Match Report Premier League

လှေနံဓားထစ် နယူးကာဆယ်လ်ကို ဖန်တီးမှုပြဿနာနဲ့ ကပ်ပြီး အနိုင်ယူခဲ့ရတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ အာကန်ဂျီ၊ ရူဘင် ဒီယက်စ်၊ ဝေါ်လ်ကာနဲ့ ဂွါဒီယောလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ကိုဗာချစ်ချ်၊ ဖိုဒန်နဲ့ ဂရီးလစ်ရှ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အယ်လ်ဗာရက်ဇ်နဲ့ ဟားလန်းတို့ကို တွဲဖက်ပေးခဲ့တာဖြစ်ပါတယ်။

ဧည့်သည် နယူးကာဆယ်လ်တို့ကတော့ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ ရှား၊ ဘော့တ်မန်၊ ထရစ်ပီယာနဲ့ ဒန်ဘန်းတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ တိုနာလီ၊ ဘရူနို ဂီမာရိုင်းစ်နဲ့ ဂျိုလင်တန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အယ်လ်မီရွန်၊ ဂေါ်ဒန်နဲ့ အီဆက်ခ်တို့ကို ပွဲထုတ်လာခဲ့တာပါ။

မန်စီးတီးတို့အနေနဲ့ ကွင်းလယ်ဖန်တီးရှင် မရှိတဲ့ ဒဏ်ကို ခံနေရပြီး ဒီဘရိုင်းနားနဲ့ ဂွန်ဒိုးဝမ်တို့ ဖော်ပေးတဲ့ တိုက်စစ်လမ်းကြောင်းမျိုးနဲ့ အခင်းအကျင်းကို ဘယ်သူမှ မလုပ်တတ်သလို လက်ရှိကွင်းလယ်မှာက ဘောလုံးထိန်းဖို့ တစ်ခုတည်း လုပ်တတ်ကြတဲ့အထဲမှာ ညာတောင်ပံက မာရက်ဇ်လို နေရာလွတ်တွေ ရှာဖွေပေးမယ့်သူမျိုး မရှိတာကလည်း နယူးကာဆယ်လ်တို့ကို ထိုးဖောက်ဖို့ ခက်စေခဲ့ပါတယ်။

နယူးကာဆယ်လ်တို့ကတော့ တိုနာလီ ရောက်လာတဲ့ ကွင်းလယ်က တိုးတက်လာပေမယ့် ပေါင်ငါးသန်းတောင် မတန်တဲ့ ရုပ်နဲ့ ဂေါ်ဒန်ကို အဲဗာတန်ကနေ သန်း ၄၀ ပေးခေါ်ပြီး ဘယ်တောင်ပံ တစ်နေရာ အပိုင်စား ပေးထားတာက စိတ်ပျက်စရာဖြစ်သလို သူ့ရဲ့ ဉာဏ်ရည်မမီမှုက တိုက်စစ်တစ်ခြမ်းကို ရုန်းကန်စေခဲ့ရချိန်မှာ အက်ဒီဟောင်းအနေနဲ့ ဟာဗီဘန်းစ်ကို မသုံးဘဲ ဘယ်လောက်ကြာအောင် တောင့်ခံထားနိုင်မလဲ မေးစရာဖြစ်ခဲ့တာပါ။

ပွဲချိန် ၃၁ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ကိုဗာချစ်ချ်က လူကြားထဲက ထိုးပေးတာကို ဖိုဒန်က တောင်ပံကို ဆွဲထွက်ပြီး ဧရိယာထဲကို အနိမ့်ဘော ပြန်ချိုးပေးတဲ့ ဘောလုံးကို အယ်လ်ဗာရက်ဇ်က ဧရိယာအစပ်ကနေ ကန်သွင်းခဲ့ရာမှာ မိန်းမကို သတိရနေပုံပေါ်တဲ့ နစ်ခ် ပုပ်က အာရုံစူးစိုက်မှု မရှိဘဲ လန့်ပြီး ဖမ်းခဲ့လို့ ဂိုးမပေးသင့်ဘဲ ပေးခဲ့ရတာဖြစ်ပါတယ်။

မန်စီးတီးတို့ဘက်က ဟားလန်းအကြိုက် ဘောလုံးတွေ ချမကျွေးနိုင်သလို နယူးကာဆယ်လ်တို့ဘက်ကလည်း ကွင်းလယ်မှာ တိုနာလီ မလာခင်အထိ အကောင်း၊ ရောက်လာတော့မှပဲ ငါက စီနီယာ၊ ငါက ဆရာကြီးဆိုတာကို ပြချင်နေတဲ့ ဘရူနို ဂီမာရိုင်းစ်ကြောင့် ထင်သလောက် အလုပ်မဖြစ်ခဲ့ဘဲ ပထမပိုင်းမှာတော့ အိမ်ရှင်တွေကပဲ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း နယူးကာဆယ်လ်တို့ ဂေါ်ဒန်ကို အဝါထပ်ထိမှာစိုးလို့သာ ဘန်းစ်နဲ့ လဲလိုက်ပေမယ့် ဝင်လာတဲ့ ဆရာသမားကလည်း ဘာမှ မဟုတ်တာလေးနဲ့ အဝါဝယ်ခဲ့တာကြောင့် ပရိသတ်တွေ စိတ်ညစ်သွားခဲ့ရသလို ညာခြမ်းက အယ်လ်မီရွန်ကလည်း တိုင်မင်ကို နားမလည်ဘဲ လုပ်ချင်သလို လျှောက်လုပ်နေခဲ့တာကြောင့် ထရစ်ပီယာပါ ဘာလုပ်ရမှန်း မသိဘဲ မန်စီးတီးတို့ကတော့ အေးဆေးပဲဖြစ်သွားခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာ မန်စီးတီးတို့ကလည်း ဘာမှ မလုပ်တတ်ခဲ့ကြသလို နယူးကာဆယ်လ်တို့ကလည်း ဝီလ်ဆန်ကို ထည့်လိုက်မှာတောင် ပိုဆိုးသွားသေးတာကြောင့် ရလဒ်က ဘာမှ ပြောင်းဖို့ မရှိတော့ပဲ လှေနံဓားထစ် လူစားလဲမှုတွေနဲ့ အက်ဒီဟောင်းက ဂွါဒီယိုလာကို စိတ်ဒုက္ခပေးဖို့ မတတ်နိုင်ခဲ့တာကြောင့် ပထမပိုင်းက ရလဒ်အတိုင်းပဲ တစ်ဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးခဲ့ရပါတယ်။

ဒီပွဲရလဒ်ကြောင့် မန်စီးတီးနဲ့ မတူသေးတဲ့ မန်စီးတီးတို့ နှစ်ပွဲကစား နှစ်ပွဲနိုင် ရဂိုးလေးဂိုး၊ ပေးဂိုးမရှိ၊ Clean Sheet နှစ်ပွဲနဲ့ ဇယားထိပ်ကို သိမ်းပိုက်လိုက်ပေမယ့် ဖန်တီးမှု ပြဿနာကိုတော့ လူသစ်ခေါ်ပြီး ဖြေရှင်းနိုင်မလားဆိုတာနဲ့ နယူးကာဆယ်လ်နဲ့ အက်ဒီဟောင်းတို့ကတော့ ချန်ပီယံလိဂ် ဝင်ကစားခွင့်ရတာနဲ့ မာနလေးတွေ တလူလူဖြစ်နေတဲ့ သူ့ကစားသမားတွေကို ဆုံးမနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ အာကန္ဂ်ီ၊ ႐ူဘင္ ဒီယက္စ္၊ ေဝၚလ္ကာနဲ႔ ဂြါဒီေယာလ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ကိုဗာခ်စ္ခ်္၊ ဖိုဒန္နဲ႔ ဂရီးလစ္ရွ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အယ္လ္ဗာရက္ဇ္နဲ႔ ဟားလန္းတို႔ကို တြဲဖက္ေပးခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ နယူးကာဆယ္လ္တို႔ကေတာ့ ဂိုးသမား နစ္ခ္ ပုပ္၊ ခံစစ္မွာ ရွား၊ ေဘာ့တ္မန္၊ ထရစ္ပီယာနဲ႔ ဒန္ဘန္းတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ တိုနာလီ၊ ဘ႐ူႏို ဂီမာ႐ိုင္းစ္နဲ႔ ဂ်ိဳလင္တန္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အယ္လ္မီ႐ြန္၊ ေဂၚဒန္နဲ႔ အီဆက္ခ္တို႔ကို ပြဲထုတ္လာခဲ့တာပါ။

မန္စီးတီးတို႔အေနနဲ႔ ကြင္းလယ္ဖန္တီးရွင္ မရွိတဲ့ ဒဏ္ကို ခံေနရၿပီး ဒီဘ႐ိုင္းနားနဲ႔ ဂြန္ဒိုးဝမ္တို႔ ေဖာ္ေပးတဲ့ တိုက္စစ္လမ္းေၾကာင္းမ်ိဳးနဲ႔ အခင္းအက်င္းကို ဘယ္သူမွ မလုပ္တတ္သလို လက္ရွိကြင္းလယ္မွာက ေဘာလုံးထိန္းဖို႔ တစ္ခုတည္း လုပ္တတ္ၾကတဲ့အထဲမွာ ညာေတာင္ပံက မာရက္ဇ္လို ေနရာလြတ္ေတြ ရွာေဖြေပးမယ့္သူမ်ိဳး မရွိတာကလည္း နယူးကာဆယ္လ္တို႔ကို ထိုးေဖာက္ဖို႔ ခက္ေစခဲ့ပါတယ္။

နယူးကာဆယ္လ္တို႔ကေတာ့ တိုနာလီ ေရာက္လာတဲ့ ကြင္းလယ္က တိုးတက္လာေပမယ့္ ေပါင္ငါးသန္းေတာင္ မတန္တဲ့ ႐ုပ္နဲ႔ ေဂၚဒန္ကို အဲဗာတန္ကေန သန္း ၄၀ ေပးေခၚၿပီး ဘယ္ေတာင္ပံ တစ္ေနရာ အပိုင္စား ေပးထားတာက စိတ္ပ်က္စရာျဖစ္သလို သူ႔ရဲ႕ ဉာဏ္ရည္မမီမႈက တိုက္စစ္တစ္ျခမ္းကို ႐ုန္းကန္ေစခဲ့ရခ်ိန္မွာ အက္ဒီေဟာင္းအေနနဲ႔ ဟာဗီဘန္းစ္ကို မသုံးဘဲ ဘယ္ေလာက္ၾကာေအာင္ ေတာင့္ခံထားႏိုင္မလဲ ေမးစရာျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ မန္စီးတီးတို႔ အဖြင့္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ကိုဗာခ်စ္ခ်္က လူၾကားထဲက ထိုးေပးတာကို ဖိုဒန္က ေတာင္ပံကို ဆြဲထြက္ၿပီး ဧရိယာထဲကို အနိမ့္ေဘာ ျပန္ခ်ိဳးေပးတဲ့ ေဘာလုံးကို အယ္လ္ဗာရက္ဇ္က ဧရိယာအစပ္ကေန ကန္သြင္းခဲ့ရာမွာ မိန္းမကို သတိရေနပုံေပၚတဲ့ နစ္ခ္ ပုပ္က အာ႐ုံစူးစိုက္မႈ မရွိဘဲ လန႔္ၿပီး ဖမ္းခဲ့လို႔ ဂိုးမေပးသင့္ဘဲ ေပးခဲ့ရတာျဖစ္ပါတယ္။

မန္စီးတီးတို႔ဘက္က ဟားလန္းအႀကိဳက္ ေဘာလုံးေတြ ခ်မေကြၽးႏိုင္သလို နယူးကာဆယ္လ္တို႔ဘက္ကလည္း ကြင္းလယ္မွာ တိုနာလီ မလာခင္အထိ အေကာင္း၊ ေရာက္လာေတာ့မွပဲ ငါက စီနီယာ၊ ငါက ဆရာႀကီးဆိုတာကို ျပခ်င္ေနတဲ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္ေၾကာင့္ ထင္သေလာက္ အလုပ္မျဖစ္ခဲ့ဘဲ ပထမပိုင္းမွာေတာ့ အိမ္ရွင္ေတြကပဲ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း နယူးကာဆယ္လ္တို႔ ေဂၚဒန္ကို အဝါထပ္ထိမွာစိုးလို႔သာ ဘန္းစ္နဲ႔ လဲလိုက္ေပမယ့္ ဝင္လာတဲ့ ဆရာသမားကလည္း ဘာမွ မဟုတ္တာေလးနဲ႔ အဝါဝယ္ခဲ့တာေၾကာင့္ ပရိသတ္ေတြ စိတ္ညစ္သြားခဲ့ရသလို ညာျခမ္းက အယ္လ္မီ႐ြန္ကလည္း တိုင္မင္ကို နားမလည္ဘဲ လုပ္ခ်င္သလို ေလွ်ာက္လုပ္ေနခဲ့တာေၾကာင့္ ထရစ္ပီယာပါ ဘာလုပ္ရမွန္း မသိဘဲ မန္စီးတီးတို႔ကေတာ့ ေအးေဆးပဲျဖစ္သြားခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာ မန္စီးတီးတို႔ကလည္း ဘာမွ မလုပ္တတ္ခဲ့ၾကသလို နယူးကာဆယ္လ္တို႔ကလည္း ဝီလ္ဆန္ကို ထည့္လိုက္မွာေတာင္ ပိုဆိုးသြားေသးတာေၾကာင့္ ရလဒ္က ဘာမွ ေျပာင္းဖို႔ မရွိေတာ့ပဲ ေလွနံဓားထစ္ လူစားလဲမႈေတြနဲ႔ အက္ဒီေဟာင္းက ဂြါဒီယိုလာကို စိတ္ဒုကၡေပးဖို႔ မတတ္ႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းက ရလဒ္အတိုင္းပဲ တစ္ဂိုး-ဂိုးမရွိနဲ႔ ၿပီးဆုံးခဲ့ရပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ မန္စီးတီးနဲ႔ မတူေသးတဲ့ မန္စီးတီးတို႔ ႏွစ္ပြဲကစား ႏွစ္ပြဲႏိုင္ ရဂိုးေလးဂိုး၊ ေပးဂိုးမရွိ၊ Clean Sheet ႏွစ္ပြဲနဲ႔ ဇယားထိပ္ကို သိမ္းပိုက္လိုက္ေပမယ့္ ဖန္တီးမႈ ျပႆနာကိုေတာ့ လူသစ္ေခၚၿပီး ေျဖရွင္းႏိုင္မလားဆိုတာနဲ႔ နယူးကာဆယ္လ္နဲ႔ အက္ဒီေဟာင္းတို႔ကေတာ့ ခ်န္ပီယံလိဂ္ ဝင္ကစားခြင့္ရတာနဲ႔ မာနေလးေတြ တလူလူျဖစ္ေနတဲ့ သူ႔ကစားသမားေတြကို ဆုံးမႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.