Match Report Premier League

အိုနာနာလည်း မကယ်နိုင်တဲ့ မန်ယူကို နလံမထူစေဘဲ ကျုံးထည့်လိုက်တဲ့ စပါးစ်

တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဗီကာရီယို၊ ခံစစ်မှာ ရိုမဲရိုး၊ ဗန်ဒဗင်၊ ပက်ဒရို ပေါ်ရိုနဲ့ အူဒိုဂီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘီဆူးမား၊ ပါပီ ဆားရ်နဲ့ မက်ဒီဆန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆွန်ဟောင်မင်၊ ကူလူရှက်ဗ်စကီးနဲ့ ရစ်ချာလစ်ဆန်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ ဗာရွန်း၊ လီဆန်ဒရို မာတီနက်ဇ်၊ ဝန်ဘစ်ဆာကာနဲ့ လုခ်ရှောတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ကာစီမီရို၊ မေဆန်မောင့်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို တွဲဖက်ပေးခဲ့ပြီး တိုက်စစ်မှာတော့ အန်တိုနီ၊ ဂါနာချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ကို ကစားစေခဲ့တာပါ။

ပွဲစကတည်းက နှစ်သင်းလုံး ဖွင့်ကစားခဲ့ကြပြီး တစ်သင်းကို တစ်သင်း သွေးတိုးစမ်းခဲ့ပေမယ့် ကစားကွက်ခင်းကျင်းမှုနဲ့ ဖန်တီးနိုင်မှုအပိုင်းမှာ အိမ်ရှင်တွေက ပိုမိုသာလွန်ခဲ့သလို မန်ယူတို့ကတော့ မေဆန်မောင့်က အတွဲမညီဘဲ ဖျက်နေခဲ့ချိန်မှာ ကောင်တာတွေကိုပဲ ပိုအားပြုခဲ့ရတာကြောင့် နည်းပြ တန်ဟတ်အနေနဲ့ Next Level သွားချင်ရင် ဒီလူတွေနဲ့တော့ မဖြစ်သေးကြောင်း သိသာနေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာ ရိုမဲရိုးရဲ့ သိသာတဲ့ လက်ထိဘောကို ထုံးစံအတိုင်း ဒိုင်နဲ့ VAR တို့ အသုံးမကျစွာပဲ ပယ်ချသွားခဲ့တာကြောင့် ဒီတစ်ကြိမ်မှာတော့ မန်ယူတို့ ခံဘက်က ဖြစ်ခဲ့ရပြီး စပါးစ်တို့ကတော့ ပွဲချိန်မိနစ် ၄၀ မှာ နှစ်ကြိမ်ဆက်တိုက် ဘားနဲ့ တိုင်ကို ထိခဲ့သလို ပထမပိုင်းမှာတော့ နှစ်သင်းစလုံးက အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ကြတာကြောင့် ဂိုးမရှိသရေဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ စပါးစ်တို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ ကူလူရှက်ဗ်စကီးက ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့တာကနေ လူထိပြီး ထွက်လာတဲ့ ဘောလုံးကို မန်ယူနောက်ခံလူ သုံးလေးယောက်လောက် ရှိနေပေမယ့် ကြောင်ကြည့်နေကြချိန်မှာ ဘယ်ယွန်းယွန်းက ပြေးဝင်လာတဲ့ ပါပီ ဆားရ်က ပိတ်သွင်းရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂိုးပေးရပြီး ချက်ချင်းဆိုသလိုပဲ မန်ယူတို့ တုံ့ပြန်ဖို့ ကြိုးစားခဲ့ပေမယ့် ညာခြမ်းက အန်တိုနီရဲ့ ကန်ချက်က တိုင်ထိထွက်ခဲ့လို့ ချေပဂိုးနဲ့ လွဲခဲ့ရပြီး စပါးစ်တို့ရဲ့ အခွင့်အရေးတွေကိုတော့ အိုနာနာ ကာကွယ်သွားခဲ့သလို ဧရိယာထဲမှာ ရိုမဲရိုးကို ဘောလုံးမထိဘဲ ဝင်တိုက်တဲ့ မာတီနက်ဇ်ကြောင့် အိမ်ရှင်တွေ ပင်နယ်တီ ဝိုင်းတောင်းခဲ့ကြပေမယ့် ဒိုင်လူကြီးက ပယ်ချခဲ့ပြန်လို့ ကျေပြီဆိုပြီးဖြစ်သွားခဲ့ရတာပါ။

မန်ယူတို့ဘက်က ပွဲချိန် ၆၆ မိနစ်မှာ ဝန်ဘစ်ဆာကာ၊ မေဆန်မောင့်နဲ့ ဂါနာချိုတို့အစား ဒါလော့၊ အဲရစ်ဆန်နဲ့ ဆန်ချိုတို့ကို ထည့်ပြီး ချေပဂိုးရဖို့ ကြိုးစားလာခဲ့သလို စပါးစ်တို့ဘက်ကတော့ အသင်းကို ပိုမိုတည်ငြိမ်စွာနဲ့ ထိန်းကစားစေနိုင်ဖို့ အူဒိုဂီ၊ ရစ်ချာလစ်ဆန်နဲ့ ပါပီ ဆားရ်တို့အစား ဘန်ဒေးဗီးစ်၊ ပါရီရှစ်ချ်နဲ့ ဟွိုင်ဘယာ့ဂ်တို့ကို လဲထည့်သွားခဲ့ပါတယ်။

ပွဲချိန် ၈၃ မိနစ်မှာတော့ စပါးစ်တို့ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး ဘယ်တောင်ပံတိုက်စစ်ကနေ လူစားဝင်အတွဲဖြစ်တဲ့ ပါရီရှစ်ချ်က ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ ဘန်ဒေးဗီးစ်က ကန်သွင်းဖို့ ကြိုးစားရာမှာ ဘောလုံးကို သေချာမထိလိုက်ပေမယ့် ဘေးကနေ ဝင်ဖျက်ဖို့ ကြိုးစားတဲ့ မာတီနက်ဇ်ကလည်း မဖျက်နိုင်ဘဲ ခလုတ်တိုက်လိုက်တာက ဂိုးထဲ ရောက်သွားခဲ့လို့ ကိုယ်ဂိုးမဖမ်းတတ်တိုင်း သူများအော်နေကျ အိုနာနာ အော်ခွင့်ရသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ တော့တင်ဟမ်ဟော့စပါးတို့က မန်ချက်စတာယူနိုက်တက်တို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ဝုလ်ဗ်စ်နဲ့ပွဲမှာကတည်းက အိုးနင်းခွက်နင်းဖြစ်နေတဲ့ တန်ဟတ်ရဲ့ လူတွေကို ဖြတ်ရိုက်ချသွားခဲ့သလို အိမ်ရှင်နည်းပြ အန်ဂျီ ပေါ့စတီကိုဂလူးအနေနဲ့ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲကိုလည်း ရယူသွားနိုင်ခဲ့ပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဗီကာရီယို၊ ခံစစ္မွာ ႐ိုမဲ႐ိုး၊ ဗန္ဒဗင္၊ ပက္ဒ႐ို ေပၚ႐ိုနဲ႔ အူဒိုဂီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘီဆူးမား၊ ပါပီ ဆားရ္နဲ႔ မက္ဒီဆန္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆြန္ေဟာင္မင္၊ ကူလူရွက္ဗ္စကီးနဲ႔ ရစ္ခ်ာလစ္ဆန္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ မန္ခ်က္စတာယူႏိုက္တက္အသင္းကေတာ့ ဂိုးသမား အိုနာနာ၊ ခံစစ္မွာ ဗာ႐ြန္း၊ လီဆန္ဒ႐ို မာတီနက္ဇ္၊ ဝန္ဘစ္ဆာကာနဲ႔ လုခ္ေရွာတို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ ကာစီမီ႐ို၊ ေမဆန္ေမာင့္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို တြဲဖက္ေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ အန္တိုနီ၊ ဂါနာခ်ိဳနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကို ကစားေစခဲ့တာပါ။

ပြဲစကတည္းက ႏွစ္သင္းလုံး ဖြင့္ကစားခဲ့ၾကၿပီး တစ္သင္းကို တစ္သင္း ေသြးတိုးစမ္းခဲ့ေပမယ့္ ကစားကြက္ခင္းက်င္းမႈနဲ႔ ဖန္တီးႏိုင္မႈအပိုင္းမွာ အိမ္ရွင္ေတြက ပိုမိုသာလြန္ခဲ့သလို မန္ယူတို႔ကေတာ့ ေမဆန္ေမာင့္က အတြဲမညီဘဲ ဖ်က္ေနခဲ့ခ်ိန္မွာ ေကာင္တာေတြကိုပဲ ပိုအားျပဳခဲ့ရတာေၾကာင့္ နည္းျပ တန္ဟတ္အေနနဲ႔ Next Level သြားခ်င္ရင္ ဒီလူေတြနဲ႔ေတာ့ မျဖစ္ေသးေၾကာင္း သိသာေနခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၆ မိနစ္မွာ ႐ိုမဲ႐ိုးရဲ႕ သိသာတဲ့ လက္ထိေဘာကို ထုံးစံအတိုင္း ဒိုင္နဲ႔ VAR တို႔ အသုံးမက်စြာပဲ ပယ္ခ်သြားခဲ့တာေၾကာင့္ ဒီတစ္ႀကိမ္မွာေတာ့ မန္ယူတို႔ ခံဘက္က ျဖစ္ခဲ့ရၿပီး စပါးစ္တို႔ကေတာ့ ပြဲခ်ိန္မိနစ္ ၄၀ မွာ ႏွစ္ႀကိမ္ဆက္တိုက္ ဘားနဲ႔ တိုင္ကို ထိခဲ့သလို ပထမပိုင္းမွာေတာ့ ႏွစ္သင္းစလုံးက အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့ၾကတာေၾကာင့္ ဂိုးမရွိသေရျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ စပါးစ္တို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းတိုက္စစ္ကေန ကူလူရွက္ဗ္စကီးက ဂိုးေရွ႕ကို ျဖတ္တင္ေပးခဲ့တာကေန လူထိၿပီး ထြက္လာတဲ့ ေဘာလုံးကို မန္ယူေနာက္ခံလူ သုံးေလးေယာက္ေလာက္ ရွိေနေပမယ့္ ေၾကာင္ၾကည့္ေနၾကခ်ိန္မွာ ဘယ္ယြန္းယြန္းက ေျပးဝင္လာတဲ့ ပါပီ ဆားရ္က ပိတ္သြင္းရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂိုးေပးရၿပီး ခ်က္ခ်င္းဆိုသလိုပဲ မန္ယူတို႔ တုံ႔ျပန္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ညာျခမ္းက အန္တိုနီရဲ႕ ကန္ခ်က္က တိုင္ထိထြက္ခဲ့လို႔ ေခ်ပဂိုးနဲ႔ လြဲခဲ့ရၿပီး စပါးစ္တို႔ရဲ႕ အခြင့္အေရးေတြကိုေတာ့ အိုနာနာ ကာကြယ္သြားခဲ့သလို ဧရိယာထဲမွာ ႐ိုမဲ႐ိုးကို ေဘာလုံးမထိဘဲ ဝင္တိုက္တဲ့ မာတီနက္ဇ္ေၾကာင့္ အိမ္ရွင္ေတြ ပင္နယ္တီ ဝိုင္းေတာင္းခဲ့ၾကေပမယ့္ ဒိုင္လူႀကီးက ပယ္ခ်ခဲ့ျပန္လို႔ ေက်ၿပီဆိုၿပီးျဖစ္သြားခဲ့ရတာပါ။

မန္ယူတို႔ဘက္က ပြဲခ်ိန္ ၆၆ မိနစ္မွာ ဝန္ဘစ္ဆာကာ၊ ေမဆန္ေမာင့္နဲ႔ ဂါနာခ်ိဳတို႔အစား ဒါေလာ့၊ အဲရစ္ဆန္နဲ႔ ဆန္ခ်ိဳတို႔ကို ထည့္ၿပီး ေခ်ပဂိုးရဖို႔ ႀကိဳးစားလာခဲ့သလို စပါးစ္တို႔ဘက္ကေတာ့ အသင္းကို ပိုမိုတည္ၿငိမ္စြာနဲ႔ ထိန္းကစားေစႏိုင္ဖို႔ အူဒိုဂီ၊ ရစ္ခ်ာလစ္ဆန္နဲ႔ ပါပီ ဆားရ္တို႔အစား ဘန္ေဒးဗီးစ္၊ ပါရီရွစ္ခ်္နဲ႔ ဟြိဳင္ဘယာ့ဂ္တို႔ကို လဲထည့္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ စပါးစ္တို႔ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၾကၿပီး ဘယ္ေတာင္ပံတိုက္စစ္ကေန လူစားဝင္အတြဲျဖစ္တဲ့ ပါရီရွစ္ခ်္က ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးရာမွာ ဘန္ေဒးဗီးစ္က ကန္သြင္းဖို႔ ႀကိဳးစားရာမွာ ေဘာလုံးကို ေသခ်ာမထိလိုက္ေပမယ့္ ေဘးကေန ဝင္ဖ်က္ဖို႔ ႀကိဳးစားတဲ့ မာတီနက္ဇ္ကလည္း မဖ်က္ႏိုင္ဘဲ ခလုတ္တိုက္လိုက္တာက ဂိုးထဲ ေရာက္သြားခဲ့လို႔ ကိုယ္ဂိုးမဖမ္းတတ္တိုင္း သူမ်ားေအာ္ေနက် အိုနာနာ ေအာ္ခြင့္ရသြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ေတာ့တင္ဟမ္ေဟာ့စပါးတို႔က မန္ခ်က္စတာယူႏိုက္တက္တို႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရၿပီး ဝုလ္ဗ္စ္နဲ႔ပြဲမွာကတည္းက အိုးနင္းခြက္နင္းျဖစ္ေနတဲ့ တန္ဟတ္ရဲ႕ လူေတြကို ျဖတ္႐ိုက္ခ်သြားခဲ့သလို အိမ္ရွင္နည္းျပ အန္ဂ်ီ ေပါ့စတီကိုဂလူးအေနနဲ႔ သူ႔ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ ႏိုင္ပြဲကိုလည္း ရယူသြားႏိုင္ခဲ့ၿပီျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.