းနည်းပိုပြီး စောင့်ဆိုင်းရမှာပါ။ ပွဲက အရမ်းကောင်းခဲ့ပြီး အရမ်းကို ထိုက်တန်တဲ့နိုင်ပွဲဖြစ်ခဲ့ပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဇာဗီက ဆက်လက်ပြီး အသင်းအတွက် ပထမဆုံး ပွဲထွက်ပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်မှာပဲ တောက်ပပြခဲ့တဲ့ အသက် ၁၆ နှစ်သား လာမိုင်း ယာမယ်ရဲ့ ရင့်ကျက်မှုကို ချီးကျူးခဲ့ပြီး လီဒက်စ်မာကြောင့်သာ ဂိုးမရခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် သူ အဆင်သင့်ဖြစ်နေတာကို မြင်ခဲ့တယ်။ သူက သူ့အသက်အရွယ်နဲ့ဆိုရင် အရမ်းကို ရင့်ကျက်နေပါတယ်။ သူက ကျွန်တော်တို့အတွက် ကွဲပြားခြားနားမှုတွေကို ပြုလုပ်ပေးနိုင်တယ်။ သူ ဂိုးမသွင်းနိုင်ခဲ့တဲ့ တစ်ခုတည်းသော အကြောင်းအရင်းက ရာသီရဲ့အကောင်းဆုံးပွဲစဉ်ကို ပိုင်ဆိုင်ခဲ့တဲ့ လီဒက်စ်မာကြောင့်ပါပဲ။ ကျွန်တော်တို့ သူ့ကို ဂရုစိုက်ဖို့ လိုပေမယ့် သူက အရည်အချင်းရှိပြီး အသက် ၁၆ နှစ်ပဲ ရှိသေးလို့ ပြဿနာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာနည္းျပ ဇာဗီက တနဂၤေႏြေန႔ညက ကဒစ္ဇ္ကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြက္ ကြင္းေဘးစည္းမွာ မရွိေနခဲ့ေပမယ့္လည္း ပြဲအၿပီးမွာေတာ့ သတင္းစာရွင္းလင္းပြဲ တက္ေရာက္ခဲ့ၿပီး အလြန္အျပဳသေဘာေဆာင္တဲ့ စိတ္အေျခအေနမွာ ရွိေနခဲ့တာျဖစ္ပါတယ္။

ဇာဗီက အသင္းရဲ႕ စြမ္းေဆာင္ရည္နဲ႔ပတ္သက္လို႔ ဘက္ေပါင္းစုံမွာ စိတ္ေက်နပ္မႈ ရရွိခဲ့သလို အသက္ ၁၆ ႏွစ္သား လာမိုင္း ယာမယ္အပါအဝင္ တစ္ဦးခ်င္း ေတာက္ပခဲ့တဲ့ ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ကိုလည္း ခ်ီးက်ဴးေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဇာဗီက ပီဒရီရဲ႕ ၈၂ မိနစ္မွာ သြင္းယူခဲ့တဲ့ အဖြင့္ဂိုးအတြက္ အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈ ျပဳလုပ္ႏိုင္ခဲ့တဲ့ ဂန္ဒိုဝမ္ကို ခ်ီးက်ဴးခဲ့ၿပီး အဲဒီအရာက ၿပီးခဲ့တဲ့ႏွစ္မွာ ေပ်ာက္ဆုံးေနခဲ့တဲ့အရာျဖစ္တယ္လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

“ဒါက ကြၽန္ေတာ္တို႔ မႏွစ္က ေပ်ာက္ဆုံးေနခဲ့တဲ့အရာပါ။ ဂါဗီ၊ ပီဒရီနဲ႔ အိုရီယိုလ္ေတာင္မွ နည္းနည္းပိုၿပီး ႀကိဳးစားရမယ္။ ကြၽန္ေတာ္တို႔ ေတာင္ပံကေန အမ်ားႀကီး ကစားခဲ့ၿပီး အလယ္ကေန ဂိုးရခဲ့တာက ေကာင္းမြန္ပါတယ္။ အဲဒါေၾကာင့္ပဲ ကြၽန္ေတာ္တို႔ ဂန္ဒိုဝမ္ကို ေခၚယူခဲ့တာပါ။ ကြၽန္ေတာ္ ေနရာယူပုံနဲ႔ပတ္သက္ၿပီး အရမ္းေပ်ာ္႐ႊင္မိေပမယ့္လည္း အခြင့္အေရးရမယ့္ အခိုက္အတန႔္ကို နည္းနည္းပိုၿပီး ေစာင့္ဆိုင္းရမွာပါ။ ပြဲက အရမ္းေကာင္းခဲ့ၿပီး အရမ္းကို ထိုက္တန္တဲ့ႏိုင္ပြဲျဖစ္ခဲ့ပါတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဇာဗီက ဆက္လက္ၿပီး အသင္းအတြက္ ပထမဆုံး ပြဲထြက္ပါဝင္ကစားေပးခဲ့တဲ့ပြဲစဥ္မွာပဲ ေတာက္ပျပခဲ့တဲ့ အသက္ ၁၆ ႏွစ္သား လာမိုင္း ယာမယ္ရဲ႕ ရင့္က်က္မႈကို ခ်ီးက်ဴးခဲ့ၿပီး လီဒက္စ္မာေၾကာင့္သာ ဂိုးမရခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ သူ အဆင္သင့္ျဖစ္ေနတာကို ျမင္ခဲ့တယ္။ သူက သူ႔အသက္အ႐ြယ္နဲ႔ဆိုရင္ အရမ္းကို ရင့္က်က္ေနပါတယ္။ သူက ကြၽန္ေတာ္တို႔အတြက္ ကြဲျပားျခားနားမႈေတြကို ျပဳလုပ္ေပးႏိုင္တယ္။ သူ ဂိုးမသြင္းႏိုင္ခဲ့တဲ့ တစ္ခုတည္းေသာ အေၾကာင္းအရင္းက ရာသီရဲ႕အေကာင္းဆုံးပြဲစဥ္ကို ပိုင္ဆိုင္ခဲ့တဲ့ လီဒက္စ္မာေၾကာင့္ပါပဲ။ ကြၽန္ေတာ္တို႔ သူ႔ကို ဂ႐ုစိုက္ဖို႔ လိုေပမယ့္ သူက အရည္အခ်င္းရွိၿပီး အသက္ ၁၆ ႏွစ္ပဲ ရွိေသးလို႔ ျပႆနာမဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.