Premier League

ဖာဂူဆန်ရဲ့အပြောင်းအရွှေ့စည်းမျဉ်းအတိုင်း လိုက်နာကျင့်သုံးနေတဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်က အသင်းတတိယဝတ်စုံအတွက် ပရိုမိုးရှင်းဗီဒီယိုကို ရိုက်ကူးခဲ့တာဟာ စီးပွားရေးအရဖြစ်တယ်ဆိုတာငြင်းလို့မရပေမယ့်လည်း သရဲနီအသင်းခေါင်းဆောင်ဟောင်းက အိုးထရက်ဖို့ဒ်မှာ ကစားရတဲ့အခါမှာ မျှော်မှန်းချက်အထားခံရတဲ့ ပမာဏနဲ့ အသင်းအတွက် ကစားပေးရတာ ဘယ်လောက်အဓိပ္ပာယ်ရှိလဲဆိုတာကို စိတ်အားထက်သန်စွာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကစားသမားသစ် ၂ ဦးဟာ ဝုလ်ဗ်စ်နဲ့ပွဲမှာ ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိပြီးနောက်ပိုင်း ဆယ်စုနှစ်တစ်ခုကြာ လိဂ်ဖလားကို မကိုင်မြှောက်နိုင်သေးတဲ့ အသင်းမှာ ဘယ်လောက်အထိ ဖိအားတွေရှိနေလဲဆိုတာကို သိရှိကြပြီး ဖြစ်ကြမှာဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ကစားဖို့အတွက် ဘာတွေလိုအပ်လဲဆိုတာကို ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က ရာသီအဖွင့်ပွဲစဉ်မတိုင်ခင်မှာ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

“သူတို့တွေ မျှော်မှန်းချက်ဆိုတာ ဘာအဓိပ္ပာယ်လဲဆိုတာ သေချာနားမလည်ရင် ဒီကို ရောက်လာစရာ အကြောင်းမရှိပါဘူး။ ဒီအသင်းရဲ့ မျှော်မှန်းချက်တွေက ကြီးမားတယ်။ ကျွန်တော်နည်းပြခဲ့တဲ့အချိန်တုန်းက ခေါ်ယူခဲ့တဲ့ ကစားသမားတိုင်း အဲဒါကို လက်ခံခဲ့ကြတယ်။ ခင်ဗျားရဲ့ ကိုယ်ပိုင် မျှော်မှန်းချက်နဲ့ စွမ်းဆောင်ရည်အတွက် တာဝန်ယူမှု တာဝန်ခံမှုမရှိရင် ဒီအသင်းကို လာစရာအကြောင်းမရှိပါဘူး။ ဒါက တကယ်အရေးကြီးတဲ့အစိတ်အပိုင်းလို့ ကျွန်တော် ထင်တယ်။ ခင်ဗျား ကစားသမားသစ်ခေါ်ယူမယ်ဆိုရင် ခင်ဗျား ဝယ်မယ့် လူက ဘယ်သူဘယ်ဝါဆိုတာကို ခင်ဗျား သေချာသိသင့်တယ်။ ဒါက အရေးကြီးတယ်။ ကျွန်တော်တို့ ဝယ်ယူခဲ့တဲ့ ကစားသမားတွေကို အချိန်အကြာကြီး စောင့်ကြည့်ခဲ့ပါတယ်။ နေ့ချင်းညချင်းပဲ ထခေါ်ခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်တို့ သင့်တော်တဲ့ ရှာဖွေမှု ပြုလုပ်ခဲ့ပြီး ကျွန်တော်တို့ အသင်းအတွက် သင့်တော်တဲ့ပုံစံဖြစ်တယ်ဆိုတာ သေချာမှ ခေါ်ခဲ့တာပါ။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲရစ် တန်ဟက်ဟာ မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဆာအဲလက်စ် ဖာဂူဆန်ရဲ့ စည်းမျဉ်းအတိုင်းပဲ လုပ်ဆောင်နေခဲ့ပြီးဖြစ်ပြီး အိုးထရက်ဖို့ဒ်ကို ကာစီမီရီု၊ လီဆန်ဒရို မာတီနက်ဇ်တို့လို အသင်းအတွက် ကစားပေးရတာ ဘယ်လိုအဓိပ္ပာယ်ရှိလဲဆိုတာ နားလည်ပြီး အလွန်ကောင်းမွန်တဲ့ ပရိသတ်အချစ်တော်ဖြစ်လာမယ့်သူတွေကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အန်ဒရီ အိုနာနာရဲ့ ပွဲဦးထွက် စွမ်းဆောင်ရည်ကလည်း အလားတူ အရည်အသွေးမျိုးရှိတယ်ဆိုတာကို ညွှန်ပြနေခဲ့ပြီး ဒီလို စိတ်ဆန္ဒပြင်းပြမှုမျိုး ရှိတဲ့ ကစားသမားတွေကို ခေါ်ယူမယ့် အစီအစဉ်အကောင်အထည်ဖော်ဖို့က ကစားသမားသစ်တွေအတွက်ပဲ မဟုတ်ဘဲ တန်ဟက်က အကယ်ဒမီကစားသမားတွေကို ပထမအသင်းမရောက်ဘဲ လမ်းချော်မသွားအောင် အသင်းက ဘာတွေ မျှော်မှန်းထားလဲဆိုတာကို သိအောင်လုပ်ဖို့ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီအပြောင်းအရွှေ့ မဟာဗျူဟာဟာ တန်ဟက် မတိုင်ခင်တုန်းက မြင်တွေ့ခဲ့ရခြင်းမရှိတဲ့ မဟာဗျူဟာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ လက်ရှိနည်းပြနဲ့ အိုးထရက်ဖို့ဒ်ကို အောင်မြင်မှုတွေ အများဆုံး ယူဆောင်ပေးခဲ့တဲ့ ဂန္တဝင်နည်းပြကြီးတို့ကြားက တူညီမှုတွေကို ပိုမို မြင်တွေ့လာရဦးမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ႐ြိဳင္ ကီးန္က အသင္းတတိယဝတ္စုံအတြက္ ပ႐ိုမိုးရွင္းဗီဒီယိုကို ႐ိုက္ကူးခဲ့တာဟာ စီးပြားေရးအရျဖစ္တယ္ဆိုတာျငင္းလို႔မရေပမယ့္လည္း သရဲနီအသင္းေခါင္းေဆာင္ေဟာင္းက အိုးထရက္ဖို႔ဒ္မွာ ကစားရတဲ့အခါမွာ ေမွ်ာ္မွန္းခ်က္အထားခံရတဲ့ ပမာဏနဲ႔ အသင္းအတြက္ ကစားေပးရတာ ဘယ္ေလာက္အဓိပၸာယ္ရွိလဲဆိုတာကို စိတ္အားထက္သန္စြာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကစားသမားသစ္ ၂ ဦးဟာ ဝုလ္ဗ္စ္နဲ႔ပြဲမွာ ပြဲဦးထြက္ပါဝင္ကစားခြင့္ရရွိၿပီးေနာက္ပိုင္း ဆယ္စုႏွစ္တစ္ခုၾကာ လိဂ္ဖလားကို မကိုင္ေျမႇာက္ႏိုင္ေသးတဲ့ အသင္းမွာ ဘယ္ေလာက္အထိ ဖိအားေတြရွိေနလဲဆိုတာကို သိရွိၾကၿပီး ျဖစ္ၾကမွာျဖစ္ၿပီး အိုးထရက္ဖို႔ဒ္မွာ ကစားဖို႔အတြက္ ဘာေတြလိုအပ္လဲဆိုတာကို ဂႏၲဝင္နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္က ရာသီအဖြင့္ပြဲစဥ္မတိုင္ခင္မွာ အခိုင္အမာ ေျပာဆိုခဲ့ပါတယ္။

“သူတို႔ေတြ ေမွ်ာ္မွန္းခ်က္ဆိုတာ ဘာအဓိပၸာယ္လဲဆိုတာ ေသခ်ာနားမလည္ရင္ ဒီကို ေရာက္လာစရာ အေၾကာင္းမရွိပါဘူး။ ဒီအသင္းရဲ႕ ေမွ်ာ္မွန္းခ်က္ေတြက ႀကီးမားတယ္။ ကြၽန္ေတာ္နည္းျပခဲ့တဲ့အခ်ိန္တုန္းက ေခၚယူခဲ့တဲ့ ကစားသမားတိုင္း အဲဒါကို လက္ခံခဲ့ၾကတယ္။ ခင္ဗ်ားရဲ႕ ကိုယ္ပိုင္ ေမွ်ာ္မွန္းခ်က္နဲ႔ စြမ္းေဆာင္ရည္အတြက္ တာဝန္ယူမႈ တာဝန္ခံမႈမရွိရင္ ဒီအသင္းကို လာစရာအေၾကာင္းမရွိပါဘူး။ ဒါက တကယ္အေရးႀကီးတဲ့အစိတ္အပိုင္းလို႔ ကြၽန္ေတာ္ ထင္တယ္။ ခင္ဗ်ား ကစားသမားသစ္ေခၚယူမယ္ဆိုရင္ ခင္ဗ်ား ဝယ္မယ့္ လူက ဘယ္သူဘယ္ဝါဆိုတာကို ခင္ဗ်ား ေသခ်ာသိသင့္တယ္။ ဒါက အေရးႀကီးတယ္။ ကြၽန္ေတာ္တို႔ ဝယ္ယူခဲ့တဲ့ ကစားသမားေတြကို အခ်ိန္အၾကာႀကီး ေစာင့္ၾကည့္ခဲ့ပါတယ္။ ေန႔ခ်င္းညခ်င္းပဲ ထေခၚခဲ့တာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ သင့္ေတာ္တဲ့ ရွာေဖြမႈ ျပဳလုပ္ခဲ့ၿပီး ကြၽန္ေတာ္တို႔ အသင္းအတြက္ သင့္ေတာ္တဲ့ပုံစံျဖစ္တယ္ဆိုတာ ေသခ်ာမွ ေခၚခဲ့တာပါ။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဲရစ္ တန္ဟက္ဟာ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕ စည္းမ်ဥ္းအတိုင္းပဲ လုပ္ေဆာင္ေနခဲ့ၿပီးျဖစ္ၿပီး အိုးထရက္ဖို႔ဒ္ကို ကာစီမီ႐ီု၊ လီဆန္ဒ႐ို မာတီနက္ဇ္တို႔လို အသင္းအတြက္ ကစားေပးရတာ ဘယ္လိုအဓိပၸာယ္ရွိလဲဆိုတာ နားလည္ၿပီး အလြန္ေကာင္းမြန္တဲ့ ပရိသတ္အခ်စ္ေတာ္ျဖစ္လာမယ့္သူေတြကို ေခၚယူခဲ့တာျဖစ္ပါတယ္။

အန္ဒရီ အိုနာနာရဲ႕ ပြဲဦးထြက္ စြမ္းေဆာင္ရည္ကလည္း အလားတူ အရည္အေသြးမ်ိဳးရွိတယ္ဆိုတာကို ၫႊန္ျပေနခဲ့ၿပီး ဒီလို စိတ္ဆႏၵျပင္းျပမႈမ်ိဳး ရွိတဲ့ ကစားသမားေတြကို ေခၚယူမယ့္ အစီအစဥ္အေကာင္အထည္ေဖာ္ဖို႔က ကစားသမားသစ္ေတြအတြက္ပဲ မဟုတ္ဘဲ တန္ဟက္က အကယ္ဒမီကစားသမားေတြကို ပထမအသင္းမေရာက္ဘဲ လမ္းေခ်ာ္မသြားေအာင္ အသင္းက ဘာေတြ ေမွ်ာ္မွန္းထားလဲဆိုတာကို သိေအာင္လုပ္ဖို႔ ပြင့္ပြင့္လင္းလင္း ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒီအေျပာင္းအေ႐ႊ႕ မဟာဗ်ဴဟာဟာ တန္ဟက္ မတိုင္ခင္တုန္းက ျမင္ေတြ႕ခဲ့ရျခင္းမရွိတဲ့ မဟာဗ်ဴဟာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ လက္ရွိနည္းျပနဲ႔ အိုးထရက္ဖို႔ဒ္ကို ေအာင္ျမင္မႈေတြ အမ်ားဆုံး ယူေဆာင္ေပးခဲ့တဲ့ ဂႏၲဝင္နည္းျပႀကီးတို႔ၾကားက တူညီမႈေတြကို ပိုမို ျမင္ေတြ႕လာရဦးမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.