Premier League

ဖလားစုံတာနဲ့ မန်စီးတီးကို စွန့်ခွာဖွယ်ရှိတဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးအသင်းဟာ ဗုဒ္ဓဟူးနေ့ညက ဆီဗီလာနဲ့ ကစားခဲ့တဲ့ ယူအီးအက်ဖ်အေစူပါဖလားပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ်မှာ ၅-၄ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် နည်းပြ ဂွါဒီယိုလာလက်အောက်မှာ ကာလရှည် စောင့်ဆိုင်းခဲ့ရတဲ့ ဖလားကို ရရှိခဲ့ပြီဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ရာသီမှာ ပထမဆုံး ချန်ပီယံလိဂ်ဖလားအပါအဝင် မန်ချက်စတာစီးတီးကို ဆုဖလား ၃ လုံးတပြိုင်နက် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး လက်ရှိမှာတော့ နောက်ထပ် ဆုဖလားတစ်လုံးကို ထပ်မံရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့ နောက်ထပ် ပစ်မှတ်ကတော့ ဒီဇင်ဘာလ ဆော်ဒီ အာရေဗျမှာ ကစားရမယ့် ကလပ် ကမ္ဘာ့ဖလားဖြစ်ပြီး အဲဒီဖလားဟာ မန်ချက်စတာစီးတီးနည်းပြအတွက် လိုအပ်နေတဲ့ နောက်ဆုံးဖလားတစ်လုံးပဲ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ အစ်တီဟတ်ကို ဂွါဒီယိုလာ ရောက်လာတဲ့အချိန်ကတည်းက မေးခဲ့တဲ့ မေးခွန်းတိုင်းအတွက် လက်ရှိမှာ အဖြေရခဲ့ပြီဖြစ်ပြီး မန်ချက်စတာစီးတီးကို မစွန့်ခွာခင် စပိန်လူမျိုးနည်းပြအနေနဲ့ ဆုဖလားတွေ ဘယ်လောက်များများ ထပ်မံရယူနိုင်မလဲဆိုတာပဲ ကျန်တော့တာဖြစ်ပါတယ်။

ဂွါဒီယိုလာက အစောဆုံး ၂၀၂၅ ခုနှစ်မှာ အစ်တီဟတ်ကို စွန့်ခွာနိုင်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပြီး ၉ နှစ်တာ ကာလဟာ စပိန်လူမျိုးနည်းပြအတွက် ဆုဖလားအားလုံးကို သိမ်းပိုက်ဖို့အတွက် လုံလောက်ရုံတင်မကဘဲ နောက်ထပ် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေကိုပါ ထပ်မံ ရယူနိုင်တာဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ မန်ချက်စတာစီးတီးနဲ့ ရှိနေခဲ့တဲ့ ၇ နှစ်ကျော်ကာလအတွင်း ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၁ ကြိမ်နဲ့ စုစုပေါင်း ဖလား ၁၅ လုံးအထိ ကိုင်မြှောက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းဟာ ဗုဒၶဟူးေန႔ညက ဆီဗီလာနဲ႔ ကစားခဲ့တဲ့ ယူအီးအက္ဖ္ေအစူပါဖလားပြဲစဥ္မွာ ပင္နယ္တီ အဆုံးအျဖတ္မွာ ၅-၄ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ နည္းျပ ဂြါဒီယိုလာလက္ေအာက္မွာ ကာလရွည္ ေစာင့္ဆိုင္းခဲ့ရတဲ့ ဖလားကို ရရွိခဲ့ၿပီျဖစ္ပါတယ္။

ဂြါဒီယိုလာဟာ ၿပီးခဲ့တဲ့ရာသီမွာ ပထမဆုံး ခ်န္ပီယံလိဂ္ဖလားအပါအဝင္ မန္ခ်က္စတာစီးတီးကို ဆုဖလား ၃ လုံးတၿပိဳင္နက္ ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီး လက္ရွိမွာေတာ့ ေနာက္ထပ္ ဆုဖလားတစ္လုံးကို ထပ္မံရယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕ ေနာက္ထပ္ ပစ္မွတ္ကေတာ့ ဒီဇင္ဘာလ ေဆာ္ဒီ အာေရဗ်မွာ ကစားရမယ့္ ကလပ္ ကမာၻ႔ဖလားျဖစ္ၿပီး အဲဒီဖလားဟာ မန္ခ်က္စတာစီးတီးနည္းျပအတြက္ လိုအပ္ေနတဲ့ ေနာက္ဆုံးဖလားတစ္လုံးပဲ ျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္မွာ အစ္တီဟတ္ကို ဂြါဒီယိုလာ ေရာက္လာတဲ့အခ်ိန္ကတည္းက ေမးခဲ့တဲ့ ေမးခြန္းတိုင္းအတြက္ လက္ရွိမွာ အေျဖရခဲ့ၿပီျဖစ္ၿပီး မန္ခ်က္စတာစီးတီးကို မစြန႔္ခြာခင္ စပိန္လူမ်ိဳးနည္းျပအေနနဲ႔ ဆုဖလားေတြ ဘယ္ေလာက္မ်ားမ်ား ထပ္မံရယူႏိုင္မလဲဆိုတာပဲ က်န္ေတာ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာက အေစာဆုံး ၂၀၂၅ ခုႏွစ္မွာ အစ္တီဟတ္ကို စြန႔္ခြာႏိုင္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ၿပီး ၉ ႏွစ္တာ ကာလဟာ စပိန္လူမ်ိဳးနည္းျပအတြက္ ဆုဖလားအားလုံးကို သိမ္းပိုက္ဖို႔အတြက္ လုံေလာက္႐ုံတင္မကဘဲ ေနာက္ထပ္ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ဖလားေတြကိုပါ ထပ္မံ ရယူႏိုင္တာျဖစ္ပါတယ္။

ဂြါဒီယိုလာဟာ မန္ခ်က္စတာစီးတီးနဲ႔ ရွိေနခဲ့တဲ့ ၇ ႏွစ္ေက်ာ္ကာလအတြင္း ပရီးမီးယားလိဂ္ဖလား ၅ ႀကိမ္၊ အက္ဖ္ေအဖလား ၂ ႀကိမ္၊ လိဂ္ဖလား ၄ ႀကိမ္၊ ကြန္ျမဴနတီဒိုင္း ၂ ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၁ ႀကိမ္၊ ယူအီးအက္ဖ္ေအ စူပါဖလား ၁ ႀကိမ္နဲ႔ စုစုေပါင္း ဖလား ၁၅ လုံးအထိ ကိုင္ေျမႇာက္ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.