Premier League

စပါးစ်ထက် ပိုကောင်းခဲ့တယ်လို့ သဘောတူခဲ့တဲ့ အိုနာနာနဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ တန်ဟက်နဲ့ ဂိုးသမား အိုနာနာတို့ဟာ တော့တင်ဟမ်ဟော့စပါးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ပေမယ့်လည်း ဂိုးသွင်းနိုင်မယ့် အခွင့်အရေးတွေကို လွဲချော်ခဲ့တဲ့ ကစားသမားတွေကြောင့် ရှုံးနိမ့်ခဲ့တာလို့ အပြစ်တင်ခဲ့ကြပါတယ်။

စပါးစ်ဟာ မန်ချက်စတာယူနိုက်တက်ကို ပါပီ မာတာ ဆားနဲ့ လီဆန်ဒရို မာတီနက်ဇ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ သွင်းဂိုးကြောင့် မြောက်လန်ဒန်မှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး တန်ဟက်ရဲ့အသင်းဟာ ပထမပိုင်းမှာ တော်တော်လေးကောင်းမွန်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ တော်တော်လေး ခြေစွမ်းပိုင်း ဆိုးရွားသွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်က ပွဲစဉ်တလျှောက်လုံး ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပြီး စပါးစ်ဂိုးသမား ဗီကာရီယိုက ရက်ရှ်ဖို့ဒ်နဲ့ ကာစီမီရိုတို့ရဲ့ အပိုင်ဂိုးသွင်းယူမှုတွေကို ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ အကြီးမားဆုံး ဂိုးသွင်းခွင့်ကတော့ ဘရူနို ဖာနန်ဒက်စ်က ဂိုးရှေ့မှာ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့် ရရှိခဲ့ချိန်မှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ရဲ့ ခေါင်းတိုက်ချက်က တော်တော်လေးကို လွဲချော်သွားခဲ့တာဖြစ်ပါတယ်။

ဂိုးသမားအိုနာနာက မန်ချက်စတာယူနိုက်တက်ဟာ တော့တင်ဟမ်ဟော့စပါးထက် ပိုမို ညံ့ဖျင်းတဲ့အသင်းမဟုတ်ခဲ့ဘူးလို့ ပြောဆိုခဲ့ပြီး အသင်းဖော်တွေက အခွင့်အရေးတွေကို အသုံးမချနိုင်လို့သာ ရှုံးခဲ့တာလို့ ပြစ်တင်ခဲ့ပါတယ်။

“သူတို့တွေက ကျွန်တော်တို့ထက် ပိုကောင်းခဲ့တယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့ ဒုတိယပိုင်းမှာ အမှားအချို့ လုပ်ခဲ့တယ်။ ဒါပေမယ့် ဘောလုံးက တစ်ပိုင်းတည်း ကစားရတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ကောင်းကောင်း စတင်နိုင်ခဲ့တယ်။ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ ဂိုးမသွင်းနိုင်ခဲ့ဘူး။ ကျွန်တော်တို့သာ ဂိုးသွင်းနိုင်ခဲ့ရင် မတူညီတဲ့ပွဲစဉ်ဖြစ်ပါလိမ့်မယ်။ ဘောလုံးက ဂိုးသွင်းယူဖို့ အဓိကဖြစ်ပြီး ကျွန်တော်တို့မှာ ကြီးမားတဲ့ အခွင့်အရေးအချို့ ရှိခဲ့တယ်။ ကျွန်တော်တို့ ဆက်ပြီး အလုပ်လုပ်သွားရမှာပါ။ အားလုံး အတူတူ လုပ်ဆောင်သွားရမှာဖြစ်ပြီး ကျွန်တော်တို့က အသင်းကြီးတစ်သင်းပါ။ ခက်ခဲတဲ့အချိန်တွေက ဘောလုံးမှာတင်မဟုတ်ဘဲ ဘဝမှာလည်း ရောက်လာမှာပါ။ ကျွန်တော်တို့ စိတ်အေးအေးထားပြီး ယုံကြည်မှု ဆက်ထားရမှာပါ။ ကျွန်တော် တကယ် ယုံကြည်ချက်ရှိပါတယ်။ ဒီနေ့တော့ ကံဆိုးစွာနဲ့ပဲ ကျွန်တော်တို့ အနိုင်မရခဲ့ဘူး။ ဒါပေမယ့် ကျွန်တော် အကောင်းမြင်စိတ်ရှိပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ တန်ဟက်ကလည်း စိတ်ပျက်ဖွယ်ရလဒ်ဖြစ်ခဲ့ပေမယ့်လည်း စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဂိုးရှေ့မှာ အညှာအတာကင်းမဲ့မှု မရှိခဲ့တဲ့အပေါ်မှာသာ ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ပထမပိုင်းကို နှစ်သက်ခဲ့တယ်။ အရမ်းကောင်းတဲ့စွမ်းဆောင်ရည်ပါ။ ဒါပေမယ့် ကျွန်တော်တို့ ဂိုးသွင်းရမယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်။ တကယ်ကောင်းမွန်တဲ့ ဖိအားပေးမှုတွေနဲ့ ဂိုးသွင်းဖို့ အခွင့်အရေးတွေ အများကြီး ပိုင်ဆိုင်ခဲ့တယ်။ ခင်ဗျား ရှုံးနိမ့်တဲ့အခါမှာ ဘယ်တော့မှ ကောင်းမွန်မှာမဟုတ်ပါဘူး။ ခင်ဗျား မှန်ထဲမှာ ပြန်ကြည့်ရမယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂိုးသွင်းယူရမယ်။ သွင်းဂိုးတွေ ရယူပြီး ပရိသတ်အုပ်ကြီးကို တိတ်ဆိတ်သွားအောင် လုပ်ရမယ်။ ပထမပိုင်းတုန်းက ကွင်းထဲမှာ အသံတွေ တော်တော်လေး တိတ်နေခဲ့ပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္နည္းျပ တန္ဟက္နဲ႔ ဂိုးသမား အိုနာနာတို႔ဟာ ေတာ့တင္ဟမ္ေဟာ့စပါးကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္က ေကာင္းေကာင္း စြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္လည္း ဂိုးသြင္းႏိုင္မယ့္ အခြင့္အေရးေတြကို လြဲေခ်ာ္ခဲ့တဲ့ ကစားသမားေတြေၾကာင့္ ရႈံးနိမ့္ခဲ့တာလို႔ အျပစ္တင္ခဲ့ၾကပါတယ္။

စပါးစ္ဟာ မန္ခ်က္စတာယူႏိုက္တက္ကို ပါပီ မာတာ ဆားနဲ႔ လီဆန္ဒ႐ို မာတီနက္ဇ္ရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တဲ့ သြင္းဂိုးေၾကာင့္ ေျမာက္လန္ဒန္မွာ ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး တန္ဟက္ရဲ႕အသင္းဟာ ပထမပိုင္းမွာ ေတာ္ေတာ္ေလးေကာင္းမြန္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ေတာ္ေတာ္ေလး ေျခစြမ္းပိုင္း ဆိုး႐ြားသြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္က ပြဲစဥ္တေလွ်ာက္လုံး ဂိုးသြင္းယူႏိုင္မယ့္ အခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့ၿပီး စပါးစ္ဂိုးသမား ဗီကာရီယိုက ရက္ရွ္ဖို႔ဒ္နဲ႔ ကာစီမီ႐ိုတို႔ရဲ႕ အပိုင္ဂိုးသြင္းယူမႈေတြကို ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အႀကီးမားဆုံး ဂိုးသြင္းခြင့္ကေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္က ဂိုးေရွ႕မွာ လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္ခြင့္ ရရွိခဲ့ခ်ိန္မွာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ရဲ႕ ေခါင္းတိုက္ခ်က္က ေတာ္ေတာ္ေလးကို လြဲေခ်ာ္သြားခဲ့တာျဖစ္ပါတယ္။

ဂိုးသမားအိုနာနာက မန္ခ်က္စတာယူႏိုက္တက္ဟာ ေတာ့တင္ဟမ္ေဟာ့စပါးထက္ ပိုမို ညံ့ဖ်င္းတဲ့အသင္းမဟုတ္ခဲ့ဘူးလို႔ ေျပာဆိုခဲ့ၿပီး အသင္းေဖာ္ေတြက အခြင့္အေရးေတြကို အသုံးမခ်ႏိုင္လို႔သာ ရႈံးခဲ့တာလို႔ ျပစ္တင္ခဲ့ပါတယ္။

“သူတို႔ေတြက ကြၽန္ေတာ္တို႔ထက္ ပိုေကာင္းခဲ့တယ္လို႔ မထင္ပါဘူး။ ကြၽန္ေတာ္တို႔ ဒုတိယပိုင္းမွာ အမွားအခ်ိဳ႕ လုပ္ခဲ့တယ္။ ဒါေပမယ့္ ေဘာလုံးက တစ္ပိုင္းတည္း ကစားရတာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ေကာင္းေကာင္း စတင္ႏိုင္ခဲ့တယ္။ အခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့ေပမယ့္ ကံဆိုးစြာနဲ႔ ဂိုးမသြင္းႏိုင္ခဲ့ဘူး။ ကြၽန္ေတာ္တို႔သာ ဂိုးသြင္းႏိုင္ခဲ့ရင္ မတူညီတဲ့ပြဲစဥ္ျဖစ္ပါလိမ့္မယ္။ ေဘာလုံးက ဂိုးသြင္းယူဖို႔ အဓိကျဖစ္ၿပီး ကြၽန္ေတာ္တို႔မွာ ႀကီးမားတဲ့ အခြင့္အေရးအခ်ိဳ႕ ရွိခဲ့တယ္။ ကြၽန္ေတာ္တို႔ ဆက္ၿပီး အလုပ္လုပ္သြားရမွာပါ။ အားလုံး အတူတူ လုပ္ေဆာင္သြားရမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔က အသင္းႀကီးတစ္သင္းပါ။ ခက္ခဲတဲ့အခ်ိန္ေတြက ေဘာလုံးမွာတင္မဟုတ္ဘဲ ဘဝမွာလည္း ေရာက္လာမွာပါ။ ကြၽန္ေတာ္တို႔ စိတ္ေအးေအးထားၿပီး ယုံၾကည္မႈ ဆက္ထားရမွာပါ။ ကြၽန္ေတာ္ တကယ္ ယုံၾကည္ခ်က္ရွိပါတယ္။ ဒီေန႔ေတာ့ ကံဆိုးစြာနဲ႔ပဲ ကြၽန္ေတာ္တို႔ အႏိုင္မရခဲ့ဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ အေကာင္းျမင္စိတ္ရွိပါတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နည္းျပ တန္ဟက္ကလည္း စိတ္ပ်က္ဖြယ္ရလဒ္ျဖစ္ခဲ့ေပမယ့္လည္း စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး ဂိုးေရွ႕မွာ အညႇာအတာကင္းမဲ့မႈ မရွိခဲ့တဲ့အေပၚမွာသာ ျပစ္တင္ေဝဖန္ခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ပထမပိုင္းကို ႏွစ္သက္ခဲ့တယ္။ အရမ္းေကာင္းတဲ့စြမ္းေဆာင္ရည္ပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဂိုးသြင္းရမယ္။ ကြၽန္ေတာ္တို႔ ေကာင္းမြန္တဲ့အခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့တယ္။ တကယ္ေကာင္းမြန္တဲ့ ဖိအားေပးမႈေတြနဲ႔ ဂိုးသြင္းဖို႔ အခြင့္အေရးေတြ အမ်ားႀကီး ပိုင္ဆိုင္ခဲ့တယ္။ ခင္ဗ်ား ရႈံးနိမ့္တဲ့အခါမွာ ဘယ္ေတာ့မွ ေကာင္းမြန္မွာမဟုတ္ပါဘူး။ ခင္ဗ်ား မွန္ထဲမွာ ျပန္ၾကည့္ရမယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဂိုးသြင္းယူရမယ္။ သြင္းဂိုးေတြ ရယူၿပီး ပရိသတ္အုပ္ႀကီးကို တိတ္ဆိတ္သြားေအာင္ လုပ္ရမယ္။ ပထမပိုင္းတုန္းက ကြင္းထဲမွာ အသံေတြ ေတာ္ေတာ္ေလး တိတ္ေနခဲ့ပါတယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.