MLS Messi

ဂုဏ်သိက္ခာကြီးမားတဲ့ဆုဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခံခဲ့ရတဲ့ မက်ဆီရဲ့ အင်တာ မိုင်ယာမီ

လီယွန်နယ် မက်ဆီရဲ့ အင်တာ မိုင်ယာမီအသင်းဟာ လာမယ့် ကိုပါ လီဘာတေးဒိုးစ်ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ဖိတ်ခေါ်ခြင်းခံခဲ့ရတယ်လို့ သတင်းတွေအရ သိရပါတယ်။

ဂျာနယ်လစ် ဟူဂို ဘာလာဆိုနဲက အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ချီကီ တာပီယာက CONMEBOL ရဲ့ တောင်းဆိုမှုအရ အင်တာ မိုင်ယာမီကို ကိုပါ လီဘာတေးဒိုးစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခဲ့တဲ့သတင်းကို မျှဝေခဲ့တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲဟာ ၁၉၆၀ ပြည့်နှစ်မှာ စတင်ကျင်းပခဲ့တဲ့ နှစ်တိုင်း ကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပြီး တောင်အမေရိကဘောလုံးလောကမှာ အဆင့်အမြင့်ဆုံး ဆုဖလားပြိုင်ပွဲအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခြင်းခံထားရတာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီရဲ့ အင်တာ မိုင်ယာမီဟာ အင်္ဂါနေ့ညက ဖီလာဒဲလ်ဖီးယားကို ၄-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် လိဂ်ဖလား ဗိုလ်လုပွဲမှာ နက်ရှ်ဗေးလ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာဖြစ်ပြီး အာဂျင်တီးနားဂန္တဝင်ကြောင့် ဒေးဗစ် ဘက်ဟမ်းရဲ့ကလပ်အသင်းဟာ ပထမဆုံးအကြိမ် အဓိကဆုဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီရဲ႕ အင္တာ မိုင္ယာမီအသင္းဟာ လာမယ့္ ကိုပါ လီဘာေတးဒိုးစ္ဖလားၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔အတြက္ ဖိတ္ေခၚျခင္းခံခဲ့ရတယ္လို႔ သတင္းေတြအရ သိရပါတယ္။

ဂ်ာနယ္လစ္ ဟူဂို ဘာလာဆိုနဲက အာဂ်င္တီးနားေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌ ခ်ီကီ တာပီယာက CONMEBOL ရဲ႕ ေတာင္းဆိုမႈအရ အင္တာ မိုင္ယာမီကို ကိုပါ လီဘာေတးဒိုးစ္ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔ ဖိတ္ေခၚခဲ့တဲ့သတင္းကို မွ်ေဝခဲ့တာျဖစ္ပါတယ္။

ဒီၿပိဳင္ပြဲဟာ ၁၉၆၀ ျပည့္ႏွစ္မွာ စတင္က်င္းပခဲ့တဲ့ ႏွစ္တိုင္း က်င္းပတဲ့ ၿပိဳင္ပြဲျဖစ္ၿပီး ေတာင္အေမရိကေဘာလုံးေလာကမွာ အဆင့္အျမင့္ဆုံး ဆုဖလားၿပိဳင္ပြဲအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ သတ္မွတ္ျခင္းခံထားရတာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီရဲ႕ အင္တာ မိုင္ယာမီဟာ အဂၤါေန႔ညက ဖီလာဒဲလ္ဖီးယားကို ၄-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ လိဂ္ဖလား ဗိုလ္လုပြဲမွာ နက္ရွ္ေဗးလ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာျဖစ္ၿပီး အာဂ်င္တီးနားဂႏၲဝင္ေၾကာင့္ ေဒးဗစ္ ဘက္ဟမ္းရဲ႕ကလပ္အသင္းဟာ ပထမဆုံးအႀကိမ္ အဓိကဆုဖလားဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.