Premier League

အန်ဒိုက ဘုမသိဘမသိနဲ့ ဝင်ကစားခဲ့ရတာလို့ ဝန်ခံခဲ့တဲ့ ကလော့ပ်

ယာဂန် ကလော့ပ်က ဝါးတားရု အန်ဒိုဟာ ဆိုးရွားတဲ့အခြေအနေမှာ ပွဲဦးထွက်ပါဝင်ကစားပေးခဲ့ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ဒီလိုအခြေအနေမှာ ကွင်းလယ်ကစားသမားသစ်အနေနဲ့ ဘာလုပ်ရမယ်ဆိုတာ လုံးဝမသိထားခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။

အသက် ၃၀ အရွယ်ကွင်းလယ်ကစားသမားဟာ မမျှော်လင့်ထားဘဲ စတုဂတ်ကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် သောကြာနေ့ကမှ လီဗာပူးလ်ကစားသမားသစ်အဖြစ် ထုတ်ဖော်မိတ်ဆက်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ဂျပန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ စနေနေ့ အန်းဖီးကပွဲစဉ်မှာ ချက်ချင်းပဲ အရန်ခုံကနေ ပါဝင်ခဲ့ရတာဖြစ်ပြီး ၆၃ မိနစ်မှာ ကိုဒီ ဂက်ခ်ပိုရဲ့ နေရာမှာ လူစားဝင်ကစားသမားအဖြစ် ဝင်ကစားပေးခဲ့ရတာဖြစ်ပါတယ်။

ဒီလူစားလဲလှယ်မှုဟာ ဂျိုတာက လီဗာပူးလ်ကို ၃-၁ နဲ့ ဦးဆောင်နိုင်စေမယ့် သွင်းဂိုးကို သွင်းယူပေးခဲ့ပြီးနောက်မှာ ပြုလုပ်ခဲ့တာဖြစ်ပေမယ့်လည်း အဲဒီမတိုင်ခင်မှာ မက္ကယ်လစ္စတာက တိုက်ရိုက်အနီကတ် ပြသခြင်းခံခဲ့ရတာကြောင့် အခြေအနေတစ်ခုလုံးက သက်တောင့်သက်သာမဖြစ်နေတာဖြစ်ပါတယ်။

အန်ဒိုဟာ ဝရုန်းသုန်းကားဖြစ်နေတဲ့ နောက်ဆုံး မိနစ် ၃၀ ထဲမှာ ပါဝင်ခဲ့ရတာဖြစ်ပြီး ကလော့ပ်က စတုဂတ်ကွင်းလယ်ကြယ်ပွင့်ဟောင်းအနေနဲ့ ဒီလိုအခြေအနေမျိုးထဲမှာ တောက်ပပြနိုင်မယ်လို့ မမျှော်လင့်ထားခဲ့တာဖြစ်ပါတယ်။

“ကြောက်စရာကောင်းတဲ့အခြေအနေပါ။ ပထမဆုံးပွဲမှာ ဝင်ကစားခဲ့တယ်။ ကျွန်တော်တို့ ဟာဗေး ဒီပွဲမှာ ဘယ်တောင်ပံနဲ့ ညာတောင်ပံမှာ ပြေးလွှားနေခဲ့ပြီး နှလုံးခုန်နှုန်းက ၂၄၀ အထိ ဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရတယ်။ အန်ဒိုအတွက်လည်း အတူတူပါပဲ။အသင်းကို ရောက်လာတာ  ၂ ရက်ပဲရှိသေးတယ်။ အံ့အားသင့်စရာမဟုတ်ပါဘူး။ သူက လုံးဝကို အဆင်ပြေပြေ လုပ်ခဲ့တာပါ။ ဒါပေမယ့် သူ ဘာလုပ်ရမယ်ဆိုတာကို မသိဘဲနဲ့ကို ဝင်ကစားခဲ့ရတာပါ။ ကျွန်တော် ဒီမနက်မှာ ကစားသမား ၁၁ ဦးအကြောင်းနဲ့ သူ ကစားရမယ့်နေရာက ဘယ်လိုမျိုးလဲဆိုတာ သူနဲ့ စကားပြောခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြောခဲ့တဲ့အထဲမှာ ၄-၄-၁ နဲ့ ကစားရမယ့်ပုံစံမပါခဲ့ဘူး။ အခု အဲဒီလို ဖြစ်သွားတယ်။ သူ ပြီးခဲ့တဲ့ ၂ ညစလုံးမှာ ကောင်းကောင်း အိပ်ပျော်ခဲ့မယ်လို့ မထင်ဘူး။ အဲဒီတော့ သူ ဝင်ကစားခဲ့ပြီး သူ့မှာ ရှိသမျှ အရာအားလုံးကို ကွင်းထဲမှာ ပေးခဲ့တယ်။ ဒါပါပဲ။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယာဂန္ ကေလာ့ပ္က ဝါးတား႐ု အန္ဒိုဟာ ဆိုး႐ြားတဲ့အေျခအေနမွာ ပြဲဦးထြက္ပါဝင္ကစားေပးခဲ့ရတာျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ဒီလိုအေျခအေနမွာ ကြင္းလယ္ကစားသမားသစ္အေနနဲ႔ ဘာလုပ္ရမယ္ဆိုတာ လုံးဝမသိထားခဲ့ဘူးလို႔ ဝန္ခံခဲ့ပါတယ္။

အသက္ ၃၀ အ႐ြယ္ကြင္းလယ္ကစားသမားဟာ မေမွ်ာ္လင့္ထားဘဲ စတုဂတ္ကေန ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ ေသာၾကာေန႔ကမွ လီဗာပူးလ္ကစားသမားသစ္အျဖစ္ ထုတ္ေဖာ္မိတ္ဆက္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

ဂ်ပန္လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ဟာ စေနေန႔ အန္းဖီးကပြဲစဥ္မွာ ခ်က္ခ်င္းပဲ အရန္ခုံကေန ပါဝင္ခဲ့ရတာျဖစ္ၿပီး ၆၃ မိနစ္မွာ ကိုဒီ ဂက္ခ္ပိုရဲ႕ ေနရာမွာ လူစားဝင္ကစားသမားအျဖစ္ ဝင္ကစားေပးခဲ့ရတာျဖစ္ပါတယ္။

ဒီလူစားလဲလွယ္မႈဟာ ဂ်ိဳတာက လီဗာပူးလ္ကို ၃-၁ နဲ႔ ဦးေဆာင္ႏိုင္ေစမယ့္ သြင္းဂိုးကို သြင္းယူေပးခဲ့ၿပီးေနာက္မွာ ျပဳလုပ္ခဲ့တာျဖစ္ေပမယ့္လည္း အဲဒီမတိုင္ခင္မွာ မကၠယ္လစၥတာက တိုက္႐ိုက္အနီကတ္ ျပသျခင္းခံခဲ့ရတာေၾကာင့္ အေျခအေနတစ္ခုလုံးက သက္ေတာင့္သက္သာမျဖစ္ေနတာျဖစ္ပါတယ္။

အန္ဒိုဟာ ဝ႐ုန္းသုန္းကားျဖစ္ေနတဲ့ ေနာက္ဆုံး မိနစ္ ၃၀ ထဲမွာ ပါဝင္ခဲ့ရတာျဖစ္ၿပီး ကေလာ့ပ္က စတုဂတ္ကြင္းလယ္ၾကယ္ပြင့္ေဟာင္းအေနနဲ႔ ဒီလိုအေျခအေနမ်ိဳးထဲမွာ ေတာက္ပျပႏိုင္မယ္လို႔ မေမွ်ာ္လင့္ထားခဲ့တာျဖစ္ပါတယ္။

“ေၾကာက္စရာေကာင္းတဲ့အေျခအေနပါ။ ပထမဆုံးပြဲမွာ ဝင္ကစားခဲ့တယ္။ ကြၽန္ေတာ္တို႔ ဟာေဗး ဒီပြဲမွာ ဘယ္ေတာင္ပံနဲ႔ ညာေတာင္ပံမွာ ေျပးလႊားေနခဲ့ၿပီး ႏွလုံးခုန္ႏႈန္းက ၂၄၀ အထိ ျဖစ္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရတယ္။ အန္ဒိုအတြက္လည္း အတူတူပါပဲ။အသင္းကို ေရာက္လာတာ  ၂ ရက္ပဲရွိေသးတယ္။ အံ့အားသင့္စရာမဟုတ္ပါဘူး။ သူက လုံးဝကို အဆင္ေျပေျပ လုပ္ခဲ့တာပါ။ ဒါေပမယ့္ သူ ဘာလုပ္ရမယ္ဆိုတာကို မသိဘဲနဲ႔ကို ဝင္ကစားခဲ့ရတာပါ။ ကြၽန္ေတာ္ ဒီမနက္မွာ ကစားသမား ၁၁ ဦးအေၾကာင္းနဲ႔ သူ ကစားရမယ့္ေနရာက ဘယ္လိုမ်ိဳးလဲဆိုတာ သူနဲ႔ စကားေျပာခဲ့တယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ေျပာခဲ့တဲ့အထဲမွာ ၄-၄-၁ နဲ႔ ကစားရမယ့္ပုံစံမပါခဲ့ဘူး။ အခု အဲဒီလို ျဖစ္သြားတယ္။ သူ ၿပီးခဲ့တဲ့ ၂ ညစလုံးမွာ ေကာင္းေကာင္း အိပ္ေပ်ာ္ခဲ့မယ္လို႔ မထင္ဘူး။ အဲဒီေတာ့ သူ ဝင္ကစားခဲ့ၿပီး သူ႔မွာ ရွိသမွ် အရာအားလုံးကို ကြင္းထဲမွာ ေပးခဲ့တယ္။ ဒါပါပဲ။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.