Premier League
ဝက်စ်ဟမ်းနဲ့ပွဲမှာ အပြစ်တင်ရမယ့် ချဲလ်ဆီးကစားသမားတွေကို ပြောပြခဲ့တဲ့ ကာရေဂါ
ဂျေမီ ကာရေဂါက တနင်္ဂနွေနေ့က ဝက်စ်ဟမ်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဥ်က အမှားများခဲ့တဲ့ ချဲလ်ဆီးနောက်ခံလူတွေကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
ချဲလ်ဆီးဟာ လန်ဒန်ကွင်းမှာ နေယက်ဖ် အာဂွါဒ်ရဲ့ ၇ မိနစ်မှာ သွင်းယူခဲ့တဲ့ အဖွင့်ဂိုးကို ခွင့်ပြုခဲ့ရပြီးနောက် ချူကွယ်မီကာက ချဲလ်ဆီးအတွက် ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့တာဖြစ်ပြီး အန်ဇို ဖာနန်ဒက်ဇ်ရဲ့ ပထမပိုင်းမှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ဂိုးသမား အာရီယိုးလားက ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။
အန်တိုနီယိုက ဒုတိယပိုင်းမှာ ဝက်စ်ဟမ်းအတွက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပြီး ကာရေဂါက ဝက်စ်ဟမ်းတိုက်စစ်မှူး သွင်းယူသွားတဲ့ သွင်းဂိုးမှာ ချဲလ်ဆီးနောက်ခံလူတွေအများအပြားက အမှားကျူးလွန်ခဲ့တယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။
“မာလို ဂူစတိုက ကျိန်းသေပေါက် သူ့ကို ကစားခွင့်ပေးခဲ့တယ်။ အန်တိုနီယိုက ဗဟိုခံစစ်ကစားသမား ၂ ဦးရဲ့ နောက်မှာ နည်းနည်းရောက်နေခဲ့တယ်။ အေဇယ် ဒီဆာဆီရဲ့ ကစားပုံကလည်း အရမ်းမကောင်းခဲ့ဘူး။ ဂိုးက သူ့ကို ကျော်ပြီး ဝင်သွားတာပါ။ ဒီဆာဆီက သူ့ကို တားနိုင်ခဲ့ပြီလို့ ထင်ခဲ့တယ်။ သူ အမှားလုပ်မိတာပါ”
“သူ့မှာ(အန်တိုနီယို) အင်အားနဲ့ ကြံ့ခိုင်မှုရှိပြီး လီဗိုင်း ကောလ်ဝီလ်ကို သမသွားတာပဲ။ ဝက်စ်ဟမ်းက ၂-၁ နဲ့ ဦးဆောင်သွားနိုင်တယ်။ အဲဒါက မထိုက်တန်ခဲ့တာဖြစ်နိုင်ပေမယ့် ဝက်စ်ဟမ်းပရိသတ်တွေက ဂရုမစိုက်ပါဘူး။ ချဲလ်ဆီးက နောက်တန်းမှာ စုတ်ပြတ်သပ်နေခဲ့တာပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ဂျေမီ ကာရေဂါက တနင်္ဂနွေနေ့က ဝက်စ်ဟမ်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က အမှားများခဲ့တဲ့ ချဲလ်ဆီးနောက်ခံလူတွေကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.