Match Report Premier League

မက္ကယ်လစ္စတာ အနီထိခဲ့ပေမယ့် ဘုန်းမောက်နဲ့ ခပ်ညံ့ညံ့ဒိုင်ကို အနိုင်ယူပြခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ကိုနာတေ၊ ဗန်ဒိုက်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မက္ကယ်လစ္စတာနဲ့ ဆိုဘော့ဆ်လိုင်းတို့ပဲ ကစားခဲ့ကြသလို တိုက်စစ်မှာတော့ ဆာလား၊ ဂျိုတာ၊ ဂက်ခ်ပိုနဲ့ ဒီယက်ဇ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဘုန်းမောက်တို့ကတော့ ဂိုးသမား နီတို၊ ခံစစ်မှာ ဆီနက်ဆီ၊ ဇာဘာညီ၊ မက်စ် အာရွန်စ်နဲ့ ကာကက်ဇ်တို့ကို ခင်းကျင်းလာခဲ့ကြပြီး ကွင်းလယ်မှာတော့ ရော့သ်ဝဲလ်၊ ဘီလင်း၊ ခရစ္စတီး၊ ဆီမင်ညိုနဲ့ အန်ထော်နီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆိုလန်ကီတစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ပွဲအစမှာ လီဗာပူးလ်ခံစစ်က ဘာမှ အဆင်သင့်မဖြစ်သေးတဲ့ ပုံစံနဲ့ နားလည်မှုကလည်း လွဲနေခဲ့သေးသလို အာနိုးလ်ဒ်ရဲ့ လဒူဆန်ဆန် အထိန်းအသိမ်းက လွတ်ထွက်လာတဲ့ ဘောလုံးကို ဝိုင်းတားဖို့ ကြိုးစားတဲ့ ကိုနာနေတဲ့ အယ်လစ်ဆန်တို့ ဝင်တိုက်ခဲ့တာက ငိုအားထက် ရယ်အားသန်ခဲ့ရပြီး နောက်က ဘုန်းမောက်တောင်ပံသမား အန်ထော်နီက ပွဲချိန် ၁ မိနစ်မှာ ဂိုးသွင်းခဲ့ပေမယ့် လူကျွံနေခဲ့လို့ သက်သာသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃ မိနစ်မှာတော့ ပေးချင်ကမ်းချင်နေတဲ့ လီဗာပူးလ်တို့ကို ဘုန်းမောက်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အာနိုးလ်ဒ်ရဲ့ နောက်တစ်ကြိမ် လဒူကျပြန်တဲ့ အထိန်းအသိမ်းကနေ အန်ထွက်လာတဲ့ ဘောလုံးကို ဆိုလန်ကီက ဆွဲပြီး ကန်သွင်းဖို့အလုပ်မှာ ရောဘတ်ဆန်နဲ့ ငြိပြီး ကျန်ခဲ့တဲ့ ဘောလုံးကို ညာတောင်ပံက ဆီမင်ညိုက ဗန်ဒိုက်ရဲ့ ခြေကြားက ကန်သွင်းပြီး အယ်လစ်ဆန်ကို ငုတ်တုတ်မေ့စေခဲ့တာပါ။

ကွင်းလယ်မှာ ဝင်ကစားနေတဲ့ Inverted Full Back အာနိုးလ်ဒ်အနေနဲ့ တည်ငြိမ်မှု လုံးဝမရှိသလို Pressing ဒဏ်ကိုပါ မခံနိုင်ဘဲဖြစ်နေခဲ့ပြီး အရင်က သူ့ရဲ့ ညာခြမ်းကိုပဲ ကြောက်ခဲ့ရချိန်မှာ အခုတော့ ကွင်းလယ်အထိုင်ပါ ထပ်တိုးလာခဲ့သလို တစ်ဖက်က ဘုန်းမောက်တို့အနေနဲ့ ကစားကွက်ပိုင်းမှာ အားနည်းခဲ့လို့သာ လီဗာပူးလ်တို့ အခွင့်အရေးတွေ ပြန်လည်ရှာဖွေနိုင်ခဲ့ချိန်မှာ ဧည့်သည်နည်းပြ အန်ဒိုနီ အီရာယိုလာကတော့ ပရီးမီးယားလိဂ်မှာ ဝင်တိုးဖို့ တစ်ဆင့်နိမ့်နေသေးသလိုပဲ ခံစားမိခဲ့ပါတယ်။

လီဗာပူးလ်တို့ ဆက်တိုက်ထိုးဖောက်နေခဲ့ပြီး ပွဲချိန် ၂၇ မိနစ်မှာတော့ ပြန်လာနိုင်မယ့် ချေပဂိုး စတင်ရရှိသွားခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်း တိုက်စစ်တွဲလုံးကနေ ဂျိုတာက ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးဖို့ ကြိုးစားရာမှာ ဘုန်းမောက်ခံစစ်နဲ့ထိပြီး ရောက်လာခဲ့တဲ့ ဘောလုံးကို လူးဝစ် ဒီယက်ဇ်က ခြေဦးနဲ့ တစ်ချက်မြှောက်တင်ပြီး Volley ကန်သွင်းယူခဲ့လို့ နီတို ဘာမှ မတတ်နိုင်ဘဲ ဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၃၆ မိနစ်မှာတော့ လီဗာပူးလ်တို့ နောက်ထပ်တစ်ဂိုးနဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘုန်းမောက်ဘက်က တုံးအလွန်းတဲ့ ရော့သ်ဝဲလ်က ဆိုဘော့ဆ်လိုင်းကို အားကြီးနဲ့ ခြေချိတ်ခဲ့လို့ ရခဲ့တဲ့ ပင်နယ်တီကို ဆာလားက ကန်သွင်းရာမှာ ဂိုးသမား နီတိုက မှန်မှန်ကန်ကန်နဲ့ ခန့်မှန်းကာကွယ်နိုင်ခဲ့ပေမယ့် ရှေ့ကိုပဲ ပြန်ကျလာခဲ့တဲ့ ဘောလုံးကို အီဂျစ်သားက ထပ်မံပိတ်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ဘုန်းမောက်အသင်းခေါင်းဆောင် ဂိုးသမား နီတိုကတော့ ဒီပင်နယ်တီအတွက် စောဒကတက်ရာမှာ ဆွမ်းခံရင်း ငှက်သင့်ပြီး ဒိုင်လူကြီးရဲ့ အဝါကတ်လက်ဆောင်ကို ရရှိခဲ့သလို ပင်နယ်တီကို ကာကွယ်နိုင်ခဲ့ပေမယ့် နောက်က အသင်းဖော်တွေ ပြေးဝင်ဖျက်ထုတ်ခဲ့ခြင်း မရှိတာကိုလည်း ပေါက်ကွဲခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပြီး ပထမပိုင်းမှာတော့ လီဗာပူးလ်တို့က နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်ခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း လီဗာပူးလ်တို့ ဖိကစားခဲ့ပေမယ့် ဂက်ခ်ပိုနဲ့ ဂျိုတာတို့ရဲ့ ဗဟိုတိုက်စစ်က အလွဲတွေပဲများခဲ့တာကြောင့် ဆာလားနဲ့ ဒီယက်ဇ်တို့ တောင်ပံတွေကပဲ ရုန်းခဲ့ကြရပြီး ပွဲချိန် ၅၈ မိနစ်မှာတော့ ၅၀-၅၀ အနေအထားမှာ ဘုန်းမောက်ကစားသမား ခရစ္စတီးကို ခြေထောက်ချင်း ဆိုင်ကန်မိတဲ့ မက္ကယ်လစ္စတာကို ခပ်ညံ့ညံ့ ဒိုင်လူကြီး ဘရမ်းမောလ်က တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့သလို VAR ကလည်း ဘာမှ ပြင်ဆင်အကြံပေးဖို့ မလုပ်ခဲ့တာက အိမ်ရှင်တွေ ပေါက်ကွဲစရာဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာတော့ ဒိုင်လူကြီးရဲ့ စုတ်ပြတ်မှုကို လီဗာပူးလ်တို့ နောက်ထပ်သွင်းဂိုးတစ်ဂိုးနဲ့ လှောင်ရယ်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဧရိယာအပြင်က ဆိုဘော့ဆ်လိုင်းရဲ့ ကန်ချက်က ဘုန်းမောက်ရဲ့ ဘီလင်းနဲ့ထိပြီး လမ်းကြောင်းပြောင်းလာတာကို စိတ်ပျက်စရာကာကွယ်ပုံနဲ့ ကြက်ဥတိုက်ခဲ့တဲ့ နီတိုကြောင့် အန်ထွက်လာတဲ့‌ ဘောလုံးကို နောက်က ပြေးဝင်လာတဲ့ ဂျိုတာက ပိတ်သွင်းယူသွားနိုင်ခဲ့တာပါ။

ဒီနောက်မှာ သုံးစားမရတဲ့ ဂက်ခ်ပိုအစား ကစားသမားသစ် အန်ဒိုကို ထည့်ပြီး ခံစစ်ကို ခိုင်မာအောင် ယာဂန် ကလော့ပ်က လုပ်ဆောင်ခဲ့သလို ဘုန်းမောက်တို့ကတော့ တစ်ယောက်အသာနဲ့ ဘောလုံးကိုင်ထားခဲ့ပေမယ့် တိုက်စစ်ပုံဖော်မှုတွေ ညံ့ဖျင်းခဲ့လို့ ပရီးမီးယားလိဂ်အဆင့်အတန်းဆိုတာ ဒါမျိုးလားလို့ မေးခွန်းထုတ်စရာပဲဖြစ်ခဲ့ပြီး ပွဲချိန်အပြည့်မှာ လီဗာပူးလ်တို့က သုံးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ ကိုနာေတ၊ ဗန္ဒိုက္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ေရာဘတ္ဆန္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ မကၠယ္လစၥတာနဲ႔ ဆိုေဘာ့ဆ္လိုင္းတို႔ပဲ ကစားခဲ့ၾကသလို တိုက္စစ္မွာေတာ့ ဆာလား၊ ဂ်ိဳတာ၊ ဂက္ခ္ပိုနဲ႔ ဒီယက္ဇ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဘုန္းေမာက္တို႔ကေတာ့ ဂိုးသမား နီတို၊ ခံစစ္မွာ ဆီနက္ဆီ၊ ဇာဘာညီ၊ မက္စ္ အာ႐ြန္စ္နဲ႔ ကာကက္ဇ္တို႔ကို ခင္းက်င္းလာခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ေရာ့သ္ဝဲလ္၊ ဘီလင္း၊ ခရစၥတီး၊ ဆီမင္ညိဳနဲ႔ အန္ေထာ္နီတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆိုလန္ကီတစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

ပြဲအစမွာ လီဗာပူးလ္ခံစစ္က ဘာမွ အဆင္သင့္မျဖစ္ေသးတဲ့ ပုံစံနဲ႔ နားလည္မႈကလည္း လြဲေနခဲ့ေသးသလို အာႏိုးလ္ဒ္ရဲ႕ လဒူဆန္ဆန္ အထိန္းအသိမ္းက လြတ္ထြက္လာတဲ့ ေဘာလုံးကို ဝိုင္းတားဖို႔ ႀကိဳးစားတဲ့ ကိုနာေနတဲ့ အယ္လစ္ဆန္တို႔ ဝင္တိုက္ခဲ့တာက ငိုအားထက္ ရယ္အားသန္ခဲ့ရၿပီး ေနာက္က ဘုန္းေမာက္ေတာင္ပံသမား အန္ေထာ္နီက ပြဲခ်ိန္ ၁ မိနစ္မွာ ဂိုးသြင္းခဲ့ေပမယ့္ လူကြၽံေနခဲ့လို႔ သက္သာသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃ မိနစ္မွာေတာ့ ေပးခ်င္ကမ္းခ်င္ေနတဲ့ လီဗာပူးလ္တို႔ကို ဘုန္းေမာက္တို႔ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ အာႏိုးလ္ဒ္ရဲ႕ ေနာက္တစ္ႀကိမ္ လဒူက်ျပန္တဲ့ အထိန္းအသိမ္းကေန အန္ထြက္လာတဲ့ ေဘာလုံးကို ဆိုလန္ကီက ဆြဲၿပီး ကန္သြင္းဖို႔အလုပ္မွာ ေရာဘတ္ဆန္နဲ႔ ၿငိၿပီး က်န္ခဲ့တဲ့ ေဘာလုံးကို ညာေတာင္ပံက ဆီမင္ညိဳက ဗန္ဒိုက္ရဲ႕ ေျခၾကားက ကန္သြင္းၿပီး အယ္လစ္ဆန္ကို ငုတ္တုတ္ေမ့ေစခဲ့တာပါ။

ကြင္းလယ္မွာ ဝင္ကစားေနတဲ့ Inverted Full Back အာႏိုးလ္ဒ္အေနနဲ႔ တည္ၿငိမ္မႈ လုံးဝမရွိသလို Pressing ဒဏ္ကိုပါ မခံႏိုင္ဘဲျဖစ္ေနခဲ့ၿပီး အရင္က သူ႔ရဲ႕ ညာျခမ္းကိုပဲ ေၾကာက္ခဲ့ရခ်ိန္မွာ အခုေတာ့ ကြင္းလယ္အထိုင္ပါ ထပ္တိုးလာခဲ့သလို တစ္ဖက္က ဘုန္းေမာက္တို႔အေနနဲ႔ ကစားကြက္ပိုင္းမွာ အားနည္းခဲ့လို႔သာ လီဗာပူးလ္တို႔ အခြင့္အေရးေတြ ျပန္လည္ရွာေဖြႏိုင္ခဲ့ခ်ိန္မွာ ဧည့္သည္နည္းျပ အန္ဒိုနီ အီရာယိုလာကေတာ့ ပရီးမီးယားလိဂ္မွာ ဝင္တိုးဖို႔ တစ္ဆင့္နိမ့္ေနေသးသလိုပဲ ခံစားမိခဲ့ပါတယ္။

လီဗာပူးလ္တို႔ ဆက္တိုက္ထိုးေဖာက္ေနခဲ့ၿပီး ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ျပန္လာႏိုင္မယ့္ ေခ်ပဂိုး စတင္ရရွိသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ညာျခမ္း တိုက္စစ္တြဲလုံးကေန ဂ်ိဳတာက ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးဖို႔ ႀကိဳးစားရာမွာ ဘုန္းေမာက္ခံစစ္နဲ႔ထိၿပီး ေရာက္လာခဲ့တဲ့ ေဘာလုံးကို လူးဝစ္ ဒီယက္ဇ္က ေျခဦးနဲ႔ တစ္ခ်က္ေျမႇာက္တင္ၿပီး Volley ကန္သြင္းယူခဲ့လို႔ နီတို ဘာမွ မတတ္ႏိုင္ဘဲ ျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ေနာက္ထပ္တစ္ဂိုးနဲ႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘုန္းေမာက္ဘက္က တုံးအလြန္းတဲ့ ေရာ့သ္ဝဲလ္က ဆိုေဘာ့ဆ္လိုင္းကို အားႀကီးနဲ႔ ေျခခ်ိတ္ခဲ့လို႔ ရခဲ့တဲ့ ပင္နယ္တီကို ဆာလားက ကန္သြင္းရာမွာ ဂိုးသမား နီတိုက မွန္မွန္ကန္ကန္နဲ႔ ခန႔္မွန္းကာကြယ္ႏိုင္ခဲ့ေပမယ့္ ေရွ႕ကိုပဲ ျပန္က်လာခဲ့တဲ့ ေဘာလုံးကို အီဂ်စ္သားက ထပ္မံပိတ္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ဘုန္းေမာက္အသင္းေခါင္းေဆာင္ ဂိုးသမား နီတိုကေတာ့ ဒီပင္နယ္တီအတြက္ ေစာဒကတက္ရာမွာ ဆြမ္းခံရင္း ငွက္သင့္ၿပီး ဒိုင္လူႀကီးရဲ႕ အဝါကတ္လက္ေဆာင္ကို ရရွိခဲ့သလို ပင္နယ္တီကို ကာကြယ္ႏိုင္ခဲ့ေပမယ့္ ေနာက္က အသင္းေဖာ္ေတြ ေျပးဝင္ဖ်က္ထုတ္ခဲ့ျခင္း မရွိတာကိုလည္း ေပါက္ကြဲခဲ့တာကိုလည္း ေတြ႕ျမင္ခဲ့ရၿပီး ပထမပိုင္းမွာေတာ့ လီဗာပူးလ္တို႔က ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း လီဗာပူးလ္တို႔ ဖိကစားခဲ့ေပမယ့္ ဂက္ခ္ပိုနဲ႔ ဂ်ိဳတာတို႔ရဲ႕ ဗဟိုတိုက္စစ္က အလြဲေတြပဲမ်ားခဲ့တာေၾကာင့္ ဆာလားနဲ႔ ဒီယက္ဇ္တို႔ ေတာင္ပံေတြကပဲ ႐ုန္းခဲ့ၾကရၿပီး ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ ၅၀-၅၀ အေနအထားမွာ ဘုန္းေမာက္ကစားသမား ခရစၥတီးကို ေျခေထာက္ခ်င္း ဆိုင္ကန္မိတဲ့ မကၠယ္လစၥတာကို ခပ္ညံ့ညံ့ ဒိုင္လူႀကီး ဘရမ္းေမာလ္က တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခဲ့သလို VAR ကလည္း ဘာမွ ျပင္ဆင္အႀကံေပးဖို႔ မလုပ္ခဲ့တာက အိမ္ရွင္ေတြ ေပါက္ကြဲစရာျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ ဒိုင္လူႀကီးရဲ႕ စုတ္ျပတ္မႈကို လီဗာပူးလ္တို႔ ေနာက္ထပ္သြင္းဂိုးတစ္ဂိုးနဲ႔ ေလွာင္ရယ္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဧရိယာအျပင္က ဆိုေဘာ့ဆ္လိုင္းရဲ႕ ကန္ခ်က္က ဘုန္းေမာက္ရဲ႕ ဘီလင္းနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းလာတာကို စိတ္ပ်က္စရာကာကြယ္ပုံနဲ႔ ၾကက္ဥတိုက္ခဲ့တဲ့ နီတိုေၾကာင့္ အန္ထြက္လာတဲ့‌ ေဘာလုံးကို ေနာက္က ေျပးဝင္လာတဲ့ ဂ်ိဳတာက ပိတ္သြင္းယူသြားႏိုင္ခဲ့တာပါ။

ဒီေနာက္မွာ သုံးစားမရတဲ့ ဂက္ခ္ပိုအစား ကစားသမားသစ္ အန္ဒိုကို ထည့္ၿပီး ခံစစ္ကို ခိုင္မာေအာင္ ယာဂန္ ကေလာ့ပ္က လုပ္ေဆာင္ခဲ့သလို ဘုန္းေမာက္တို႔ကေတာ့ တစ္ေယာက္အသာနဲ႔ ေဘာလုံးကိုင္ထားခဲ့ေပမယ့္ တိုက္စစ္ပုံေဖာ္မႈေတြ ညံ့ဖ်င္းခဲ့လို႔ ပရီးမီးယားလိဂ္အဆင့္အတန္းဆိုတာ ဒါမ်ိဳးလားလို႔ ေမးခြန္းထုတ္စရာပဲျဖစ္ခဲ့ၿပီး ပြဲခ်ိန္အျပည့္မွာ လီဗာပူးလ္တို႔က သုံးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.