Match Report Premier League

ချဲလ်ဆီးနဲ့ ပိုချက်ကို ဘောလုံးပေးကိုင်ပြီး နိုင်ပွဲယူသွားတဲ့ မွိုက်စ်ရဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အာရီယိုးလား၊ ခံစစ်မှာ အာဂွါဒ်၊ ဇူးမား၊ ဆိုဖာလ်နဲ့ အီမာဆန်တို့ကို အသုံးပြုပြီး ကွင်းလယ်မှာတော့ ဆိုးချက်ခ်၊ လူသစ် ဝါ့ဒ်-ပရောက်စ်၊ ပါကေးတာ၊ ဘိုဝင်နဲ့ ဘင်ရာမာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီယို တစ်ဦးတည်းကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ချဲလ်ဆီးတို့ကတော့ ဂိုးသမား ရောဘတ် ဆန်ချက်ဇ်၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ ဒီဆာဆီနဲ့ ကောလ်ဝီလ်တို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ဂါလာဂါ၊ အန်ဇို ဖာနန်ဒက်ဇ်၊ ဂူစတိုနဲ့ ချေးလ်ဝဲလ်တို့ကို တွဲဖက်ပေးခဲ့ပြီး တိုက်စစ်မှာတော့ စတာလင်၊ ချူကွယ်မီကာနဲ့ ဂျက်ဆန်တို့ကို ပွဲထုတ်လာခဲ့တာပါ။

ကိုင်စီဒိုနဲ့ လာဗီယာကို ခေါ်ပြီးတော့ မသုံးဘဲနဲ့ ၃-၄-၃ လိုလို ၃-၅-၁-၁ လိုလို လုပ်တဲ့ ပိုချက်တီနိုရဲ့ အတွေးအခေါ်ကတော့ ချဲလ်ဆီးပရိသတ်တွေ ဟင်ခနဲ ဖြစ်ခဲ့ရပြီး အသင်းကြီးတစ်သင်းရဲ့ သတ္တိနဲ့ ယုံကြည်မှုမျိုး ရှိမနေတာကို တွေ့ခဲ့ရသလို ဝက်စ်ဟမ်းကို ဖိကစားပြီး ဂိုးသွင်းမယ်ဆိုတာထက် ပွဲကို ထိန်းချုပ်ပြီး အမှားမရှိအောင် ကစားမယ်ဆိုတဲ့ ပုံစံကိုပဲ တွေ့ခဲ့ရချိန်မှာ ဒေးဗစ်မွိုက်စ်ကတော့ ပျော်ပျော်ကြီး ဘောလုံးပေးကိုင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇ မိနစ်မှာ ဝက်စ်ဟမ်းတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး သူတို့ရဲ့ ညာခြမ်းမှာ ဒုတိယအကြိမ်မြောက် ရတဲ့ ထောင့်ကန်ဘောကနေ ဝါ့ဒ်-ပရောက်စ်ရဲ့ စပယ်ရှယ် ဒလီဗာရီနဲ့ ပို့ပေးတဲ့ ဘောလုံးကို နောက်ခံလူ အာဂွါဒ်က အဝေးတိုင်ဘက်ကနေ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ပြီး သွင်းယူသွားနိုင်ခဲ့တာပါ။

ပိုချက်တီနိုအနေနဲ့ ရာသီကြိုက မူဒရစ်ခ်နဲ့တွဲပြီး ခြေစွမ်းပြခဲ့တာကိုမှ မထောက်ထားဘဲ ဂျက်ဆန်ကို တိုက်စစ်မှာ တစ်ယောက်တည်း အထီးကျန်နေစေခဲ့သလို ချဲလ်ဆီးတိုက်စစ်က စတာလင်ရဲ့ လျှောက်ပြေးမှုတွေကပဲ အဓိကဖြစ်နေခဲ့ပြီး ဒိုင်လူကြီး ဂျွန် ဘရွတ်ခ်စ်ကတော့ ၅၀-၅၀ အနေအထားတွေမှာ ချဲလ်ဆီးဘက်ကို အရေးသာစေမယ့် ဆုံးဖြတ်ချက်မျိုးတွေ ချမှတ်နေခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာတော့ ချဲလ်ဆီးတို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ချေးလ်ဝဲလ်ရဲ့ အနိမ့်ဘော ဖြတ်တင်မှုကို ဇူးမား ရှင်းထုတ်ရာမှာ ပြန်ကျလာတဲ့ ဘောလုံးကို ဧရိယာထဲမှာ ရသွားခဲ့တဲ့ ချူကွယ်မီကာက တစ်ကိုယ်တော်ခြေစွမ်းနဲ့ ဝက်စ်ဟမ်းခံစစ်တွေကြားကနေ ကန်သွင်းယူနိုင်ခဲ့လို့ တစ်ဂိုးစီသရေဖြစ်နေခဲ့တာပါ။

ပွဲချိန် ၄၁ မိနစ်မှာတော့ စတာလင်ရဲ့ တစ်ကိုယ်တော်ထိုးဖောက်မှုကို ဧရိယာအစပ်မှာ ခြေချိတ်လှဲခဲ့မိတဲ့ ဆိုးချက်ခ်ကြောင့် ဒိုင်လူကြီး ဘရွတ်ခ်စ်က ပင်နယ်တီ ပေးခဲ့သလို VAR ကပါ အတည်ပြုခဲ့အပြီးမှာတော့ ဒီအခွင့်အရေးကို ကန်နေကျလူတွေ မရှိတော့တာကြောင့် တာဝန်ယူသူအသစ် ဖြစ်လာတဲ့ အန်ဇို ဖာနန်ဒက်ဇ်က ကန်သွင်းရာမှာ ဂိုးသမား အာရီယိုးလားက ပုတ်ထုတ်သွားနိုင်ခဲ့လို့ ချဲလ်ဆီးတို့ ရင်ခံခဲ့ရပါတယ်။

ပထမပိုင်းမှာတော့ ချဲလ်ဆီးတို့တွေ အခွင့်အရေးတွေကို ထပ်မံအသုံးချနိုင်ခြင်း မရှိတာကြောင့် တစ်ဂိုးစီ သရေကျနေခဲ့ကြပြီး အရန်ခုံမှာ တိုက်စစ်မှူး တစ်ဦးမှ ပါမလာချိန်မှာ ပိုချက်တီနိုအနေနဲ့ ဂျက်ဆန် အခြေအနေ မကောင်းရင်တောင် ဘာလုပ်ရမှန်း မသိနိုင်ချိန်မှာ ဒုတိယပိုင်း ပြန်အစမှာတော့ ဂိုးသွင်းရှင် ချူကွယ်မီကာအစား မူဒရစ်ခ်ကို ထည့်သွင်းလာခဲ့တာပါ။

ပွဲချိန် ၅၃ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ပဲ ဦးဆောင်ဂိုး ထပ်မံသွင်းယူသွားခဲ့သလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ရှုပ်ယှက်ခတ်နေတဲ့ကြားက ဝါ့ဒ်-ပရောက်စ်က ရှေ့ကို လှမ်းခင်းပေးရာမှာ ဆယ်လီကို လက်ဆွဲနှုတ်ဆက်တဲ့ ပုံစံမျိုးလောက်နဲ့ အဖျက်ကစားနေတဲ့ ကောလ်ဝီလ်နဲ့ ဒီဆာဆီတို့ကြားကနေ အန်တိုနီယိုက ရုန်းထွက်ပြီး ဧရိယာထိပ်ကနေ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား လက်နဲ့ ရှပ်ထိပြီး ဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာတော့ ချဲလ်ဆီးတို့ဘက်က ချေးလ်ဝဲလ်အစား ကိုင်စီဒိုကို ထည့်သွင်းပြီး နားလည်ရခက်တဲ့ အပြောင်းအလဲကို ပိုချက်တီနိုက ပြုလုပ်သွားခဲ့သလို ပွဲချိန် ၆၇ မိနစ်မှာတော့ ခပ်တုံးတုံးပုံစံနဲ့ မလိုအပ်ဘဲ ဂျက်ဆန်ကို ခြေချိတ်လှဲတဲ့ နောက်ခံလူ အာဂွါဒ် နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရလို့ ဝက်စ်ဟမ်းတို့ဘက်က ဘင်ရာမာအစား အော့ဘွန်နာကို ထည့်ပြီး တစ်ယောက်လျော့နဲ့ တောင့်ခံသွားခဲ့ရတာပါ။

ပွဲချိန် ၇၁ မိနစ်မှာ ပါကေးတာကို ရင်ဘတ်ကနေ တွန်းလှဲတဲ့ ဂါလာဂါကို ဘာကတ်မှ မပြခဲ့တာကတော့ ဘောလုံးပွဲကြည့် ပရိသတ်တွေအတွက် အံ့ဖွယ်သုတဖြစ်ခဲ့ရပြီး ချဲလ်ဆီးတို့ကတော့ သူ့အစား မာဒူးကီကို ထည့်ပြီး အပြောင်းအလဲလုပ်ခဲ့ချိန်မှာ ဝက်စ်ဟမ်းတို့ကတော့ အန်တိုနီယိုနဲ့ ဝါ့ဒ်-ပရောက်စ်တို့အစား ဖော်နယ်လ်စ်နဲ့ လူသစ် အယ်လ်ဗာရက်ဇ်တို့ကို လဲပြီး ကွင်းလယ်ခိုင်အောင် ပြုပြင်သွားခဲ့ပါတယ်။

ဒီနောက်မှာတော့ ချဲလ်ဆီးတို့ဘက်က နောက်ခံလူ ဂူစတိုအစား ချာလ်တန်လို ပထမတန်းမှာတောင် ဂိုးမသွင်းတတ်တဲ့ လူငယ်တိုက်စစ်မှူး ဘားစတိုးကို ထည့်သွင်းခဲ့လို့ ငိုအားထက် ရယ်အားသန်ဖြစ်ခဲ့ရပြီး ဝက်စ်ဟမ်းတို့ကတော့ ဘောလုံးပိုင်ဆိုင်မှု ၂၄ ရာခိုင်နှုန်းနဲ့ ကောင်တာတွေကိုပဲ အားပြုခဲ့သလို ညာနောက်ခံ ပြောင်းကစားနေတဲ့ ကိုင်စီဒိုကတော့ တစ်ချက်အရောင်းမှာ ဖော်နယ်လ်စ် ကန်တာ ဂိုးမဖြစ်ခဲ့လို့ သက်သာသွားခဲ့တာပါ။

နာကျင်အချိန်ပို ၉၅ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ အနိုင်သေချာစေမယ့် တတိယဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်မှာ ရောင်းဖို့ ကြိုးစားနေတဲ့ ကိုင်စီဒိုက အီမာဆန်ကို ဘောလုံးမထိဘဲ ဧရိယာထဲမှာ ခြေထောက်ကို ဖျက်မိတာကနေ ရခဲ့တဲ့ ပင်နယ်တီကို ကွင်းလယ်လူ ပါကေးတာက စိတ်ရှည်လက်ရှည် အချိန်ယူပြီးမှာ ဂိုးသမား ဆန်ချက်ဇ်ကို အနိုင်ယူကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ပိုချက်တီနိုရဲ့ လုပ်ရဲကိုင်ရဲ မရှိတဲ့ အီလည်လည် ချဲလ်ဆီးတို့ကို မော်ရင်ညိုအသစ်ဖြစ်နေတဲ့ ဒေးဗစ်မွိုက်စ်ရဲ့ ဝက်စ်ဟမ်းတို့က သုံးဂိုး-တစ်ဂိုးနဲ့ ထိုက်ထိုက်တန်တန် အနိုင်ယူသွားခဲ့ပြီး လန်ဒန်ဒါဘီမှာ အောင်ပွဲခံသွားခဲ့ကြသလို အမှတ်ပေးဇယားရဲ့ အဆင့် ၆ ဆီ တက်လှမ်းလာနိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝက္စ္ဟမ္းအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အာရီယိုးလား၊ ခံစစ္မွာ အာဂြါဒ္၊ ဇူးမား၊ ဆိုဖာလ္နဲ႔ အီမာဆန္တို႔ကို အသုံးျပဳၿပီး ကြင္းလယ္မွာေတာ့ ဆိုးခ်က္ခ္၊ လူသစ္ ဝါ့ဒ္-ပေရာက္စ္၊ ပါေကးတာ၊ ဘိုဝင္နဲ႔ ဘင္ရာမာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အန္တိုနီယို တစ္ဦးတည္းကို တင္ကစားလာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ခ်ဲလ္ဆီးတို႔ကေတာ့ ဂိုးသမား ေရာဘတ္ ဆန္ခ်က္ဇ္၊ ခံစစ္မွာ သီယာဂို ေဆးလ္ဗား၊ ဒီဆာဆီနဲ႔ ေကာလ္ဝီလ္တို႔ကို အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ ဂါလာဂါ၊ အန္ဇို ဖာနန္ဒက္ဇ္၊ ဂူစတိုနဲ႔ ေခ်းလ္ဝဲလ္တို႔ကို တြဲဖက္ေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ စတာလင္၊ ခ်ဴကြယ္မီကာနဲ႔ ဂ်က္ဆန္တို႔ကို ပြဲထုတ္လာခဲ့တာပါ။

ကိုင္စီဒိုနဲ႔ လာဗီယာကို ေခၚၿပီးေတာ့ မသုံးဘဲနဲ႔ ၃-၄-၃ လိုလို ၃-၅-၁-၁ လိုလို လုပ္တဲ့ ပိုခ်က္တီႏိုရဲ႕ အေတြးအေခၚကေတာ့ ခ်ဲလ္ဆီးပရိသတ္ေတြ ဟင္ခနဲ ျဖစ္ခဲ့ရၿပီး အသင္းႀကီးတစ္သင္းရဲ႕ သတၱိနဲ႔ ယုံၾကည္မႈမ်ိဳး ရွိမေနတာကို ေတြ႕ခဲ့ရသလို ဝက္စ္ဟမ္းကို ဖိကစားၿပီး ဂိုးသြင္းမယ္ဆိုတာထက္ ပြဲကို ထိန္းခ်ဳပ္ၿပီး အမွားမရွိေအာင္ ကစားမယ္ဆိုတဲ့ ပုံစံကိုပဲ ေတြ႕ခဲ့ရခ်ိန္မွာ ေဒးဗစ္မြိဳက္စ္ကေတာ့ ေပ်ာ္ေပ်ာ္ႀကီး ေဘာလုံးေပးကိုင္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇ မိနစ္မွာ ဝက္စ္ဟမ္းတို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး သူတို႔ရဲ႕ ညာျခမ္းမွာ ဒုတိယအႀကိမ္ေျမာက္ ရတဲ့ ေထာင့္ကန္ေဘာကေန ဝါ့ဒ္-ပေရာက္စ္ရဲ႕ စပယ္ရွယ္ ဒလီဗာရီနဲ႔ ပို႔ေပးတဲ့ ေဘာလုံးကို ေနာက္ခံလူ အာဂြါဒ္က အေဝးတိုင္ဘက္ကေန လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္ၿပီး သြင္းယူသြားႏိုင္ခဲ့တာပါ။

ပိုခ်က္တီႏိုအေနနဲ႔ ရာသီႀကိဳက မူဒရစ္ခ္နဲ႔တြဲၿပီး ေျခစြမ္းျပခဲ့တာကိုမွ မေထာက္ထားဘဲ ဂ်က္ဆန္ကို တိုက္စစ္မွာ တစ္ေယာက္တည္း အထီးက်န္ေနေစခဲ့သလို ခ်ဲလ္ဆီးတိုက္စစ္က စတာလင္ရဲ႕ ေလွ်ာက္ေျပးမႈေတြကပဲ အဓိကျဖစ္ေနခဲ့ၿပီး ဒိုင္လူႀကီး ဂြၽန္ ဘ႐ြတ္ခ္စ္ကေတာ့ ၅၀-၅၀ အေနအထားေတြမွာ ခ်ဲလ္ဆီးဘက္ကို အေရးသာေစမယ့္ ဆုံးျဖတ္ခ်က္မ်ိဳးေတြ ခ်မွတ္ေနခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ေခ်ပဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းတိုက္စစ္ကေန ေခ်းလ္ဝဲလ္ရဲ႕ အနိမ့္ေဘာ ျဖတ္တင္မႈကို ဇူးမား ရွင္းထုတ္ရာမွာ ျပန္က်လာတဲ့ ေဘာလုံးကို ဧရိယာထဲမွာ ရသြားခဲ့တဲ့ ခ်ဴကြယ္မီကာက တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ဝက္စ္ဟမ္းခံစစ္ေတြၾကားကေန ကန္သြင္းယူႏိုင္ခဲ့လို႔ တစ္ဂိုးစီသေရျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ စတာလင္ရဲ႕ တစ္ကိုယ္ေတာ္ထိုးေဖာက္မႈကို ဧရိယာအစပ္မွာ ေျခခ်ိတ္လွဲခဲ့မိတဲ့ ဆိုးခ်က္ခ္ေၾကာင့္ ဒိုင္လူႀကီး ဘ႐ြတ္ခ္စ္က ပင္နယ္တီ ေပးခဲ့သလို VAR ကပါ အတည္ျပဳခဲ့အၿပီးမွာေတာ့ ဒီအခြင့္အေရးကို ကန္ေနက်လူေတြ မရွိေတာ့တာေၾကာင့္ တာဝန္ယူသူအသစ္ ျဖစ္လာတဲ့ အန္ဇို ဖာနန္ဒက္ဇ္က ကန္သြင္းရာမွာ ဂိုးသမား အာရီယိုးလားက ပုတ္ထုတ္သြားႏိုင္ခဲ့လို႔ ခ်ဲလ္ဆီးတို႔ ရင္ခံခဲ့ရပါတယ္။

ပထမပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔ေတြ အခြင့္အေရးေတြကို ထပ္မံအသုံးခ်ႏိုင္ျခင္း မရွိတာေၾကာင့္ တစ္ဂိုးစီ သေရက်ေနခဲ့ၾကၿပီး အရန္ခုံမွာ တိုက္စစ္မႉး တစ္ဦးမွ ပါမလာခ်ိန္မွာ ပိုခ်က္တီႏိုအေနနဲ႔ ဂ်က္ဆန္ အေျခအေန မေကာင္းရင္ေတာင္ ဘာလုပ္ရမွန္း မသိႏိုင္ခ်ိန္မွာ ဒုတိယပိုင္း ျပန္အစမွာေတာ့ ဂိုးသြင္းရွင္ ခ်ဴကြယ္မီကာအစား မူဒရစ္ခ္ကို ထည့္သြင္းလာခဲ့တာပါ။

ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ဝက္စ္ဟမ္းတို႔ပဲ ဦးေဆာင္ဂိုး ထပ္မံသြင္းယူသြားခဲ့သလို ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ရႈပ္ယွက္ခတ္ေနတဲ့ၾကားက ဝါ့ဒ္-ပေရာက္စ္က ေရွ႕ကို လွမ္းခင္းေပးရာမွာ ဆယ္လီကို လက္ဆြဲႏႈတ္ဆက္တဲ့ ပုံစံမ်ိဳးေလာက္နဲ႔ အဖ်က္ကစားေနတဲ့ ေကာလ္ဝီလ္နဲ႔ ဒီဆာဆီတို႔ၾကားကေန အန္တိုနီယိုက ႐ုန္းထြက္ၿပီး ဧရိယာထိပ္ကေန အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ဂိုးသမား လက္နဲ႔ ရွပ္ထိၿပီး ဝင္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ဘက္က ေခ်းလ္ဝဲလ္အစား ကိုင္စီဒိုကို ထည့္သြင္းၿပီး နားလည္ရခက္တဲ့ အေျပာင္းအလဲကို ပိုခ်က္တီႏိုက ျပဳလုပ္သြားခဲ့သလို ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ ခပ္တုံးတုံးပုံစံနဲ႔ မလိုအပ္ဘဲ ဂ်က္ဆန္ကို ေျခခ်ိတ္လွဲတဲ့ ေနာက္ခံလူ အာဂြါဒ္ ႏွစ္ဝါတစ္နီနဲ႔ အထုတ္ခံခဲ့ရလို႔ ဝက္စ္ဟမ္းတို႔ဘက္က ဘင္ရာမာအစား ေအာ့ဘြန္နာကို ထည့္ၿပီး တစ္ေယာက္ေလ်ာ့နဲ႔ ေတာင့္ခံသြားခဲ့ရတာပါ။

ပြဲခ်ိန္ ၇၁ မိနစ္မွာ ပါေကးတာကို ရင္ဘတ္ကေန တြန္းလွဲတဲ့ ဂါလာဂါကို ဘာကတ္မွ မျပခဲ့တာကေတာ့ ေဘာလုံးပြဲၾကည့္ ပရိသတ္ေတြအတြက္ အံ့ဖြယ္သုတျဖစ္ခဲ့ရၿပီး ခ်ဲလ္ဆီးတို႔ကေတာ့ သူ႔အစား မာဒူးကီကို ထည့္ၿပီး အေျပာင္းအလဲလုပ္ခဲ့ခ်ိန္မွာ ဝက္စ္ဟမ္းတို႔ကေတာ့ အန္တိုနီယိုနဲ႔ ဝါ့ဒ္-ပေရာက္စ္တို႔အစား ေဖာ္နယ္လ္စ္နဲ႔ လူသစ္ အယ္လ္ဗာရက္ဇ္တို႔ကို လဲၿပီး ကြင္းလယ္ခိုင္ေအာင္ ျပဳျပင္သြားခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ ခ်ဲလ္ဆီးတို႔ဘက္က ေနာက္ခံလူ ဂူစတိုအစား ခ်ာလ္တန္လို ပထမတန္းမွာေတာင္ ဂိုးမသြင္းတတ္တဲ့ လူငယ္တိုက္စစ္မႉး ဘားစတိုးကို ထည့္သြင္းခဲ့လို႔ ငိုအားထက္ ရယ္အားသန္ျဖစ္ခဲ့ရၿပီး ဝက္စ္ဟမ္းတို႔ကေတာ့ ေဘာလုံးပိုင္ဆိုင္မႈ ၂၄ ရာခိုင္ႏႈန္းနဲ႔ ေကာင္တာေတြကိုပဲ အားျပဳခဲ့သလို ညာေနာက္ခံ ေျပာင္းကစားေနတဲ့ ကိုင္စီဒိုကေတာ့ တစ္ခ်က္အေရာင္းမွာ ေဖာ္နယ္လ္စ္ ကန္တာ ဂိုးမျဖစ္ခဲ့လို႔ သက္သာသြားခဲ့တာပါ။

နာက်င္အခ်ိန္ပို ၉၅ မိနစ္မွာေတာ့ ဝက္စ္ဟမ္းတို႔ အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္မွာ ေရာင္းဖို႔ ႀကိဳးစားေနတဲ့ ကိုင္စီဒိုက အီမာဆန္ကို ေဘာလုံးမထိဘဲ ဧရိယာထဲမွာ ေျခေထာက္ကို ဖ်က္မိတာကေန ရခဲ့တဲ့ ပင္နယ္တီကို ကြင္းလယ္လူ ပါေကးတာက စိတ္ရွည္လက္ရွည္ အခ်ိန္ယူၿပီးမွာ ဂိုးသမား ဆန္ခ်က္ဇ္ကို အႏိုင္ယူကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ပိုခ်က္တီႏိုရဲ႕ လုပ္ရဲကိုင္ရဲ မရွိတဲ့ အီလည္လည္ ခ်ဲလ္ဆီးတို႔ကို ေမာ္ရင္ညိဳအသစ္ျဖစ္ေနတဲ့ ေဒးဗစ္မြိဳက္စ္ရဲ႕ ဝက္စ္ဟမ္းတို႔က သုံးဂိုး-တစ္ဂိုးနဲ႔ ထိုက္ထိုက္တန္တန္ အႏိုင္ယူသြားခဲ့ၿပီး လန္ဒန္ဒါဘီမွာ ေအာင္ပြဲခံသြားခဲ့ၾကသလို အမွတ္ေပးဇယားရဲ႕ အဆင့္ ၆ ဆီ တက္လွမ္းလာႏိုင္ခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.