International World Cup

ဆောက်ဂိတ်နေရာမှာ အစားထိုးခံရနိုင်တဲ့သတင်းတွေကို အဖြေပေးခဲ့တဲ့ ဆာရီနာ ဗီးဂ်မန်း

ဆာရီနာ ဗီးဂ်မန်းက အင်္ဂလန်အမျိုးသမီးအသင်းကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ပို့ဆောင်ပေးနိုင်ခဲ့ပြီးနောက် နည်းပြရာထူးကို စွန့်ခွာဖို့ အစီအစဉ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

အသက် ၅၃ နှစ်အရွယ် နည်းပြဟာ တနင်္ဂနွေနေ့မှာ အင်္ဂလန်အမျိုးသမီးအသင်းကို သမိုင်းမှတ်တမ်းသစ် ရေးထိုးပေးနိုင်ဖို့အတွက် မျှော်လင့်နေတာဖြစ်ပြီး ဖီးလ်နဗီးလက်ထက်မှာ စိတ်ပျက်စရာဖြစ်ခဲ့တဲ့ အသင်းကို ပြီးခဲ့တဲ့နွေရာသီမှာ ယူရိုချန်ပီယံဖြစ်အောင် ပြောင်းလဲပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အက်ဖ်အေက လက်ရှိမှာ နာမည်ကြီး နည်းပြအလုပ်တွေ အများအပြား လစ်လပ်နေတာကြောင့် ဗီးဂ်မန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ တိုက်ပွဲဝင်နေရပြီး ကြာသပတေးနေ့က အက်ဖ်အေစီအီးအို မာ့ခ် ဘူလင်ဟမ်က ဒတ်ချ်လူမျိုး အမျိုးသမီးနည်းပြကို အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါးရတ် ဆောက်ဂိတ် ရာထူးကနေ ထွက်ခွာသွားရင် အစားထိုးခန့်အပ်ဖို့တောင် စဉ်းစားနေတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆာရီနာ ဗီးဂ်မန်းက လက်ရှိ အင်္ဂလန်အမျိုးသမီးအသင်းနည်းပြအလုပ်အပေါ်မှာ အပြည့်အဝ အာရုံစိုက်ထားပြီး စပိန်နဲ့ ကစားရမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်မ အင်္ဂလန်နဲ့ ဆက်ပြီး နေချင်ပါတယ်။ ကျွန်မအလုပ်နဲ့ပတ်သက်ပြီး အရမ်းပျော်ရွှင်မိပါတယ်။ အက်ဖ်အေက ကျွန်မကို ဆက်ဆံတဲ့ပုံစံကြောင့်လည်း ပျော်ရွှင်မိပါတယ်။ ကျွန်မ စပိန်နဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဆာရီနာ ဗီးဂ္မန္းက အဂၤလန္အမ်ိဳးသမီးအသင္းကို ကမာၻ႔ဖလား ဗိုလ္လုပြဲကို ပို႔ေဆာင္ေပးႏိုင္ခဲ့ၿပီးေနာက္ နည္းျပရာထူးကို စြန႔္ခြာဖို႔ အစီအစဥ္မရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၅၃ ႏွစ္အ႐ြယ္ နည္းျပဟာ တနဂၤေႏြေန႔မွာ အဂၤလန္အမ်ိဳးသမီးအသင္းကို သမိုင္းမွတ္တမ္းသစ္ ေရးထိုးေပးႏိုင္ဖို႔အတြက္ ေမွ်ာ္လင့္ေနတာျဖစ္ၿပီး ဖီးလ္နဗီးလက္ထက္မွာ စိတ္ပ်က္စရာျဖစ္ခဲ့တဲ့ အသင္းကို ၿပီးခဲ့တဲ့ေႏြရာသီမွာ ယူ႐ိုခ်န္ပီယံျဖစ္ေအာင္ ေျပာင္းလဲေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

အက္ဖ္ေအက လက္ရွိမွာ နာမည္ႀကီး နည္းျပအလုပ္ေတြ အမ်ားအျပား လစ္လပ္ေနတာေၾကာင့္ ဗီးဂ္မန္းကို ဆက္လက္ထိန္းသိမ္းထားႏိုင္ဖို႔ တိုက္ပြဲဝင္ေနရၿပီး ၾကာသပေတးေန႔က အက္ဖ္ေအစီအီးအို မာ့ခ္ ဘူလင္ဟမ္က ဒတ္ခ်္လူမ်ိဳး အမ်ိဳးသမီးနည္းျပကို အဂၤလန္လက္ေ႐ြးစင္နည္းျပ ဂါးရတ္ ေဆာက္ဂိတ္ ရာထူးကေန ထြက္ခြာသြားရင္ အစားထိုးခန႔္အပ္ဖို႔ေတာင္ စဥ္းစားေနတယ္လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဆာရီနာ ဗီးဂ္မန္းက လက္ရွိ အဂၤလန္အမ်ိဳးသမီးအသင္းနည္းျပအလုပ္အေပၚမွာ အျပည့္အဝ အာ႐ုံစိုက္ထားၿပီး စပိန္နဲ႔ ကစားရမယ့္ ကမာၻ႔ဖလားဗိုလ္လုပြဲအတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္မ အဂၤလန္နဲ႔ ဆက္ၿပီး ေနခ်င္ပါတယ္။ ကြၽန္မအလုပ္နဲ႔ပတ္သက္ၿပီး အရမ္းေပ်ာ္႐ႊင္မိပါတယ္။ အက္ဖ္ေအက ကြၽန္မကို ဆက္ဆံတဲ့ပုံစံေၾကာင့္လည္း ေပ်ာ္႐ႊင္မိပါတယ္။ ကြၽန္မ စပိန္နဲ႔ပြဲအတြက္ အဆင္သင့္ျဖစ္ေနပါၿပီ။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.