La Liga Match Report Premier League UCL&UEL

ဝမ်းဝမ်းမပြောင်းဘဲ ဇာတ်ညွှန်းပြောင်းပြီး ပင်နယ်တီမှာ ဆူပါဖလားရတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ အာကန်ဂျီ၊ အာကေ၊ ဝေါ်လ်ကာနဲ့ ဂွါဒီယောလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ကိုဗာချစ်ချ်နဲ့ ဖိုဒန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂရီးလစ်ရှ်၊ ပါးလ်မားနဲ့ ဟားလန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာတို့ကတော့ ဂိုးသမား ဘိုနို၊ ခံစစ်မှာ ဂူဒယ်လ်၊ ဘာဒေ၊ ဟေဆူး နာဗက်စ်နဲ့ အကူးညားတို့ကို ခင်းကျင်းလာခဲ့ကြပြီး ကွင်းလယ်မှာတော့ ဟော်ရ်ဒန်၊ ရာကီတစ်ချ်၊ အိုလီဗာ တောရက်စ်၊ လာမယ်လာနဲ့ အိုကမ်ပို့စ်တို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ အန်နက်ဆီရီတစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

မန်စီးတီးတို့အနေနဲ့ ကွင်းလယ်အထိုင်ပျက်တဲ့ ဒဏ်ကို ခံနေရဆဲဖြစ်ပြီး ဒီဘရိုင်းနားရဲ့ ဖန်တီးမှုတွေ မရှိတော့ချိန်မှာ ရိုဒရီက ဘောလုံးဖြန့်ရုံပဲ ဖြန့်ပေးနိုင်သလို ကိုဗာချစ်ချ်ကလည်း ဂွန်ဒိုးဝမ်ကို ဘယ်လိုမှ မမီတဲ့အတွက် ဘာနာဒို ဆေးလ်ဗား မပါတဲ့ ပွဲစဉ်မှာ သူတို့တွေ ရုန်းကန်ခဲ့ရပြီး ဘောလုံးကိုင်ထားနိုင်တာကလွဲလို့ ကစားပုံက ထိရောက်မှု အားနည်းခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာ‌တော့ ဆီဗီလာတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဘယ်ခြမ်းက အကူးညားက ဂိုးရှေ့ကို ခပ်မြင့်မြင့် ဖြတ်တင်ပေးရာမှာ အန်နက်ဆီရီက Jumping မကောင်းတဲ့ ဂွါဒီယောလ်နဲ့ အာကေတို့ကြားကနေ အပိုင်ခေါင်တိုက်ပြီး အီဒါဆန်ကို အနိုင်ယူသွားခဲ့တာပါ။

ပထမပိုင်းမှာတော့ ဆီဗီလာတို့က ပိုမိုထိရောက်တဲ့ ကစားပုံနဲ့အတူ မန်စီးတီးတို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ မန်စီးတီးတို့ ပိုဖိကစားလာခဲ့ကြတာကြောင့် ဆီဗီလာတို့ ဧရိယာထဲအထိ ဆင်းပြီး ခုခံနေခဲ့ရပေမယ့် ဖန်တီးမှုတွေမှာ Clear Cut Chance မျိုး နည်းခဲ့တာကြောင့် ဂွါဒီယိုလာတစ်ယောက် စိတ်ပျက်ခဲ့ရပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာတော့ မန်စီးတီးတို့ ချေပဂိုး ပြန်လည်ရယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ရိုဒရီက ညာခြမ်း Half Space ထဲ လှမ်းမ,ပေးတာကို အာဆင်နယ်နဲ့ ကွန်မြူနတီဒိုင်းမှာ ဂိုးသွင်းခဲ့တဲ့ ပါးလ်မားကပဲ အနီးကပ် ပြေးဝင်ပြီး ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့လို့ ဂိုးသမား ဘိုနို ဘာမှ မတတ်နိုင်ဘဲ ခွင့်ပြုခဲ့ရတာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ဆီဗီလာခံစစ်နဲ့ ဂိုးသမားတို့ကို မန်စီးတီးတို့ မကျော်ခဲ့တာကြောင့် မိနစ် ၉၀ အပြည့်မှာ ပင်နယ်တီ ကန်သွင်းဖို့ ဖြစ်လာခဲ့ပြီး ယူရိုပါလိဂ်ကိုလည်း အရယူပေးခဲ့တဲ့ မော်ရိုကိုလက်ရွေးစင် ဘိုနိုရဲ့ ပင်နယ်တီလက်စွမ်းတွေကြောင့် လူတွေက စပိန်သားတွေဘက်က အထင်ကြီးခဲ့ကြပေမယ့် မှန်းချက်နဲ့ နှမ်းထွက်လွဲသွားခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာတော့ ဂိုးသမား အီဒါဆန်ရော ဘိုနိုပါ ချူချာခဲ့ပြီး နှစ်ဖက်ကစားသမားတွေက သူတို့ကို လှည့်စားသွားနိုင်ခဲ့ကြသလို မန်စီးတီးတို့ဘက်က ဟားလန်း၊ အယ်လ်ဗာရက်ဇ်၊ ကိုဗာချစ်ချ်၊ ဂရီးလစ်ရှ်တို့နဲ့ ဆီဗီလာဘက်က အိုကမ်ပို့စ်၊ မီယာ၊ ရာကီတစ်ချ်၊ မွန်တီယယ်လ်တို့က အလွယ်တကူ ကန်သွင်းနိုင်ခဲ့ကြလို့ ငါးလုံးမြောက်က အရေးပါလာခဲ့တာပါ။

ငါးလုံးမြောက်ကတော့ တကယ့် အမြင့်ဆုံး ဇာတ်ရှိန်နဲ့ အလှည့်အပြောင်းလည်း ဖြစ်ခဲ့ပြီး မန်စီးတီးတို့ရဲ့ ကပ္ပတိန်လက်ပတ်နဲ့ ဝေါ်လ်ကာရဲ့ ကန်သွင်းမှုကို ဘိုနို ပုတ်ထုတ်ဖို့ ကြိုးစားရာမှာ လက်နဲ့ရှပ်ထိပြီး ဂိုးထဲ ဝင်သွားခဲ့ချိန်မှာ ဆီဗီလာရဲ့ ဂူဒယ်လ်ကတော့ အီဒါဆန်ကို လှည့်စားနိုင်ခဲ့ပေမယ့် ဘားထိအောင် ကန်သွားခဲ့တာဖြစ်ပါတယ်။

ပင်နယ်တီ ငါးလုံးစီ ကန်အပြီးမှာတော့ မန်စီးတီးတို့က ငါးဂိုး-လေးဂိုးနဲ့ ဆီဗီလာတို့အပေါ် အောင်ပွဲခံနိုင်ခဲ့ကြပြီး ယူအီးအက်ဖ်အေ ဆူပါဖလားကို သိမ်းပိုက်သွားနိုင်ခဲ့ကြသလို ကွန်မြူနတီဒိုင်းကလိုပဲ တစ်ဂိုးစီသရေနဲ့ ပင်နယ်တီ ကန်သွင်းခဲ့ရပေမယ့် ကံဇာတ်ဆရာရဲ့ ဇာတ်ညွှန်းကတော့ မတူခဲ့တာမို့လို့ သူတို့ပရိသတ်တွေ သက်မ,ချ ပျော်ရွှင်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ အာကန္ဂ်ီ၊ အာေက၊ ေဝၚလ္ကာနဲ႔ ဂြါဒီေယာလ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ကိုဗာခ်စ္ခ်္နဲ႔ ဖိုဒန္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဂရီးလစ္ရွ္၊ ပါးလ္မားနဲ႔ ဟားလန္းတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ယူ႐ိုပါလိဂ္ခ်န္ပီယံ ဆီဗီလာတို႔ကေတာ့ ဂိုးသမား ဘိုႏို၊ ခံစစ္မွာ ဂူဒယ္လ္၊ ဘာေဒ၊ ေဟဆူး နာဗက္စ္နဲ႔ အကူးညားတို႔ကို ခင္းက်င္းလာခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ေဟာ္ရ္ဒန္၊ ရာကီတစ္ခ်္၊ အိုလီဗာ ေတာရက္စ္၊ လာမယ္လာနဲ႔ အိုကမ္ပို႔စ္တို႔ကို စုဖြဲ႕ေပးခဲ့သလို တိုက္စစ္မွာေတာ့ အန္နက္ဆီရီတစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

မန္စီးတီးတို႔အေနနဲ႔ ကြင္းလယ္အထိုင္ပ်က္တဲ့ ဒဏ္ကို ခံေနရဆဲျဖစ္ၿပီး ဒီဘ႐ိုင္းနားရဲ႕ ဖန္တီးမႈေတြ မရွိေတာ့ခ်ိန္မွာ ႐ိုဒရီက ေဘာလုံးျဖန႔္႐ုံပဲ ျဖန႔္ေပးႏိုင္သလို ကိုဗာခ်စ္ခ်္ကလည္း ဂြန္ဒိုးဝမ္ကို ဘယ္လိုမွ မမီတဲ့အတြက္ ဘာနာဒို ေဆးလ္ဗား မပါတဲ့ ပြဲစဥ္မွာ သူတို႔ေတြ ႐ုန္းကန္ခဲ့ရၿပီး ေဘာလုံးကိုင္ထားႏိုင္တာကလြဲလို႔ ကစားပုံက ထိေရာက္မႈ အားနည္းခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၅ မိနစ္မွာ‌ေတာ့ ဆီဗီလာတို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဘယ္ျခမ္းက အကူးညားက ဂိုးေရွ႕ကို ခပ္ျမင့္ျမင့္ ျဖတ္တင္ေပးရာမွာ အန္နက္ဆီရီက Jumping မေကာင္းတဲ့ ဂြါဒီေယာလ္နဲ႔ အာေကတို႔ၾကားကေန အပိုင္ေခါင္တိုက္ၿပီး အီဒါဆန္ကို အႏိုင္ယူသြားခဲ့တာပါ။

ပထမပိုင္းမွာေတာ့ ဆီဗီလာတို႔က ပိုမိုထိေရာက္တဲ့ ကစားပုံနဲ႔အတူ မန္စီးတီးတို႔ကို တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ မန္စီးတီးတို႔ ပိုဖိကစားလာခဲ့ၾကတာေၾကာင့္ ဆီဗီလာတို႔ ဧရိယာထဲအထိ ဆင္းၿပီး ခုခံေနခဲ့ရေပမယ့္ ဖန္တီးမႈေတြမွာ Clear Cut Chance မ်ိဳး နည္းခဲ့တာေၾကာင့္ ဂြါဒီယိုလာတစ္ေယာက္ စိတ္ပ်က္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ မန္စီးတီးတို႔ ေခ်ပဂိုး ျပန္လည္ရယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းတိုက္စစ္ကေန ႐ိုဒရီက ညာျခမ္း Half Space ထဲ လွမ္းမ,ေပးတာကို အာဆင္နယ္နဲ႔ ကြန္ျမဴနတီဒိုင္းမွာ ဂိုးသြင္းခဲ့တဲ့ ပါးလ္မားကပဲ အနီးကပ္ ေျပးဝင္ၿပီး ေခါင္းတိုက္သြင္းယူသြားႏိုင္ခဲ့လို႔ ဂိုးသမား ဘိုႏို ဘာမွ မတတ္ႏိုင္ဘဲ ခြင့္ျပဳခဲ့ရတာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဆီဗီလာခံစစ္နဲ႔ ဂိုးသမားတို႔ကို မန္စီးတီးတို႔ မေက်ာ္ခဲ့တာေၾကာင့္ မိနစ္ ၉၀ အျပည့္မွာ ပင္နယ္တီ ကန္သြင္းဖို႔ ျဖစ္လာခဲ့ၿပီး ယူ႐ိုပါလိဂ္ကိုလည္း အရယူေပးခဲ့တဲ့ ေမာ္႐ိုကိုလက္ေ႐ြးစင္ ဘိုႏိုရဲ႕ ပင္နယ္တီလက္စြမ္းေတြေၾကာင့္ လူေတြက စပိန္သားေတြဘက္က အထင္ႀကီးခဲ့ၾကေပမယ့္ မွန္းခ်က္နဲ႔ ႏွမ္းထြက္လြဲသြားခဲ့ပါတယ္။

ပင္နယ္တီအဆုံးအျဖတ္မွာေတာ့ ဂိုးသမား အီဒါဆန္ေရာ ဘိုႏိုပါ ခ်ဴခ်ာခဲ့ၿပီး ႏွစ္ဖက္ကစားသမားေတြက သူတို႔ကို လွည့္စားသြားႏိုင္ခဲ့ၾကသလို မန္စီးတီးတို႔ဘက္က ဟားလန္း၊ အယ္လ္ဗာရက္ဇ္၊ ကိုဗာခ်စ္ခ်္၊ ဂရီးလစ္ရွ္တို႔နဲ႔ ဆီဗီလာဘက္က အိုကမ္ပို႔စ္၊ မီယာ၊ ရာကီတစ္ခ်္၊ မြန္တီယယ္လ္တို႔က အလြယ္တကူ ကန္သြင္းႏိုင္ခဲ့ၾကလို႔ ငါးလုံးေျမာက္က အေရးပါလာခဲ့တာပါ။

ငါးလုံးေျမာက္ကေတာ့ တကယ့္ အျမင့္ဆုံး ဇာတ္ရွိန္နဲ႔ အလွည့္အေျပာင္းလည္း ျဖစ္ခဲ့ၿပီး မန္စီးတီးတို႔ရဲ႕ ကပၸတိန္လက္ပတ္နဲ႔ ေဝၚလ္ကာရဲ႕ ကန္သြင္းမႈကို ဘိုႏို ပုတ္ထုတ္ဖို႔ ႀကိဳးစားရာမွာ လက္နဲ႔ရွပ္ထိၿပီး ဂိုးထဲ ဝင္သြားခဲ့ခ်ိန္မွာ ဆီဗီလာရဲ႕ ဂူဒယ္လ္ကေတာ့ အီဒါဆန္ကို လွည့္စားႏိုင္ခဲ့ေပမယ့္ ဘားထိေအာင္ ကန္သြားခဲ့တာျဖစ္ပါတယ္။

ပင္နယ္တီ ငါးလုံးစီ ကန္အၿပီးမွာေတာ့ မန္စီးတီးတို႔က ငါးဂိုး-ေလးဂိုးနဲ႔ ဆီဗီလာတို႔အေပၚ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ယူအီးအက္ဖ္ေအ ဆူပါဖလားကို သိမ္းပိုက္သြားႏိုင္ခဲ့ၾကသလို ကြန္ျမဴနတီဒိုင္းကလိုပဲ တစ္ဂိုးစီသေရနဲ႔ ပင္နယ္တီ ကန္သြင္းခဲ့ရေပမယ့္ ကံဇာတ္ဆရာရဲ႕ ဇာတ္ၫႊန္းကေတာ့ မတူခဲ့တာမို႔လို႔ သူတို႔ပရိသတ္ေတြ သက္မ,ခ် ေပ်ာ္႐ႊင္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.