MLS Messi

မိုင်ယာမီအတွက် ဖလားနဲ့ Best of the Best, GOAT of the GOAT ဖြစ်လာတဲ့ မက်ဆီ

လီယွန်နယ် မက်ဆီကတော့ သွားလေရာ မြက်ခင်းစိမ်းတွေ ဦးညွတ်ပြီး ပန်းတွေ ဖူးပွင့်တယ်လို့ ပြောရမလိုပါပဲ၊ ဒီနေ့မှာလည်း အင်တာ မိုင်ယာမီအသင်းကို သူတို့ရဲ့ အသင်းသမိုင်းတစ်လျှောက်မှာ ပထမဆုံး ဆုဖလားကို ရယူပေးပြီး အာဂျင်တီးနားသားကြီးအတွက်တော့ ကစားသမားဘဝ ၄၄ လုံးမြောက် ဆုဖလားကို မှတ်တမ်းဝင်သွားစေနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီအနေနဲ့ မက္ကဆီကို-အမေရိကန် နှစ်နိုင်ငံကြားက အသင်းတွေ ယှဉ်ပြိုင်ကစားတဲ့ League Cup မှာ ခြေစွမ်းပြနေခဲ့တာလည်းဖြစ်ပြီး အသင်းအတွက် ၇ ပွဲမှာ ၁၀ ဂိုး သွင်းယူပေးခဲ့သလို မေဂျာလိဂ်ကလပ် နက်ရှ်ဗီးလ်အသင်းနဲ့ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာလည်း အဖွင့်ဂိုးကို ပွဲချိန် ၂၃ မိနစ်မှာ အဖွင့်ဂိုး သွင်းယူပေးခဲ့တာပါ။

ဒါပေမယ့် ပြိုင်ဘက်ကစားသမား ပီကော့လ်ရဲ့ ၅၇ မိနစ် ခေါင်းတိုက်ချေပဂိုးကြောင့် သရေကျခဲ့တဲ့ ပွဲစဉ်မှာတော့ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရချိန်မှာ မက်ဆီက ပထမဆုံး ပင်နယ်တီကို ကန်သွင်းပေးခဲ့သလို ဆာဂျီယို ဘူးစ်ကွက်စ်၊ ဂျော်ဒီ အယ်လ်ဘာတို့ကလည်း ဝင်အောင်ကန်နိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ ဂိုးသမား ကယ်လန်ဒါရဲ့ နောက်ဆုံးပင်နယ်တီ ဝင်ပြီး ပြိုင်ဘက်ဂိုးသမားရဲ့ ပင်နယ်တီကို ကာကွယ်နိုင်မှုနဲ့ ချန်ပီယံဖြစ်ခဲ့ပါတယ်။

အင်တာမိုင်ယာမီတို့အတွက် ဆုဖလား ချီးမြှင့်ချိန်မှာတော့ အသင်းခေါင်းဆောင်သစ် မက်ဆီအနေနဲ့ သူက အရင်ဆုံး လက်မခံခဲ့ဘဲ အရင်က အသင်းခေါင်းဆောင်ဟောင်း ဒီအွန်ဒရေ ယက်ဒလင်ကို ကပ္ပတိန်လက်ပတ်ကိုပါ လွှဲပြောင်းပေးပြီး စတင်ကိုင်မြှောက်ခိုင်းခဲ့တာက သဘောထားကြီးမြတ်မှုကိုလည်း ပြသနိုင်ခဲ့သလို အသင်းဖော်တွေနဲ့ နားလည်မှုကိုလည်း ပြသနိုင်ခဲ့ချိန်မှာ သူ့ရဲ့ စာရင်းထဲကို ၄၄ လုံးမြောက်ဖလားကို ထပ်ပေါင်းထည့်နိုင်ခဲ့တာပါ။

မက်ဆီအနေနဲ့ League Cup ဖလားကြောင့် ဘာစီလိုနာ အသင်းဖော်ဟောင်း ဒန်နီယယ်လ် အဲလ်ဗက်စ်နဲ့ ၄၃ လုံးချင်း တူညီနေမှုကိုလည်း ဖြတ်ကျော်သွားနိုင်ခဲ့တာကြောင့် ဖလားအများဆုံး သိမ်းနိုင်ခဲ့တဲ့ Most Decorated Player အဖြစ်လည်း မှတ်တမ်းဝင်နိုင်ခဲ့ပြီး Best of the Best, GOAT of the GOAT လို့ ဆိုရအောင် အောင်မြင်မှုတွေနဲ့ တန်ဆာဆင်နိုင်ခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီကေတာ့ သြားေလရာ ျမက္ခင္းစိမ္းေတြ ဦးၫြတ္ၿပီး ပန္းေတြ ဖူးပြင့္တယ္လို႔ ေျပာရမလိုပါပဲ၊ ဒီေန႔မွာလည္း အင္တာ မိုင္ယာမီအသင္းကို သူတို႔ရဲ႕ အသင္းသမိုင္းတစ္ေလွ်ာက္မွာ ပထမဆုံး ဆုဖလားကို ရယူေပးၿပီး အာဂ်င္တီးနားသားႀကီးအတြက္ေတာ့ ကစားသမားဘဝ ၄၄ လုံးေျမာက္ ဆုဖလားကို မွတ္တမ္းဝင္သြားေစႏိုင္ခဲ့တာျဖစ္ပါတယ္။

မက္ဆီအေနနဲ႔ မကၠဆီကို-အေမရိကန္ ႏွစ္ႏိုင္ငံၾကားက အသင္းေတြ ယွဥ္ၿပိဳင္ကစားတဲ့ League Cup မွာ ေျခစြမ္းျပေနခဲ့တာလည္းျဖစ္ၿပီး အသင္းအတြက္ ၇ ပြဲမွာ ၁၀ ဂိုး သြင္းယူေပးခဲ့သလို ေမဂ်ာလိဂ္ကလပ္ နက္ရွ္ဗီးလ္အသင္းနဲ႔ ကစားခဲ့တဲ့ ဗိုလ္လုပြဲမွာလည္း အဖြင့္ဂိုးကို ပြဲခ်ိန္ ၂၃ မိနစ္မွာ အဖြင့္ဂိုး သြင္းယူေပးခဲ့တာပါ။

ဒါေပမယ့္ ၿပိဳင္ဘက္ကစားသမား ပီေကာ့လ္ရဲ႕ ၅၇ မိနစ္ ေခါင္းတိုက္ေခ်ပဂိုးေၾကာင့္ သေရက်ခဲ့တဲ့ ပြဲစဥ္မွာေတာ့ ပင္နယ္တီအဆုံးအျဖတ္ ကန္သြင္းခဲ့ရခ်ိန္မွာ မက္ဆီက ပထမဆုံး ပင္နယ္တီကို ကန္သြင္းေပးခဲ့သလို ဆာဂ်ီယို ဘူးစ္ကြက္စ္၊ ေဂ်ာ္ဒီ အယ္လ္ဘာတို႔ကလည္း ဝင္ေအာင္ကန္ႏိုင္ခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ဂိုးသမား ကယ္လန္ဒါရဲ႕ ေနာက္ဆုံးပင္နယ္တီ ဝင္ၿပီး ၿပိဳင္ဘက္ဂိုးသမားရဲ႕ ပင္နယ္တီကို ကာကြယ္ႏိုင္မႈနဲ႔ ခ်န္ပီယံျဖစ္ခဲ့ပါတယ္။

အင္တာမိုင္ယာမီတို႔အတြက္ ဆုဖလား ခ်ီးျမႇင့္ခ်ိန္မွာေတာ့ အသင္းေခါင္းေဆာင္သစ္ မက္ဆီအေနနဲ႔ သူက အရင္ဆုံး လက္မခံခဲ့ဘဲ အရင္က အသင္းေခါင္းေဆာင္ေဟာင္း ဒီအြန္ဒေရ ယက္ဒလင္ကို ကပၸတိန္လက္ပတ္ကိုပါ လႊဲေျပာင္းေပးၿပီး စတင္ကိုင္ေျမႇာက္ခိုင္းခဲ့တာက သေဘာထားႀကီးျမတ္မႈကိုလည္း ျပသႏိုင္ခဲ့သလို အသင္းေဖာ္ေတြနဲ႔ နားလည္မႈကိုလည္း ျပသႏိုင္ခဲ့ခ်ိန္မွာ သူ႔ရဲ႕ စာရင္းထဲကို ၄၄ လုံးေျမာက္ဖလားကို ထပ္ေပါင္းထည့္ႏိုင္ခဲ့တာပါ။

မက္ဆီအေနနဲ႔ League Cup ဖလားေၾကာင့္ ဘာစီလိုနာ အသင္းေဖာ္ေဟာင္း ဒန္နီယယ္လ္ အဲလ္ဗက္စ္နဲ႔ ၄၃ လုံးခ်င္း တူညီေနမႈကိုလည္း ျဖတ္ေက်ာ္သြားႏိုင္ခဲ့တာေၾကာင့္ ဖလားအမ်ားဆုံး သိမ္းႏိုင္ခဲ့တဲ့ Most Decorated Player အျဖစ္လည္း မွတ္တမ္းဝင္ႏိုင္ခဲ့ၿပီး Best of the Best, GOAT of the GOAT လို႔ ဆိုရေအာင္ ေအာင္ျမင္မႈေတြနဲ႔ တန္ဆာဆင္ႏိုင္ခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.