Premier League

၈ ယောက်-၈ယောက်နဲ့တောင် ကစားရနိုင်တယ်လို့ ဝေဖန်ခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ တနင်္လာနေ့ညပွဲစဉ်မှာ တိုမီယဆုကို မလိုအပ်ဘဲ အဝါကတ်ပြား ၂ ကြိမ်ပြသပြီး ထုတ်ပယ်ခဲ့တဲ့နောက် ဒိုင်လူကြီးတွေကို ဝေဖန်ခဲ့ပြီး အချိန်ဆွဲတာကို အပြစ်ပေးတဲ့ပုံစံနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ ပွဲကစားချိန် တစ်နာရီလောက်အထိ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ပထမပိုင်းမှာ အဖွင့်ဂိုးသွင်းယူဖို့ အလွန်ကောင်းမွန်တဲ့ အခွင့်အရေး ၂ ကြိမ်အထိ ရရှိခဲ့ပေမယ့်လည်း အန်ကီးတီးယားရဲ့ ပထမအကြိမ် ကန်သွင်းမှုက တိုင်ထိခဲ့ပြီး ဒုတိယအကြိမ်က ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ဒုတိယပိုင်း ၅၃ မိနစ်မှာ အန်ကီးတီးယားကို ဂျွန်စတုန်း ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကနေတဆင့် မာတင် အော်ဒီဂွါဒ်သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ၆၇ မိနစ်မှာ တိုမီယဆုကို မိနစ်အနည်းငယ်အတွင်း အဝါကတ် ၂ ကတ် ဆက်တိုက် ပြသခဲ့ပြီးနောက် ပွဲအခြေအနေက ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။

ပထမဆုံး အဝါကတ်က အချိန်ဆွဲတာကြောင့် ပြသခြင်းခံခဲ့ရတာဖြစ်ပြီး အဲဒီဖြစ်စဉ်မှာ ခိုင် ဟာဗတ်ဇ်က အဓိက တရားခံဖြစ်ခဲ့ပုံပေါ်ပေမယ့်လည်း ဒုတိယ အဝါကတ်က အန်ဒရီ အာယူးရဲ့ ရှပ်ကို ဆွဲခဲ့ပုံပေါ်တာကြောင့် ပြသခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရုပ်သံအနှေးပြကွက်တွေမှာ ထိတွေ့မှု အနည်းငယ်သာရှိခဲ့တာကို မြင်တွေ့ခဲ့ရပြီး အာဆင်နယ်အတွက် ကံဆိုးစွာနဲ့ပဲ VAR က ပြန်လည်စစ်ဆေးခဲ့ခြင်းမရှိဘဲ တိုမီယဆုဟာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် တစ်ယောက်လျော့နဲ့ ပွဲကစားချိန် မိနစ် ၃၀ နီးပါး ဆက်လက် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။

အာတီတာက ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ဟာ ပြင်းထန်လွန်းခဲ့တယ်လို့ ခံစားခဲ့ရပြီး စည်းမျဉ်းသစ်ကလည်း ရာသီမစတင်ခင်တုန်းက အသင်းတွေကို ရှင်းပြခဲ့တာနဲ့ ကွဲပြားခြားနားနေတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်က တကယ်ကို ပွင့်လင်းတဲ့လူတစ်ယောက်ပါ။ ကျွန်တော် အရာအားလုံးကို နားလည်တယ်။ စည်းမျဉ်းသစ်က ကိစ္စတစ်ခုပါ။ စည်းမျဉ်းသစ်က ဘယ်နေရာတွေမှာလဲဆိုတာကို ကျွန်တော် မသိဘူး။ သူတို့တွေ ဆက်သွယ်ပြောဆိုတာမျိုး မလုပ်ခဲ့ဘူး။ ဒါက အရမ်းကို ကွဲပြားခြားနားတဲ့အရာတစ်ခုပါ။ ဒါပေမယ့် ကျွန်တော်တို့ အသားကျအောင် လုပ်ရမှာပါ။ ဒီနေ့မှာ ကျွန်တော်တို့ ဒီလိုအခြေအနေမှာ အနိုင်ရအောင် လုပ်နိုင်ခဲ့ပြီး ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်။ ဒိုင်လူကြီးတွေက စည်းမျဉ်းသစ်တွေကို တစ်ရာသီလုံး တသမတ်တည်း ချမှတ်နိုင်ဖို့ ရုန်းကန်ရနိုင်လားဆိုတာ ကျွန်တော် မသိပါဘူး။ ဒါက သူတို့တွေ လုပ်ရမယ့်အရာပါ။ အဲဒါက ကျွန်တော် ခင်ဗျားကို အာမခံဖို့ အရမ်းကို ခက်ခဲတော့မယ့်အရာပါ။ ကျွန်တော်တို့ ၁၀ ယောက် ဒါမှမဟုတ် ၉ ယောက်၊ ၈ ယောက်လောက်နဲ့ပဲ ကစားရရင် ကစားရနိုင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ အဆင့်အတန်းအပေါ်မှာ မူတည်တယ်ဆိုရင် ကျွန်တော်တို့ ၈ ယောက်-၈ ယောက်ကစားနိုင်ရနိုင်ပါတယ်။ အဲဒါက အရမ်းကို ဖျော်ဖြေမှုပေးနိုင်တဲ့ပွဲဖြစ်လာနိုင်ပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နည္းျပ အာတီတာက ခရစၥတယ္ပဲေလ့စ္ကို ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့ တနလၤာေန႔ညပြဲစဥ္မွာ တိုမီယဆုကို မလိုအပ္ဘဲ အဝါကတ္ျပား ၂ ႀကိမ္ျပသၿပီး ထုတ္ပယ္ခဲ့တဲ့ေနာက္ ဒိုင္လူႀကီးေတြကို ေဝဖန္ခဲ့ၿပီး အခ်ိန္ဆြဲတာကို အျပစ္ေပးတဲ့ပုံစံနဲ႔ပတ္သက္ၿပီး စိုးရိမ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ ပြဲကစားခ်ိန္ တစ္နာရီေလာက္အထိ ပြဲကို ထိန္းခ်ဳပ္ထားႏိုင္ခဲ့ၿပီး ပထမပိုင္းမွာ အဖြင့္ဂိုးသြင္းယူဖို႔ အလြန္ေကာင္းမြန္တဲ့ အခြင့္အေရး ၂ ႀကိမ္အထိ ရရွိခဲ့ေပမယ့္လည္း အန္ကီးတီးယားရဲ႕ ပထမအႀကိမ္ ကန္သြင္းမႈက တိုင္ထိခဲ့ၿပီး ဒုတိယအႀကိမ္က ဂိုးဘားတန္းေပၚ ေက်ာ္သြားခဲ့တာျဖစ္ပါတယ္။

ဂန္းနားေတြဟာ ဒုတိယပိုင္း ၅၃ မိနစ္မွာ အန္ကီးတီးယားကို ဂြၽန္စတုန္း ျပစ္ဒဏ္က်ဴးလြန္ခဲ့တာေၾကာင့္ ရရွိခဲ့တဲ့ ပင္နယ္တီကေနတဆင့္ မာတင္ ေအာ္ဒီဂြါဒ္သြင္းယူခဲ့တဲ့ သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ၆၇ မိနစ္မွာ တိုမီယဆုကို မိနစ္အနည္းငယ္အတြင္း အဝါကတ္ ၂ ကတ္ ဆက္တိုက္ ျပသခဲ့ၿပီးေနာက္ ပြဲအေျခအေနက ေျပာင္းလဲသြားခဲ့တာျဖစ္ပါတယ္။

ပထမဆုံး အဝါကတ္က အခ်ိန္ဆြဲတာေၾကာင့္ ျပသျခင္းခံခဲ့ရတာျဖစ္ၿပီး အဲဒီျဖစ္စဥ္မွာ ခိုင္ ဟာဗတ္ဇ္က အဓိက တရားခံျဖစ္ခဲ့ပုံေပၚေပမယ့္လည္း ဒုတိယ အဝါကတ္က အန္ဒရီ အာယူးရဲ႕ ရွပ္ကို ဆြဲခဲ့ပုံေပၚတာေၾကာင့္ ျပသခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ႐ုပ္သံအေႏွးျပကြက္ေတြမွာ ထိေတြ႕မႈ အနည္းငယ္သာရွိခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး အာဆင္နယ္အတြက္ ကံဆိုးစြာနဲ႔ပဲ VAR က ျပန္လည္စစ္ေဆးခဲ့ျခင္းမရွိဘဲ တိုမီယဆုဟာ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ တစ္ေယာက္ေလ်ာ့နဲ႔ ပြဲကစားခ်ိန္ မိနစ္ ၃၀ နီးပါး ဆက္လက္ ယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ပါတယ္။

အာတီတာက ဒိုင္လူႀကီးေတြရဲ႕ ဆုံးျဖတ္ခ်က္ဟာ ျပင္းထန္လြန္းခဲ့တယ္လို႔ ခံစားခဲ့ရၿပီး စည္းမ်ဥ္းသစ္ကလည္း ရာသီမစတင္ခင္တုန္းက အသင္းေတြကို ရွင္းျပခဲ့တာနဲ႔ ကြဲျပားျခားနားေနတယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္က တကယ္ကို ပြင့္လင္းတဲ့လူတစ္ေယာက္ပါ။ ကြၽန္ေတာ္ အရာအားလုံးကို နားလည္တယ္။ စည္းမ်ဥ္းသစ္က ကိစၥတစ္ခုပါ။ စည္းမ်ဥ္းသစ္က ဘယ္ေနရာေတြမွာလဲဆိုတာကို ကြၽန္ေတာ္ မသိဘူး။ သူတို႔ေတြ ဆက္သြယ္ေျပာဆိုတာမ်ိဳး မလုပ္ခဲ့ဘူး။ ဒါက အရမ္းကို ကြဲျပားျခားနားတဲ့အရာတစ္ခုပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အသားက်ေအာင္ လုပ္ရမွာပါ။ ဒီေန႔မွာ ကြၽန္ေတာ္တို႔ ဒီလိုအေျခအေနမွာ အႏိုင္ရေအာင္ လုပ္ႏိုင္ခဲ့ၿပီး ကြၽန္ေတာ္တို႔ လုပ္ႏိုင္ခဲ့တယ္။ ဒိုင္လူႀကီးေတြက စည္းမ်ဥ္းသစ္ေတြကို တစ္ရာသီလုံး တသမတ္တည္း ခ်မွတ္ႏိုင္ဖို႔ ႐ုန္းကန္ရႏိုင္လားဆိုတာ ကြၽန္ေတာ္ မသိပါဘူး။ ဒါက သူတို႔ေတြ လုပ္ရမယ့္အရာပါ။ အဲဒါက ကြၽန္ေတာ္ ခင္ဗ်ားကို အာမခံဖို႔ အရမ္းကို ခက္ခဲေတာ့မယ့္အရာပါ။ ကြၽန္ေတာ္တို႔ ၁၀ ေယာက္ ဒါမွမဟုတ္ ၉ ေယာက္၊ ၈ ေယာက္ေလာက္နဲ႔ပဲ ကစားရရင္ ကစားရႏိုင္တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ သတ္မွတ္ထားတဲ့ စံႏႈန္းနဲ႔ အဆင့္အတန္းအေပၚမွာ မူတည္တယ္ဆိုရင္ ကြၽန္ေတာ္တို႔ ၈ ေယာက္-၈ ေယာက္ကစားႏိုင္ရႏိုင္ပါတယ္။ အဲဒါက အရမ္းကို ေဖ်ာ္ေျဖမႈေပးႏိုင္တဲ့ပြဲျဖစ္လာႏိုင္ပါတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.