International Match Report World Cup

ချန်ပီယံနဲ့တူလာခဲ့ပြီး ဂျိမ်းစ်အတွက် အော်ဆီကို အနိုင်ယူ ဖိုင်နယ်တက်တဲ့ အင်္ဂလန်

ယူရိုချန်ပီယံ အင်္ဂလန်အမျိုးသမီးအသင်းအနေနဲ့ ဩစတေးလျ-နယူးဇီလန် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အထနှေးပြီး ခြေစွမ်းမကောင်းခဲ့လို့ ဝေဖန်မှုတွေ ပေါ်ထွက်လာခဲ့ပေမယ့် တဖြည်းဖြည်းနဲ့တော့ ချန်ပီယံရုပ်ပြောင်းလာခဲ့ပြီဖြစ်ပြီး ဒီနေ့မှာတော့ အိမ်ရှင် အော်ဆီအမျိုးသမီးတွေကို ပြတ်ပြတ်သားသားအနိုင်ယူပြီး ဖိုင်နယ်ကို တက်လှမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။

ခြင်္သေ့မတွေအနေနဲ့ ဒီနေ့မှာ ဂိုးသမား မာရီ အာ့ပ်စ်၊ ခံစစ်မှာ မီလီ ဘရိုက်၊ ဂျက်စ် ကာတာနဲ့ အဲလက်စ် ဂရင်းဝုဒ်တို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ လူစီ ဘရွန့်ဇ်၊ ရေချယ်လ် ဒေလီ၊ ကီရာ ဝဲ့လ်ရှ်နဲ့ ဂျော်ဂျာ စတန်ဝေးတို့ကို အသုံးပြုခဲ့သလို တိုက်စစ်မှာတော့ အယ်လာ တွန်းန်၊ လော်ရင် ဟမ့်ပ်နဲ့ အလက်ဆီယာ ရူဆိုတို့ကို ပွဲထုတ်လာခဲ့တာပါ။

အိမ်ရှင် ဩစတေးလျတို့ကတော့ ဂိုးသမား မက်ကင်ဇီ အာနိုးလ်ဒ်၊ ခံစစ်မှာ ကလဲရ် ဟန့်၊ ကဲလရ် ပေါ့လ်ကင်းဟုမ်း၊ အယ်လီ ကာပင်တာနဲ့ စတက်ဖ် ကက်တ်လီတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ကက်ထရီနာ ဂေါ်ရီ၊ ကိုင်ရာ ကူနီ-ခရော့စ်၊ ဟေလီ ရာဆိုနဲ့ ကိုက်တ်လင် ဖို့ဒ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဆမ် ကားရ်နဲ့ မေရီ ဖောင်းလားတို့ကို တွဲဖက်ပေးခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာ အင်္ဂလန်တို့ အဖွင့်ဂိုးကို စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ဟမ့်ပ်နဲ့ ရူဆိုတို့ရဲ့ တွဲလုံးကနေ ရူဆိုက ဧရိယာထဲ ပြန်ချပေးခဲ့ရာမှာ အသင့်နေရာယူထားတဲ့ တွန်းန်က အဝေးတိုင်ဘက်ကို လှမ်းကန်သွင်းခဲ့ရာမှာ အပေါ်ထောင့်ကို ဝင်သွားခဲ့တာကြောင့် ဩစတေးလျဂိုးသမား ငုတ်တုတ်မေ့ခဲ့ရပြီး ပထမပိုင်းကိုတော့ ခြင်္သေ့မတွေ ဦးဆောင်ခဲ့ပါ။

အင်္ဂလန်တို့အနေနဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ ဘက်သ် မိဒ်နဲ့ လီယာ ဝီလီယမ်ဆန်တို့ မပါဝင်နိုင်ချိန်မှာ အသင်းရဲ့ ဟန်ချက်ညီဖို့ကို ၄-၄-၃-၃ ကနေ ၃-၄-၃ ပြောင်းကစားနေခဲ့ပြီး ဒီကစားကွက်နဲ့ အသားမကျသေးတာကြောင့် ပြိုင်ပွဲရဲ့ အစပိုင်းတွေမှာ ရုန်းကန်ခဲ့ရတာဖြစ်သလို လက်ရှိမှာတော့ ဆာရီနာ ဗီးဂ်မန်းအနေနဲ့ ပုံစံကောင်းကို ပြန်လည်တည်ဆောက်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၆၃ မိနစ်မှာတော့ ဩစတေးလျတို့ ချေပဂိုး ပြန်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ချဲလ်ဆီးရဲ့ နာမည်ကြီးတိုက်စစ်မှူး ဆမ် ကားရ်က ညာတောင်ပံတောက်လျှောက် ဆွဲပြေးလာခဲ့ပြီး အင်္ဂလန်နောက်ခံလူတွေ ဝင်မဖျက်နိုင်ခင်မှာ ရှေ့ကို အနည်းငယ် ရောက်နေတဲ့ မန်ယူဂိုးသမား အာ့ပ်စ်ပေါ်ကနေ အမျိုးသားအသင်းဖော် အိုနာနာကို အတီးခံနေရသလိုမျိုးပဲ ပညာပေးကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာတော့ အင်္ဂလန်တို့ ဒုတိယဂိုးနဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ မီလီ ဘရိုက် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဖျက်မလိုလိုနဲ့ ဂိုးသမား ဖမ်းဖို့ပဲ ကာပေးထားသလိုလိုနဲ့ တိုင်ပတ်နေခဲ့တဲ့ ဩစတေးလျနောက်ခံလူ ကာပင်တာရဲ့ အမှားကနေ နောက်က လိုက်လာတဲ့ တိုက်စစ်မှူး ဟမ့်ပ်က ရယူကန်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၈၆ မိနစ်မှာတော့ အင်္ဂလန်အမျိုးသမီးတွေပဲ အနိုင်သေချာစေမယ့်ဂိုးကို ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ကွင်းလယ်တောက်လျှောက် ဆွဲယူလာခဲ့တဲ့ ဟမ့်ပ်က ဧရိယာထဲကို ခင်းပေးရာမှာ တိုက်စစ်မှူး ရူဆိုက ထောင့်ကျဉ်းအနေအထားကနေ အနိမ့်ဘော ကန်သွင်းခဲ့တာကို ဂိုးသမား အာနိုးလ်ဒ် ကာကွယ်ပုံ ညံ့ဖျင်းခဲ့လို့ လွယ်လွယ်နဲ့ပဲ ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အင်္ဂလန်ခြင်္သေ့မတွေအနေနဲ့ အိမ်ရှင်သားပိုက်ကောင်မတွေကို သုံးဂိုး-တစ်ဂိုးနဲ့ ကျော်ဖြတ်သွားနိုင်ခဲ့ပြီး စပိန်အသင်းနဲ့ ကစားဖို့ ဗိုလ်လုပွဲဆီ တက်ရောက်သွားခဲ့သလို ဖိုင်နယ်ပွဲစဉ်မှာတော့ ပွဲပယ်ပြစ်ဒဏ်ထိထားတဲ့ လော်ရင် ဂျိမ်းစ်ကို အသုံးပြုနိုင်မှာဖြစ်လို့ သူတို့တွေ အင်အား ပိုမိုကောင်းမွန်လာနိုင်ပြီး ဆာရီနာ ဗီးဂ်မန်းနဲ့ သမိုင်းသစ် ရေးထိုးဖို့ တာစူနေခဲ့ပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယူ႐ိုခ်န္ပီယံ အဂၤလန္အမ်ိဳးသမီးအသင္းအေနနဲ႔ ဩစေတးလ်-နယူးဇီလန္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အထေႏွးၿပီး ေျခစြမ္းမေကာင္းခဲ့လို႔ ေဝဖန္မႈေတြ ေပၚထြက္လာခဲ့ေပမယ့္ တျဖည္းျဖည္းနဲ႔ေတာ့ ခ်န္ပီယံ႐ုပ္ေျပာင္းလာခဲ့ၿပီျဖစ္ၿပီး ဒီေန႔မွာေတာ့ အိမ္ရွင္ ေအာ္ဆီအမ်ိဳးသမီးေတြကို ျပတ္ျပတ္သားသားအႏိုင္ယူၿပီး ဖိုင္နယ္ကို တက္လွမ္းသြားခဲ့ၿပီပဲျဖစ္ပါတယ္။

ျခေသၤ့မေတြအေနနဲ႔ ဒီေန႔မွာ ဂိုးသမား မာရီ အာ့ပ္စ္၊ ခံစစ္မွာ မီလီ ဘ႐ိုက္၊ ဂ်က္စ္ ကာတာနဲ႔ အဲလက္စ္ ဂရင္းဝုဒ္တို႔ကို အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ လူစီ ဘ႐ြန႔္ဇ္၊ ေရခ်ယ္လ္ ေဒလီ၊ ကီရာ ဝဲ့လ္ရွ္နဲ႔ ေဂ်ာ္ဂ်ာ စတန္ေဝးတို႔ကို အသုံးျပဳခဲ့သလို တိုက္စစ္မွာေတာ့ အယ္လာ တြန္းန္၊ ေလာ္ရင္ ဟမ့္ပ္နဲ႔ အလက္ဆီယာ ႐ူဆိုတို႔ကို ပြဲထုတ္လာခဲ့တာပါ။

အိမ္ရွင္ ဩစေတးလ်တို႔ကေတာ့ ဂိုးသမား မက္ကင္ဇီ အာႏိုးလ္ဒ္၊ ခံစစ္မွာ ကလဲရ္ ဟန႔္၊ ကဲလရ္ ေပါ့လ္ကင္းဟုမ္း၊ အယ္လီ ကာပင္တာနဲ႔ စတက္ဖ္ ကက္တ္လီတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ကက္ထရီနာ ေဂၚရီ၊ ကိုင္ရာ ကူနီ-ခေရာ့စ္၊ ေဟလီ ရာဆိုနဲ႔ ကိုက္တ္လင္ ဖို႔ဒ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆမ္ ကားရ္နဲ႔ ေမရီ ေဖာင္းလားတို႔ကို တြဲဖက္ေပးခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၆ မိနစ္မွာ အဂၤလန္တို႔ အဖြင့္ဂိုးကို စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းတိုက္စစ္ကေန ဟမ့္ပ္နဲ႔ ႐ူဆိုတို႔ရဲ႕ တြဲလုံးကေန ႐ူဆိုက ဧရိယာထဲ ျပန္ခ်ေပးခဲ့ရာမွာ အသင့္ေနရာယူထားတဲ့ တြန္းန္က အေဝးတိုင္ဘက္ကို လွမ္းကန္သြင္းခဲ့ရာမွာ အေပၚေထာင့္ကို ဝင္သြားခဲ့တာေၾကာင့္ ဩစေတးလ်ဂိုးသမား ငုတ္တုတ္ေမ့ခဲ့ရၿပီး ပထမပိုင္းကိုေတာ့ ျခေသၤ့မေတြ ဦးေဆာင္ခဲ့ပါ။

အဂၤလန္တို႔အေနနဲ႔ အဓိက ကစားသမားေတြျဖစ္ၾကတဲ့ ဘက္သ္ မိဒ္နဲ႔ လီယာ ဝီလီယမ္ဆန္တို႔ မပါဝင္ႏိုင္ခ်ိန္မွာ အသင္းရဲ႕ ဟန္ခ်က္ညီဖို႔ကို ၄-၄-၃-၃ ကေန ၃-၄-၃ ေျပာင္းကစားေနခဲ့ၿပီး ဒီကစားကြက္နဲ႔ အသားမက်ေသးတာေၾကာင့္ ၿပိဳင္ပြဲရဲ႕ အစပိုင္းေတြမွာ ႐ုန္းကန္ခဲ့ရတာျဖစ္သလို လက္ရွိမွာေတာ့ ဆာရီနာ ဗီးဂ္မန္းအေနနဲ႔ ပုံစံေကာင္းကို ျပန္လည္တည္ေဆာက္ေပးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဒုတိယပိုင္း ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ ဩစေတးလ်တို႔ ေခ်ပဂိုး ျပန္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ခ်ဲလ္ဆီးရဲ႕ နာမည္ႀကီးတိုက္စစ္မႉး ဆမ္ ကားရ္က ညာေတာင္ပံေတာက္ေလွ်ာက္ ဆြဲေျပးလာခဲ့ၿပီး အဂၤလန္ေနာက္ခံလူေတြ ဝင္မဖ်က္ႏိုင္ခင္မွာ ေရွ႕ကို အနည္းငယ္ ေရာက္ေနတဲ့ မန္ယူဂိုးသမား အာ့ပ္စ္ေပၚကေန အမ်ိဳးသားအသင္းေဖာ္ အိုနာနာကို အတီးခံေနရသလိုမ်ိဳးပဲ ပညာေပးကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ အဂၤလန္တို႔ ဒုတိယဂိုးနဲ႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန မီလီ ဘ႐ိုက္ ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ဖ်က္မလိုလိုနဲ႔ ဂိုးသမား ဖမ္းဖို႔ပဲ ကာေပးထားသလိုလိုနဲ႔ တိုင္ပတ္ေနခဲ့တဲ့ ဩစေတးလ်ေနာက္ခံလူ ကာပင္တာရဲ႕ အမွားကေန ေနာက္က လိုက္လာတဲ့ တိုက္စစ္မႉး ဟမ့္ပ္က ရယူကန္သြင္းသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ အဂၤလန္အမ်ိဳးသမီးေတြပဲ အႏိုင္ေသခ်ာေစမယ့္ဂိုးကို ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ကြင္းလယ္ေတာက္ေလွ်ာက္ ဆြဲယူလာခဲ့တဲ့ ဟမ့္ပ္က ဧရိယာထဲကို ခင္းေပးရာမွာ တိုက္စစ္မႉး ႐ူဆိုက ေထာင့္က်ဥ္းအေနအထားကေန အနိမ့္ေဘာ ကန္သြင္းခဲ့တာကို ဂိုးသမား အာႏိုးလ္ဒ္ ကာကြယ္ပုံ ညံ့ဖ်င္းခဲ့လို႔ လြယ္လြယ္နဲ႔ပဲ ဂိုးဝင္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အဂၤလန္ျခေသၤ့မေတြအေနနဲ႔ အိမ္ရွင္သားပိုက္ေကာင္မေတြကို သုံးဂိုး-တစ္ဂိုးနဲ႔ ေက်ာ္ျဖတ္သြားႏိုင္ခဲ့ၿပီး စပိန္အသင္းနဲ႔ ကစားဖို႔ ဗိုလ္လုပြဲဆီ တက္ေရာက္သြားခဲ့သလို ဖိုင္နယ္ပြဲစဥ္မွာေတာ့ ပြဲပယ္ျပစ္ဒဏ္ထိထားတဲ့ ေလာ္ရင္ ဂ်ိမ္းစ္ကို အသုံးျပဳႏိုင္မွာျဖစ္လို႔ သူတို႔ေတြ အင္အား ပိုမိုေကာင္းမြန္လာႏိုင္ၿပီး ဆာရီနာ ဗီးဂ္မန္းနဲ႔ သမိုင္းသစ္ ေရးထိုးဖို႔ တာစူေနခဲ့ၿပီျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.