Premier League

စပါးစ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ မန်ယူနိုက်တက်ကြယ်ပွင့်က ကလေးလိုပဲလို့ ဝေဖန်ခဲ့တဲ့ ရွိုင် ကီးန်

ရွိုင် ကီးန်က စနေနေ့မှာ တော့တင်ဟမ်ဟော့စပါးကို ရှုံးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ရဲ့ ပြီးခဲ့တဲ့ရာသီ ထိပ်တန်းဂိုးသွင်းရှင်ကို ကလေးတစ်ယောက်လိုပဲလို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ ယခုနွေရာသီမှာ ၎င်းရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ ကောလာဟလတွေကို ကာလရှည် စာချုပ်သစ် ချုပ်ဆိုပြီး အဆုံးသတ်ခဲ့တာဖြစ်ပြီး တိုက်စစ်မှူးသစ် ရာ့စ်မွတ် ဟွိုင်လွန်း ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိသေးတာကြောင့် ရက်ရှ်ဖို့ဒ်ဟာ သိပ်မကစားချင်တဲ့ အထောင်တိုက်စစ်မှူးနေရာမှာ ကစားပေးခဲ့ရတာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပထမပိုင်းမှာ ကောင်းမွန်တဲ့ ခြေစွမ်းအချို့ ပြသခဲ့ပေမယ့်လည်း ပထမပိုင်းအပြီး ဒုတိယပိုင်းမှာတော့ ကျန်တဲ့အသင်းဖော်တွေနည်းတူ ပျောက်ကွယ်သွားခဲ့တာဖြစ်ပြီး ရွိုင် ကီးန်ကို ဒေါသအကြီးအကျယ်ထွက်စေခဲ့တာဖြစ်ပါတယ်။

“ရက်ရှ်ဖို့ဒ်က ပုံမှန်အတိုင်းပဲ နောက်ထပ်တစ်ကြိမ် အလယ်မှာ ကစားခဲ့တယ်။ သူက အလယ်မှာ ကလေးတစ်ယောက်လိုပဲ ကစားနေတာလား။ သူ့ရဲ့ ပထမဆုံး ဘောလုံး ထိန်းသိမ်းမှုအနည်းငယ်က သူ အလယ်မှာ မကစားချင်ဘူးဆိုတာကို ပြောနေတာပါ။ ဒါပေမယ့် ဒီညအသင်းအတွက် ခင်ဗျား လုပ်ရမယ့်အလုပ်ကိုတော့ လုပ်ရမှာပဲ။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ႐ြိဳင္ ကီးန္က စေနေန႔မွာ ေတာ့တင္ဟမ္ေဟာ့စပါးကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ၿပီးခဲ့တဲ့ရာသီ ထိပ္တန္းဂိုးသြင္းရွင္ကို ကေလးတစ္ေယာက္လိုပဲလို႔ ျပစ္တင္ေဝဖန္ခဲ့ပါတယ္။

အဂၤလန္တိုက္စစ္မႉးဟာ ယခုေႏြရာသီမွာ ၎ရဲ႕ အနာဂတ္နဲ႔ပတ္သက္တဲ့ ေကာလာဟလေတြကို ကာလရွည္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုၿပီး အဆုံးသတ္ခဲ့တာျဖစ္ၿပီး တိုက္စစ္မႉးသစ္ ရာ့စ္မြတ္ ဟြိဳင္လြန္း ဒဏ္ရာေၾကာင့္ ပါဝင္ကစားေပးႏိုင္ျခင္းမရွိေသးတာေၾကာင့္ ရက္ရွ္ဖို႔ဒ္ဟာ သိပ္မကစားခ်င္တဲ့ အေထာင္တိုက္စစ္မႉးေနရာမွာ ကစားေပးခဲ့ရတာျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ပထမပိုင္းမွာ ေကာင္းမြန္တဲ့ ေျခစြမ္းအခ်ိဳ႕ ျပသခဲ့ေပမယ့္လည္း ပထမပိုင္းအၿပီး ဒုတိယပိုင္းမွာေတာ့ က်န္တဲ့အသင္းေဖာ္ေတြနည္းတူ ေပ်ာက္ကြယ္သြားခဲ့တာျဖစ္ၿပီး ႐ြိဳင္ ကီးန္ကို ေဒါသအႀကီးအက်ယ္ထြက္ေစခဲ့တာျဖစ္ပါတယ္။

“ရက္ရွ္ဖို႔ဒ္က ပုံမွန္အတိုင္းပဲ ေနာက္ထပ္တစ္ႀကိမ္ အလယ္မွာ ကစားခဲ့တယ္။ သူက အလယ္မွာ ကေလးတစ္ေယာက္လိုပဲ ကစားေနတာလား။ သူ႔ရဲ႕ ပထမဆုံး ေဘာလုံး ထိန္းသိမ္းမႈအနည္းငယ္က သူ အလယ္မွာ မကစားခ်င္ဘူးဆိုတာကို ေျပာေနတာပါ။ ဒါေပမယ့္ ဒီညအသင္းအတြက္ ခင္ဗ်ား လုပ္ရမယ့္အလုပ္ကိုေတာ့ လုပ္ရမွာပဲ။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.