La Liga

လိပ်နင်ဂျာလေး ပလေးတာခံခဲ့ရပြီးနောက် ပလန်ဘီဆွဲလိုက်တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ ခီလီယန် အမ်ဘာပေက ပီအက်စ်ဂျီအသင်းမှာပဲ ဆက်နေဖို့ များနေပြီဖြစ်တာကြောင့် ပလန်ဘီကို စတင်စဉ်းစားနေပြီဖြစ်ပြီး ယခုနွေရာသီ ပစ်မှတ်စာရင်းထဲမှာ လော်တာရို မာတီနက်ဇ်၊ ဗစ်တာ အိုဆီမန်နဲ့ ကိုလို မူအာနီတို့ကို ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။

El Nacional ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဟာ ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ ကာရင် ဘန်ဇီးမားရဲ့ နေရာမှာ အစားထိုးခေါ်ယူမှု ပြုလုပ်ချင်နေပြီး ကျောနံပါတ် ၉ မရှိဘဲ ရာသီသစ်ကို ယှဉ်ပြိုင်ကစားသွားချင်တဲ့ဆန္ဒမရှိဘူးလို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဥက္ကဌ ဖလော်ရန်တီနို ပီးရက်ဇ်ဟာ အမ်ဘာပေကို ခေါ်ယူဖို့အတွက် အဆင်သင့် လုပ်ထားခဲ့ပေမယ့်လည်း ပြင်သစ်တိုက်စစ်မှူးက ပီအက်စ်ဂျီအသင်းနဲ့ပဲ ဆက်နေတော့မှာဖြစ်တာကြောင့် တခြားရွေးချယ်စရာတွေကို စဉ်းစားရတော့မှာ ဖြစ်ပါတယ်။

အင်တာမီလန်ကြယ်ပွင့်တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ်တွေထဲက တစ်ဦးဖြစ်ပြီး အာဂျင်တီးနားတိုက်စစ်မှူးဟာ စီးရီးအေ ၁၇၃ ပွဲမှာ ၇၉ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပီးရက်ဇ်က ကမ္ဘာ့ဖလားချန်ပီယံဟာ အသင်းတိုက်စစ်ကို ဦးဆောင်နိုင်စွမ်းရှိတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

အိုဆီမန်ကလည်း ပြီးခဲ့တဲ့ရာသီ စီးရီးအေချန်ပီယံဖြစ်ခဲ့တဲ့ နာပိုလီအတွက် အကောင်းဆုံး ခြေစွမ်းကို ပြသခဲ့ပြီးနောက် စီးရီးအေထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရာသီပြီးဆုံးနိုင်ခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်လာတာ အံ့အားသင့်စရာမဟုတ်တော့ပါဘူး။

နောက်ဆုံး ပစ်မှတ်ကတော့ ပီအက်စ်ဂျီက အမ်ဘာပေရဲ့ နေရာမှာ အစားထိုးခေါ်ယူမယ်လို့ အသံထွက်ခဲ့တဲ့ ကိုလို မူအာနီဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကလည်း ပြင်သစ်တိုက်စစ်မှူးကို စိတ်ဝင်စားကြောင်း ပြသခဲ့ပေမယ့်လည်း ဖရန့်ဖွတ်က ယူရိုသန်း ၁၀၀ စျေးသတ်မှတ်ခဲ့တာကြောင့် ပီအက်စ်ဂျီရော မန်ချက်စတာယူနိုက်တက်ပါ လက်ရှောင်သွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္ဟာ ခီလီယန္ အမ္ဘာေပက ပီအက္စ္ဂ်ီအသင္းမွာပဲ ဆက္ေနဖို႔ မ်ားေနၿပီျဖစ္တာေၾကာင့္ ပလန္ဘီကို စတင္စဥ္းစားေနၿပီျဖစ္ၿပီး ယခုေႏြရာသီ ပစ္မွတ္စာရင္းထဲမွာ ေလာ္တာ႐ို မာတီနက္ဇ္၊ ဗစ္တာ အိုဆီမန္နဲ႔ ကိုလို မူအာနီတို႔ကို ထည့္သြင္းခဲ့တယ္လို႔ သိရပါတယ္။

El Nacional ရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္ဟာ ယခုေႏြရာသီမွာ အသင္းကေန ထြက္ခြာသြားခဲ့တဲ့ ကာရင္ ဘန္ဇီးမားရဲ႕ ေနရာမွာ အစားထိုးေခၚယူမႈ ျပဳလုပ္ခ်င္ေနၿပီး ေက်ာနံပါတ္ ၉ မရွိဘဲ ရာသီသစ္ကို ယွဥ္ၿပိဳင္ကစားသြားခ်င္တဲ့ဆႏၵမရွိဘူးလို႔ သိရပါတယ္။

ရီးရဲလ္မက္ဒရစ္ဥကၠဌ ဖေလာ္ရန္တီႏို ပီးရက္ဇ္ဟာ အမ္ဘာေပကို ေခၚယူဖို႔အတြက္ အဆင္သင့္ လုပ္ထားခဲ့ေပမယ့္လည္း ျပင္သစ္တိုက္စစ္မႉးက ပီအက္စ္ဂ်ီအသင္းနဲ႔ပဲ ဆက္ေနေတာ့မွာျဖစ္တာေၾကာင့္ တျခားေ႐ြးခ်ယ္စရာေတြကို စဥ္းစားရေတာ့မွာ ျဖစ္ပါတယ္။

အင္တာမီလန္ၾကယ္ပြင့္တိုက္စစ္မႉး ေလာ္တာ႐ို မာတီနက္ဇ္ဟာ ရီးရဲလ္မက္ဒရစ္ရဲ႕ ပစ္မွတ္ေတြထဲက တစ္ဦးျဖစ္ၿပီး အာဂ်င္တီးနားတိုက္စစ္မႉးဟာ စီးရီးေအ ၁၇၃ ပြဲမွာ ၇၉ ဂိုးသြင္းယူႏိုင္ခဲ့တာေၾကာင့္ ပီးရက္ဇ္က ကမာၻ႔ဖလားခ်န္ပီယံဟာ အသင္းတိုက္စစ္ကို ဦးေဆာင္ႏိုင္စြမ္းရွိတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

အိုဆီမန္ကလည္း ၿပီးခဲ့တဲ့ရာသီ စီးရီးေအခ်န္ပီယံျဖစ္ခဲ့တဲ့ နာပိုလီအတြက္ အေကာင္းဆုံး ေျခစြမ္းကို ျပသခဲ့ၿပီးေနာက္ စီးရီးေအထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရာသီၿပီးဆုံးႏိုင္ခဲ့တာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ရဲ႕ ပစ္မွတ္စာရင္းထဲမွာ ပါဝင္လာတာ အံ့အားသင့္စရာမဟုတ္ေတာ့ပါဘူး။

ေနာက္ဆုံး ပစ္မွတ္ကေတာ့ ပီအက္စ္ဂ်ီက အမ္ဘာေပရဲ႕ ေနရာမွာ အစားထိုးေခၚယူမယ္လို႔ အသံထြက္ခဲ့တဲ့ ကိုလို မူအာနီျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ကလည္း ျပင္သစ္တိုက္စစ္မႉးကို စိတ္ဝင္စားေၾကာင္း ျပသခဲ့ေပမယ့္လည္း ဖရန႔္ဖြတ္က ယူ႐ိုသန္း ၁၀၀ ေစ်းသတ္မွတ္ခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီေရာ မန္ခ်က္စတာယူႏိုက္တက္ပါ လက္ေရွာင္သြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.